ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းကို ပြည်တွင်း၊ ပြည်ပ မီဒီယာများအား သတင်းမမှန်မကန် သတင်းပေးမှုဖြင့် တပ်မတော် ခုံရုံးက အရေးပေါ်စီမံမှု ဥပဒေဖြင့် လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့က တရားလို ပြု အမှုဖွင့်ကာ ဖမ်းဝရမ်းထုတ်လိုက်သည်ဟု ဦးထွန်းမြတ်လင်းက ပြောသည်။
“၄ ရက်နေ့က လောက်ကိုင် တရားရုံးကနေ တရားစွဲတယ်လို့ ပြောတယ်။ ဖမ်းဝရမ်းတော့ မဟုတ်ဘူး။ မနေ့က ထုတ်ထားတာ ရှိတယ်။ တရားလိုက ရဲပဲ ဖြစ်မှာပေါ့။ တပ်မတော်ကနေ ပြည်ထဲရေးကို
ညွန်ကြားတယ် ပြောတယ်။ ကျွန်တော်ပြောတဲ့သတင်းက မမှန်မကန်ဖြစ်ပြီးတော့ ရှေ့တန်းက ရဲဘော်တွေကို စိတ်ဓါတ်တွေ ကျစေတယ်တဲ့။ ကျွန်တော့်ကို အဲဒီလို စွတ်စွဲပါတယ်။ ဖမ်းဝရမ်းထုတ်တာက ဒီမနက်မှ ကြားတာ”
၎င်းအား ဖမ်းဝရမ်းထုတ်မှုအပေါ် မြန်မာအစိုးရ သွားနေသော ဒီမိုကရေစီအား သံသယ ရှိနေပြီး အာဏာကို အလွဲသုံးစာလုပ်ခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။
ဦးထွန်းမြတ်လင်းကို တ ရားစွဲဆိုရာတွင် နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးကို ထိန်းသိမ်းစောင့်ရှောက်နေသော တပ်မတော်၏ လုပ်ငန်းကိစ္စရပ်များ အောင်မြင်ရေး နှောင့်နှေးစေရန်နှင့် ပျက်ပြားစေရန် ကြံရွယ်ပြီး ပြည်တွင်း၊ ပြည်ပမီဒီယာများအား မဟုတ်မမှန် သတင်းစကားများ ပေးပို့နေသော MNDAA အ တွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိ သူ ဦးထွန်းလွင်(ခ) ဦးထွန်းမြတ် လင်း(ခ)ဖုန်အားတီ(ခ)တုန်ခယ် ချန်ကို အရေးပေါ်စီမံမှုအက်ဥပ ဒေ၅(က)၊၅(ခ)/ကျင့် ၅၁၂အရ တရားခံပြေးအဖြစ်ကြေညာခြင်း ဖြစ်ကြောင်း ဒေသတင်းဌာနတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်မှစတင်၍ လောက်ကိုင်ဒေသ တိုက်ပွဲကြောင့် စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပြီးနောက် ဖုန်ကြားရှင်၏ သမက် ဦးထွန်းမြတ်လင်းအား ဖမ်းဝရမ်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ဧပြီလ ၈ ရက် နံနက် ၅ နာရီမှစတင်၍ ကိုးကန့်ဒေသ ကုန်းကြမ်းဒေသ ခုတ်ထန် ပတ်ဝန်းကျင်တွင် အစိုးရ စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်မှုများ ရှိသလို၊ ယနေ့ထိ မြေပြင်တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသည်ဟု ဦးထွန်းမြတ်လင်းက ပြောသည်။
ကိုးကန့်ဒေသတွင် ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) နှင့် အစိုးရ စစ်တပ်တို့အကြား ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်က စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment