Thursday, April 9, 2015

တပ်မတော်သား၊ ကြက်ခြေနီနှင့် သတင်းမီဒီယာတို့သည် စွန့်စားရဲသည့် သူရဲကောင်းစိတ်ဓာတ်ချင်းတူကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြောကြား

တပ်မတော်သား၊ ကြက်ခြေနီနှင့် သတင်းမီဒီယာတို့သည် စွန့်စားရဲသည့် သူရဲကောင်းစိတ်ဓာတ်ချင်းတူကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြောကြား

ဒဏ်ရာရတပ်မတော်သားများကို အနုပညာရှင်များက ဖျော်ဖြေသည့် ဂုဏ်ပြုပွဲ၌ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ကျေးရွာဝါဒ” သီချင်းဖြင့် သီဆိုဂုဏ်ပြု …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပြင်ဦးလွင်၊ ဧပြီ ၆

တပ်မတော်သားများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သတင်းမီဒီယာ သမားများသည် ကိုင်စွဲသော လက်နက်ချင်း မတူသော်လည်း စွန့်လွှတ်ရဲ စွန့်စားရဲသည့် သူရဲကောင်းစိတ်ဓာတ်ချင်းမှာ အတူတူပင်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဧပြီလ ၄ရက်တွင် ရှမ်းပြည်နယ် လားရှိုးမြို့၌ ပြုလုပ်သော ရှေ့တန်း ရောက်တပ်မတော် သားများ၊ နိုင်ငံတော်အတွက် အသက်ပေးဆပ်သူ၊ ဒဏ်ရာရနှင့် ရှေ့တန်းတွင် တာဝန်ထမ်း ဆောင်နေသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပွဲနှင့် ဒဏ်ရာရ သတင်းသမားများ အား ထောက်ပံ့ခြင်း အခမ်းအနား၌ ပြောကြားလိုက်သည်။…

သတင်းမီဒီယာ သမားဆိုသည်မှာ အမှန်တရားကို ပြည်သူအတွက် တင်ဆက်ရန်လာခြင်း ဖြစ်ပါကြောင်း၊ သတင်းမီဒီယာမရှိလျှင် အမှန်တရားသည် လုပ်ကြံခြင်း ခံသွားရနိုင်ကြောင်း၊ သတင်းမှန်ကို ဖော် ထုတ် ရန် ရောက်လာကြကြောင်း၊ တပ်မတော်သားများက လက်နက်ကို ကိုင်ကြကြောင်း၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ က ဆေးသေတ္တာနှင့် ထမ်းစင်ကိုကိုင်ကြကြောင်း၊ သတင်းမီဒီယာများက ကင်မရာနှင့်ကလောင် ကိုကိုင်ကြေ ကြာင်း၊ ကိုင်စွဲသော လက်နက်ချင်း မတူသော်လည်း စွန့်လွှတ်ရဲ စွန့်စားရဲသည့် သူရဲကောင်းစိတ်ဓာတ်ချင်းမှာ အတူတူပဲဟု ပြောချင် ပါကြောင်းဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့် (ယခင်ကက (ပြည်) ဒါရိုက်တာ၊ ဗိုလ်ချုပ်)၏ ပြောကြားချက်အား ဧပြီ ၅ရက်ထုတ် နိုင်ငံပိုင်အစိုးရအာဘော် သတင်းစာများ၌ ဖော်ပြထားသည်။

ထို့နောက် ဧပြီလ ၅ရက်က ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ ၌ ဆေးရုံတက်ရောက် ကုသနေသော ဒဏ်ရာရ တပ်မတော် သားများကို အနုပညာရှင်များက ဖျော်ဖြေသည့် ဂုဏ်ပြုကျင်းပခဲ့ပြီး အဆိုပါပွဲ၌ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ကျေးရွာဝါဒ” သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့သည်။

ကျေးရွာဝါဒ ဆိုတာ ၀ါဒဆိုတာကတော့ တစ်မျိုးကြီးပေါ့။ ဒါပေမဲ့ သူ့အမြင်ကတော့ ကျေးရွာ တိုးတက်ရေးဝါဒ တို့ သဘောမျိုးနဲ့လည်း ဖွင့်ချင်ဖွင့်နိုင်တာပေါ့။ အခုကျေးရွာတွေက တိုးတက်နေပြီ။ ခေတ် မီနေပြီ၊ ကျေးရွာမှာပါ စာသင်ကျောင်းတွေနဲ့ တိုးတက်နေပြီ ဆိုတာပေါ့ဗျာ””ဟု မြန်မာစာအဖွဲ့ဝင် ဒေါက်တာထွန်းတင့်က မြန်မာ သံတော်ဆင့်သို့ ပြောသည်။

လက်ရှိအချိန်တွင် သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိလာပြီဟု ဆိုသော်လည်း အစိုးရက သတင်းသမားများအပေါ် ဖမ်းဆီးထောင် ချမှုများ၊ တရားစွဲအရေးယူမှုများ ရှိနေသေးသဖြင့် ဝေဖန်မှုများလည်း ရှိသည်။

““ ဦးခင်အောင်မြင့်ကတော့ အမြဲတမ်း သုံးသပ်ချက်ပေးတဲ့ နေရာမှာ မျှတတယ်လို့ ပြောလို့ရတယ်။ သတင်း ထောက်တွေနဲ့ ပတ်သက်လို့လည်း သုံးသပ်ချက်က ကျွန်တော်တို့ လက်ခံကျေနပ်ဖွယ်ရာ ဖြစ်ပါတယ်။ ဦးခင် အောင်မြင့်လို ပုဂ်္ဂိုလ်မျိုးက မီဒီယာသမားတွေကို အသိအမှတ်ပြုပေးတာ ၀မ်းသာပါတယ်။ မီဒီယာ သမားတွေကို ခုလို သိမ်းကျုံး ရိုက်တာမျိုးတွေကတော့ မဖြစ်သင့်တာပေါ့။ ဒီအပေါ်မှာလည်း အစိုးရ သတင်းစာက ပြည်သူ့ ၀န်ဆောင်မှု မီဒီယာလို့သာ ပြောတာ အစိုးရပဲထည့်တဲ့ ကိစ္စမျိုး၊ နောက်သတင်းထောက်ေ တွ IDP မှာ ဆန္ဒပြ သွားတာကို သူတို့လွတ်လပ်ခွင့် ပေးထားပါတယ်ဆိုပြီး သတင်းထဲမှာ ချက်ချင်းထည့်ပြတာမျိုး၊ ဒါတွေကတော့ ရှိနေမှာပဲ။ သတင်းသမားတွေနဲ့ ပတ်သက်လို့ ကြုံတဲ့ခါတိုင်းမှာ စာနယ်ဇင်းကောင်စီက သတင်းသမားတွေရဲ့ ရှေ့တန်းက ကာကွယ်ပေးတာမျိုး၊ ဆောင်ရွက်ပေး တာမျိုး မတွေ့ရဘူး””ဟု ၀ါရင့်သတင်းစာ ဆရာတစ်ဦးဖြစ် သူ ပဲ့တင်သံသတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမျိုးမြင့်ညိမ်းက သုံးသပ်ခဲ့သည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

 

 

 

 

No comments:

Post a Comment