ရန်ကုန်၊ ဧပြီ ၆
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အတွင်း ကျပ်သိန်း ၂၀၀ စီ တန်ဖိုးရှိ ဒေသန္တရဆေးခန်း ၂ ခု ဖွင့်လှစ် ရန် ပြည်ထောင်စုအဆင့် ကျန်းမာရေး ၀န်ကြီးဌာနက ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ခွင့်ပြုထားသော်လည်း ယခုအချိန်အထိ အကောင်အထည်ဖော် လုပ်ဆောင်မှုမရှိခြင်း အပါအ၀င် ခွင့်ပြုထားသည့် ဘဏ္ဍာငွေအား တိုင်းအစိုးရအဖွဲ့က ဖြတ်တောက်ခြင်း ရှိ၊မရှိနှင့် ခွင့်ပြုငွေအား ၉လ ကျော်ကြာသည့်တိုင် သုံးစွဲခြင်း မရှိသည့် အပေါ် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက ဧပြီလ ၆ရက်တွင် လွှတ်တော် ၌ မေးခွန်းထုတ် မေးမြန်းလိုက်သည်။
အဆိုပါ ကျပ်သိန်း၂၀၀ တန်ဖိုးရှိ ဆေးခန်း ၂ ခုကို ရွှေပြည်သာ မြို့နယ် (၆/၉) ရပ်ကွက်နှင့် (ဎ)ရပ်ကွက် တို့တွင် တည်ဆောက်ရန် ကျန်းမာရေး ၀န်ကြီးဌာနနှင့် ကျန်းမာရေး မြှင့်တင်မှု ကော်မတီ၏ ခွင့်ပြုချက်အရ ၂၀၁၄ ခုနှစ် မတ်လကတည်းက ဆောက်လုပ်ရန် ခွင့်ပြုမိန့် ချထားပေးပြီး ဖြစ်သော် လည်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ကုန်ဆုံး သွားပြီဖြစ်သည့်အတွက် ယခုကဲ့သို့ မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။
““မတ်လအတွင်း ခွင့်ပြုပေးသော ဆေးခန်း ၂ ခုသည် ဒီဇင်ဘာ ၃၁ ရက်အထိ သတင်းအစအန မရသည့် အတွက် မေးမြန်းရခြင်း ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ကမ္ဘာ့မေကုမ္ပဏီက ဗီနိုင်းနှစ်ခု လာချိတ်သဖြင့် သွားရောက်မေးမြန်းရာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်တွင် ၎င်းတို့အား တင်ဒါပေးသည်ဟု သိရှိရကြောင်း၊ ယင်းဆောက်လုပ်ရေးလုပ်ငန်း ၂ ခုလုံးသည် မြေသားလုပ်ငန်းသာ လုပ်နိုင်ပြီး ဘတ်ဂျက် နှစ် လည်း ကုန်သွားပြီဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု လွှတ်တော် က ပေးလိုက်သော လုပ်ငန်းများသည် ပြည်ထောင်စု လွှတ်တော်က ခွင့်ပြုပြီး တိုင်းဒေသကြီး က ဖြတ်တောက် သည့် အစီအစဉ်များ ရှိ/မရှိ၊ ရှိခဲ့ပါက ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိနှင့် မည်သို့အရေးယူ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း”” ဦးတင်မောင်ဦးက မေးခွန်းထုတ် မေးမြန်းခဲ့သည်။
ထို့ပြင် မတ်လ အတွင်းကတည်းက ခွင့်ပြုထားသော ရန်ပုံငွေများကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအထိ အသုံးမပြုဘဲ ထားခြင်းကို သိရှိခြင်း ရှိ/မရှိနှင့် မည်သို့ထိန်းသိမ်းထားပြီး မည်သူ့တွင် တာဝန်ရှိသည်ကို သိရှိလိုကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းစီမံကိန်းများ ဖြစ်ပျက်နေသည်ကို ပြည်ထောင်စု အစိုးရသိရှိခြင်း ရှိ/မရှိနှင့် သိရှိပါက မည်သို့ အရေးယူထား သည်နှင့် နောင်မဖြစ်စေရန်အတွက် မည်သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိ လိုပါကြောင်းလည်း ဦးတင်မောင်ဦးက တစ်ဆက်တည်း မေးမြန်း ခဲ့သည်။
ယင်းမေးမြန်းမှုနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာသိန်းသိန်းဌေးက ““ပြည်ထောင်စု လွှတ်တော်မှ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း ခွင့်ပြုချက်ရ ၎င်းဒေသန္တရ ဆေးပေးခန်း ၂ ခုကို အကြီးစား မွမ်းမံရန် ရန်ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာနသို့ ၂၅-၄-၂၀၁၄ ရက်စွဲပါ စာအမှတ် ၁၆၀/ဘင(စ) ငွေလုံးငွေရင်း/ ၂၀၁၄-၂၀၁၅ ဖြင့် ရန်ပုံငွေ ခွဲဝေပေးခဲ့ပါကြောင်း၊ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ခဲ့သည့် တည်ဆောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ပုံငွေ ခွဲဝေပေးခဲ့ခြင်း ဖြစ်ပြီး ဖြတ်တောက်ခြင်း၊ လျှော့ချခြင်းများ မရှိပါကြောင်း”” ပြန်လည်ဖြေကြားသည်။
ထို့ပြင် ““အဆိုပါ ဒေသန္တရ ဆေးပေးခန်း ၂ ခုသည် မြေပြင်လေ့လာချက်အရ ယိုယွင်း ပျက်စီးလျက်ရှိသဖြင့် ယခင်တင်ပြခွင့် တောင်းထားသည့် အကြီးစားမွမ်းမံခြင်းအစား အဆောက်အအုံအသစ် ဆောက်လုပ် သင့်သဖြင့် ဒေသန္တရ ဆေးပေးခန်းအသစ် ဆောက်လုပ်ရန် အဆောက်အအုံများ ရန်ပုံငွေ ခေါင်းစဉ် လွှဲပြောင်းသုံးစွဲခွင့်ရရှိ ရေးအတွက် ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန၊ စီမံကိန်း ရေးဆွဲရေး ဦးစီး ဌာနနှင့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ် ညှိနှိုင်းရေးအဖွဲ့ တို့ထံ ပေးပို့ညှိနှိုင်းခဲ့ ပါကြောင်း၊ ဒေသန္တရ ဆေးပေး ခန်းများ အသစ်ဆောက်လုပ်ရန် အတွက် ၁၅-၁-၂၀၁၅ တွင် တင်ဒါအောင်မြင်သော ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်ခဲ့ပြီး တည်ဆောက်ရေး လုပ်ငန်းများ ငွေပေးချေရာတွင် လုပ်ငန်းပြီးစီးမှု အရ ငွေပေးချေခြင်းဖြစ်၍ ပြီးစီးမှု မရှိသော လုပ်ငန်းများအတွက် ရန်ပုံငွေများကို ဘဏ်မှ ထုတ်ယူထားခြင်း မရှိပါကြောင်း”” ထည့်သွင်း ဖြေကြားသည်။
ကျန်းမာရေးဒုဝန်ကြီး၏ ဖြေကြားချက်နှင့် စပ်လျဉ်း၍ ““၎င်းငွေကို မိမိတို့ လွှဲပြောင်း သုံး စွဲခြင်း၊ ခေါင်းစဉ် ပြောင်းခြင်း မပါဝင်ပါကြောင်း၊ သို့သော် ပြောင်းခဲ့မည်ဆိုပါက မိမိတို့ မြို့နယ်တွင် ခွင့်ပြုလိုက်ေ သာ အဆောက်အအုံသည် အသစ်များ ဖြစ်ပါကြောင်း၊ မတ်လ ၃၁ ရက်က ပေးလိုက်ေ သာ ငွေများ သည် ခေါင်းစဉ် ပြောင်းလဲခြင်း ဖြစ်ပါက ၁၀ လခန့်အထိ မကြာသင့်ကြောင်း၊ အချိန်မရသည့်အတွက် အဆောက် အအုံများ သည် တစ်လသာ ကျန်တော့သည့်အတွက် တူးရမည့်နေရာတွင် Earth Work သည် ၂ ပေ၊ ၃ ပေ တူးရမည်ကို ၆ လက်မပင် မတူးရကြောင်းနှင့် စစ်မည့်သူလည်း မရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ပြီးသည့်အခါ အရည်အသွေး နိမ့်ကျလာခြင်းများ ဖြစ်သည့် အတွက် နောင်လာ မည့် နှစ်များတွင် ခေါင်းစဉ်ပြောင်း ၍ သုံးမည် ဆိုပါက ၁၀ လမကြာဘဲ လုပ်ကိုင်နိုင်သော အချိန်ပေးရန်”” ဦးတင်မောင်ဦးက ထပ်မံတင်ပြခဲ့သည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment