Thursday, April 9, 2015

၂၀၁၅ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းအား နည်းလမ်းတစ်ခု အနေဖြင့် စဉ်းစားထားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

 ရန်ကုန်၊ ဧပြီ ၎

လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမည်ဟု မဆိုနိုင်သေးသောေ ကြာင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် နည်းလမ်းတစ်ခုအနေဖြင့် စဉ်စားထားကြောင်း အင်အားကြီး အတိုက်အခံ ပါတီတစ်ခုဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၃ ရက်တွင် ရိုက်တာသတင်းဌာန၏ မေးမြန်းမှု၌ ထည့်သွင်း ဖြေဆိုလိုက်သည်။

ဦးသိန်းစိန်အစိုးရက သဘောထား တင်းမာလွန်းပြီး NLD အပေါ် ခွဲခြားဆက်ဆံမှုများ ရှိသလို ပြုပြင် ပြောင်း လဲရေးအပေါ် အမှန်တကယ် ရိုးသားမှုမရှိဘဲ ရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းရန် ကြိုးစားလျှက် ရှိပြီး စေ့စပ်ေ ဆွးနွေးရန်၊ အခြေခံဥပဒေ ပြင်ဆင်ရန် လူထုဆန္ဒ အလေးထားရန်
စိတ်မ၀င်စားကြောင်းလည်း ရိုက်တာ သတင်းဌာန၏ မေးမြန်းမှုနှင့် ပတ်သက်၍ ဖြေဆိုထားသည်။

““ရွေးကောက်ပွဲကို အစိုးရနဲ့ တန်းတူ မယှဉ်ပြိုင်နိုင်ပါဘူး။ အဖွဲ့ချုပ်ကို ခွဲခြားတဲ့ ဆောင်ရွက်တာတွေလည်း ရှိပါတယ်။ လာမယ့် ရွေးကောက်ပွဲလည်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ မပြောနိုင်ပါဘူး။ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့လည်း အာမမခံနိုင်ပါဘူး။ ရွေးကောက်ပွဲကို သပိတ်မှောက်တာက အကောင်း ဆုံး နည်းလမ်းတစ်ခုအနေနဲ့ စဉ်းစားထားတယ်””ဟု ဒေါ်အောင်ဆန်းစုကြည်က ရိုက်တာသတင်းဌာန သို့ ပြောသည်။

ထို့ပြင် ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ၂၀၁၁ ခုနှစ်က မှန်ကန်စွာလုပ်ဆောင် ခဲ့သော်လည်း။ လက်ရှိတွင် ရိုးသားမှု မရှိတော့ကြောင်းလည်း ပြောကြားခဲ့သည်။

သမ္မတဦးသိန်းစိန်နှင့် ပတ်သက်၍ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာသာမိ (တောင်ကလေး ဆရာတော်)က မြန်မာသံတော်ဆင့် အတွဲ(၂)အမှတ်(၅၂)၌ ““ဦးသိန်းစိန် အစိုးရကိုကြည့်ပါ ချမ်းသာသူတွေကို မျက်နှာသာရအောင် လုပ်တဲ့အခု အစိုးရဟာ လက်တွေ့ကျကျ နိုင်ငံရေးလုပ်ငန်းစဉ် ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ရိုးသားမှုမရှိ၊ လူထုနားလည်မှုကို သိမြင်နားလည်မှုမရှိတဲ့ အစိုးရ””ဟုလည်းကောင်း၊ အတွဲ (၃) အမှတ်(၁)၌ ““သမ္မတကြီးက တစ်လတစ်ကြိမ် လေကန်ခဲ့တဲ့သူ့ရဲ့ မိန့်ခွန်းစကားတွေဟာ အရည်အသွေး ကျဆင်းနေတာကို တွေ့ရတယ်။ ပြည်သူ့အတွက် မှတ်ထားထိုက်တဲ့ စကားတွေ မကြားရခဲ့ သူ့ရဲ့ သက်တမ်းမှာ များများစားဖို့၊ များများဝါးရဖို့ သူ့ရဲ့ဝန်ထမ်းတွေကို ဆော်သြနေတဲ့ ပုံစံမျိုးတွေ”” ဟု လည်းကောင်း ဆောင်းပါး၌ ထည့်သွင်းရေးသား ဝေဖန်ဖူးသည်။

ဝိုင်းမော်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment