ပုသိမ်၊ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအ၀င် ပါတီ(၄)ပါတီအား ဒီမိုကရေစီပညာရေးပြင်ဆင်ရေးနှင့် ပတ်သက်၍ စည်းရုံး လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ဧပြီလ (၆)ရက်နေ့၊ နံနက် (၁၀)နာရီတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး၌ ခေါ်ယူသတိပေး ခဲ့ကြောင်း ခေါ်ယူသတိပေးခံခဲ့ရသည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ ဧရာဝတီတိုင်းဒေသကြီးဥက္ကဋ္ဌ ဦးဇော် ၀င်းအောင်က ဧပြီ(၇)ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။
““၂၀၁၅ ခုနှစ်၊ မတ်လ(၁၃) ရက်နေ့မှာ ဘ၀အလင်းရောင် စာကြည့်တိုက်မှာ လူမှုအဖွဲ့အစည်းတွေကလုပ်တဲ့ လူ့အခွင့်အရေးနေ့ အခမ်းအနားကို အန်ကယ်လ်တို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ ကိုဖိတ်လို့ တက်ေ ရာက် ဖြစ်ခဲ့ပါတယ်။ အဲဒါကို ဧပြီလ(၆)ရက်နေ့မှာ
တိုင်းရွေးကောက်ပွဲ ကော်မရှင်ကနေ ဒီမိုကရေစီပညာရေး ဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး စည်းရုံးလှုံ့ဆော်ခဲ့တယ် ဆိုပြီး ခေါ်ယူသတိပေးပါတယ်။ အဲဒီနေ့က ပါတီ(၄)ခု ကို ခေါ်ပြီး သတိပေးတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်)ရယ်၊ ကရင်ပြည်သူ့ ပါတီရယ်၊ အန်ကယ်လ် တို့ပါတီရယ်ပါ။ တိုင်းကော်မရှင် ဥက္ကဋ္ဌကတော့ မတ်လ(၁၃)ရက်နေ့ လုပ်တဲ့ပွဲမှာ အန်ကယ်လ်တို့ပါတီ (၄)ခုကနေ ဒီမိုကရေစီပညာရေး ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး စည်းရုံးလှုံ့ဆော်ခဲ့ တယ်လို့ တိုင်းရဲ တပ်ဖွဲ့မှူးရုံးကနေ သတင်းပို့လာတယ်လို့ပြောပါတယ်။ အဲဒီသတင်း ပေးပို့ချက်ကို ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင်ကို ထပ်မံတင်ပြတော့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကနေ ညွှန်ကြား ချက် အရ ရွေးကောက်ပွဲ ဥပဒေပုဒ်မ(၆) အရ ဆူပူအောင်လှုံ့ဆော်မယ်ဆိုရင် ပါတီမှတ်ပုံတင်ဥပဒေအရပါတီတွေ ထိခိုက်သွားနိုင်တဲ့အတွက် အခုလိုခေါ် သတိပေးရတာပါလို့ ပြောတယ်။ မတ်လ(၁၃)ရက်နေ့က လုပ်တာက လူ့အခွင့်အရေးနေ့ အခမ်းအနားပါ။ သူတို့ပြောတဲ့ ခေါင်းစဉ်နဲ့လည်း လွဲနေတယ်။ ဒီမိုကရက်တစ်(မြန်မာ) ကလည်း အဲဒီ ပွဲမလာပါဘူး။ အန်ကယ်လ်တို့လည်း ဆူပူမှုဖြစ်အောင် လှုံ့ဆော်မှု မလုပ်ခဲ့ပါဘူး လို့ ငြင်းဆိုခဲ့ပါ တယ်”” ဟု ဦးဇော်ဝင်းအောင်က ပြောသည်။…
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့် ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းစက် ပိတ်ထားသည့်အတွက် ဆက်သွယ်၍ မရခဲ့ပေ။ ထို့ပြင် ဧရာဝတီ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်အား မြန်မာသံတော်ဆင့်က တွေ့ ဆုံမေးမြန်းနိုင်ရန် ဧပြီ လ(၆)ရက်နှင့်(၇)ရက်နေ့ (၂)ရက် တိုင်တိုင်ကြိုးပမ်းခဲ့သော် လည်း တွေ့ဆုံမေးမြန်းခွင့် မရခဲ့ပေ။ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော် လည်း ဖုန်းစက်ပိတ်ထားခဲ့သည်။
အဆိုပါ တိုင်းရွေးကောက်ပွဲ ကော်မရှင်မှ ဧပြီလ(၆)ရက်တွင် ပါတီများ လာရောက်တွေ့ဆုံရန် အကြောင်းကြား သော ဧပြီလ(၂) ရက်နေ့ ရက်စွဲပါစာတွင် (၁၃.၃. ၂၀၁၅) (၁၁)နာရီအချိန် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ရှင် ပင်ဘုန်းပွင့်လမ်း၊ မြောင်းမြပရိယတ်္တိစာသင်တိုက်ရှိ ဘ၀အလင်းရောက် စာကြည့်တိုက်၌ ကျင်းပပြုလုပ်သည့် အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အခမ်းအနားပြုလုပ်ရာ၌ ကရင်ပြည်သူ့ပါတီမှ မန်းထွန်း အောင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးသီဟ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ဦးဇော်ဝင်းအောင်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဦးထင်အောင်ကျော်တို့ ပါဝင်ပတ်သက် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကို ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ တင်ပြချက်အရ ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ တင်ပြ ခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်မှ အဆိုပါ ပါတီများမှပုဂ်္ဂိုလ်များကို ခေါ်ယူသတိပေး မှတ်တမ်း တင်ရန် အကြောင်းပြန်လာသဖြင့် အဆိုပါ ပါတီများမှ ဥက္ကဋ္ဌများသည် အခမ်းအနားသို့ တက်ရောက်သည့် ပုဂ်္ဂိုလ်ကို ခေါ်ဆောင်လာရန်တို့ ပါဝင်သည်။
အဆိုပါ ခေါ်ယူသတိပေးခံရမှုနှင့် ပတ်သက်၍ ““တိုင်းရဲတပ်ဖွဲ့ မှူးရုံးရဲ့ တင်ပြချက်ကို တိုင်းရွေး ကောက် ပွဲ ကော်မရှင်ကနေ သေသေချာချာ စုံစမ်းလေ့လာမှု ပါတီတွေကို တွေ့ဆုံမေးမြန်းခြင်း မရှိဘဲ ရဲရုံးရဲ့ တင်ပြချက် အတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုတင်ပြခဲ့တဲ့အတွက် အန်ကယ်လ်တို့ ပါတီတွေအတွက် များ စွာ ထိခိုက်နစ်နာစေပါတယ်။ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ဟာ စေ့စပ် သေ ချာမှု အားနည်းနေသေးတာကို တွေ့ရပါတယ်”” ဟု ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ဦးဇော်ဝင်း အောင်က သုံးသပ်ပြောကြားသည်။
ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment