Thursday, April 9, 2015

မြန်မာ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကြောင့် နိုင်ငံတကာ ငွေပေးချေရေးကတ် VISA မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်

 ရန်ကုန်၊ ဧပြီ ၇

ကမ္ဘာ့ငွေပေးချေရေး ၀န်ဆောင်မှုလုပ်ငန်းဖြစ်သော Visa ကိုရန်ကုန် ရုံးဖွင့်လှစ်ခြင်းနှင့် Mr. Hiro aylor ကို Visa မြန်မာ၏ Country Manager အဖြစ်ခန့်အပ်ကြောင်း ၂၀၁၅ခုနှစ် ဧပြီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

Visa သည် နိုင်ငံနှင့်နယ်ပယ်ပေါင်း ၂၀၀၀ ကျော်ရှိ သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများ ဘဏ္ဍရေးနှင့် ငွေကြေး ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရအဖွဲ့အစည်းများကို ချိတ်ဆက်ပေးနေသည့် နိုင်ငံတကာငွေပေးချေရေး နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှုန်းကြောင့် ရောက်ရှိ လာခြင်း ဖြစ်ကြောင်းကို ““တိုင်းပြည်က ထူးထူးကဲကဲ စီးပွားရေးတိုးတက်မှုကို ကြုံတွေ့နေရတာနဲ့အမျှ ရိုးရှင်းလွယ်ကူပြီး လုံခြုံတဲ့
အီလက်ထရွန်နစ် ငွေပေး ချေရေးစနစ်ကို လိုအပ်မှာသေချာပါတယ်။ ကျွန်တော်တို့ ရဲ့ ငွေပေး ချေမှုစနစ် နယ် ပယ်တိုးချဲ့မှုတွေကိုလည်း Visa ကွန်ရက်ကတစ်ဆင့် ဆက်လက်လုပ်ဆောင်သွားမှာဖြစ် ပြီးမိုဘိုင်း ငွေပေး ချေမှုနှ င့် အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး စနစ်တွေက တစ်ဆင့် မြန်မာနိုင်ငံရဲ့ အလျင်အမြန် ဆန်း သစ်လာမယ့် ဒီဂျစ်တယ်ခေတ်ကို မြင်တွေ့ရဖို့ ကျွန်တော်တို့တကယ့်ကို မျှော်လင့်နေပါ တယ်””ဟု Visa မြန်မာ၏ Country Manager ဖြစ်သူ Mr. Hiro Taylor ကပြောသည်။…

အလိုအလျောက် ပြန်လည် ငွေဖြည့်သည့် ၀န်ဆောင်မှု သည် မြန်မာ့ရှေ့ဆောင်ဘဏ်၏ နိုင်ငံတကာငွေကြေး ကြိုတင်ငွေပေး Visa ကတ်ကိုင်ဆောင်သူများသည် မြန်မာ့ရှေ့ဆောင်ဘဏ်၏ ငွေတရားဖြင့် ချိတ်ဆက်ကာ အလွယ်တကူ ငွေပြန်လည် ဖြည့်တင်းနိုင်မည် ဖြစ်သည်ဟု ၂၀၁၄ခုနှစ် သြဂုတ်လတွင် စတင်မိတ်ဆက်ခဲ့သည်။

၂၀၁၄ ကမ္ဘာ့ဖလား အထိမ်းအမှတ်အဖြစ် နိုင်ငံတကာကြို တင် ငွေပေးချေစနစ်အသုံး Visa ကတ်ကို ၂၀၁၄ ခုနှစ် မေလတွင် စတင် မိတ်ဆက်ခဲ့ပြီး အဖွဲ့အစည်းများနှင့် တစ်ဦးချင်းကတ် အသုံးပြုသူများ၏ နိုင်ငံခြားခရီး သွားရာတွင် လိုအပ်ချက် ကို ဖြည့်ဆည်းပေးရန် နိုင်ငံတကာငွေကြေး ကြိုတင်ငွေပေး Visa ကတ်ကို ဧရာဝတီ ဘဏ်နှင့် ပူးပေါင်းကာ မိတ်ဆက်ခဲ့ကာ ထိတွေ့ ကိုင်တွယ်မှု လျှော့ချနိုင်စွမ်းရှိစေရန် Pay Way စနစ်ကို ထပ်မံ ထည့်သွင်းထားသည်ကို၂၀၁၄ခုနှစ် ဧပြီလတွင် စတင်မိတ်ဆက်ခဲ့သည်။

Visa ကတ် လက်ခံနိုင်သည့် Pos စက်များ ပိုမိုအသုံးပြုနိုင်ရန် ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်နှင့် သမ၀ါယမဘဏ် တို့ဖြင့်ပူးပေါင်းကာ Visa ၏ငွေပေးချေမှု ကွန်ရက်ချဲ့ထွင်မှုကို မြှင့်တင်ခဲ့သည်။

Visa သည် ကမ္ဘောဇဘဏ် နှင့် သမ၀ါယမဘဏ်တို့မှ စီမံခန့်ခွဲသည့် ATM စက်အလုံး ၉၀ ဖြင့် ၎င်း၏ ၀န်ဆောင် မှုကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် ATM စက်ပေါင်း ၁၁၅၀ကျော် ရှိနေပြီး ATM ကွန်ရက် ကို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ကြီး အပါအ၀င် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများနှင့် ခရီးသွားများ စိတ်ဝင်စား သည့်နေရာများတွင် ဖြန့်ကျက်ခဲ့သည်။ ယခုအချိန်အထိ မြန်မာနိုင်ငံတွင် အီလက်ထရွန်နစ်သုံး၍ ငွေပေးေ ချ ရေးစနစ်များ လက်ခံအသုံးပြုနိုင်သည့် လက်လီအရောင်းဆိုင် ပေါင်း ၁၈၀၀ကျော်နှင့် ATM စက်ပေါင်း ၁၁၅၀ ခန့်ရှိနေပြီဖြစ်ပြီး ATM စက်များမှ ငွေထုတ်ယူခြင်းတို့ အပါအ၀င် နိုင်ငံခြားသားများ Visa ကတ် ဖြင့် ငွေပေးချေ သည့် ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၆၀ကျော် ခန့်ရှိခဲ့သည်။

Visa နှင့်အတူ လက်တွဲပူး ပေါင်းလုပ်ဆောင်ရန် လိုင်စင်ရှိထား သည့် ပြည်တွင်းဘဏ် ၈ခုရှိပြီး ၅ခုမှာ Visa ၏ နိုင်ငံတကာ ခရီးသွားငွေပေးချေမှု ကတ်အစီအစဉ်ကို စတင် ၀န်ဆောင်မှု ပေးနေပြီဖြစ်သည်။

““မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းနယ်ပယ်က အခုလက်ရှိ တိုးတက်နေတဲ့ ဟာထက်ကို နောင် ၅နှစ်၊ ၁၀နှစ် လောက်မှာ အများကြီး တိုးတက်သွားမယ်လို့ထင်တယ်။ ဒီနိုင်ငံ ခြားရင်းနှီးမြုပ်နှံမှုတွေ အခုလည်း ၀င်နေပြီးပေါ့ နော်။ ဒီထက်အများကြီး ၀င်ဖို့ရှိတယ်ပေါ့။ ဒါမျိုးတွေလည်း နောက်အများကြီးဝင်လာမယ်ဆို တော့ အဲလိုအနေ အထားမျိုးမှာ ဒီဘဏ်တွေရဲ့ တိုးတက်မှုနှုန်းဟာ အများကြီးဖြစ်လာမယ်လို့ ထင်ပါတယ်””ဟု ဧရာဝတီဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖြိုးအောင်က မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

သဇင်လှိုင်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment