Sunday, April 12, 2015

သမ္မတဘားရက်အိုဘားမား၏ သင်္ကြန်ဆုတောင်းစကား

 သမ္မတ ဘားရက်အိုဘားမားနှင့် အမေရိကန်ပြည်ထောင်စု၏ ပြည်သူများကိုယ်စား သင်္ကြန်ပွဲတော်နှင့် နှစ်သစ်အခါသမယတွင် မြန်မာပြည်သူများထံသို့ ကျွန်ုပ်၏ နွေးထွေးအလှိုက်လှဲဆုံးသော ဆန္ဒမွန်များပေးပို့ပါသည်။

သင်္ကြန်သည် ပျော်ရွှင်ဖွယ် လူမှုစုစည်းမှု၊ ဆုတောင်းမှုနှင့် ပြန်ပြောင်း ဆင်ခြင်သုံးသပ်မှုတို့အတွက် အထူးအခါသမယပင် ဖြစ်သည်။ ထို့အပြင် မိသားစု၊ မိတ်ဆွေများနှင့် သူစိမ်းတရံစာများလည်း အတိတ်က အညစ်အကြေးများကို အပြန်အလှန်အတာရေဖြင့် ဆေးကြောကာ နှစ်သစ်ကိုကြိုသည့်အခါလည်းဖြစ်သည်။ ယင်းသို့ ကြိုရာတွင် သပြေခက်ဖြင့် သိမ့်မွေ့စွာပက်ဖျန်းကြိုဆိုသကဲ့သို့ ဧပြီ၏အပူကို အေးစေရန် အခြားနည်းလမ်းများစွာနှင့်လည်း ကြိုသည်။

နှစ်သစ်မှာ ငြိမ်းချမ်းခြင်း၊ လုံခြံခြင်း၊ ကြွယ်ဝခြင်းတို့အပြင် မြန်မာလူမျိုးစုအားလုံးအတွက် အမျိုးသားညီညွတ်ရေး ရစေရန်လည်း ဆုတောင်းလိုက်ပါသည်။ ချစ်သူခင်သူများနှင့် အထူးအခါသမယကို ပျော်ရွှင်စွာ ဆင်နွှဲစဉ် သင်တို့ရဲ့နိုင်ငံမှာရှိနေသူ အားလုံးအတွက် ပြန်လည်ရင်ကြားစေ့ရေး၊ တရားမျှတမှုနှင့် ဒီမိုကရေစီသို့ ဦးတည်နေသည့် ရှည်လျားသည့် လမ်းကြောင်းပေါ်တွင် သင်တို့နှင့် အတူ အမေရိကန်ပြည်သူများ ရှိနေသည်ကို သိစေလိုပါသည်။


Credit - Mizzima - News in Burmese

No comments:

Post a Comment