ရန်ကုန် (မဇ္ဈိမ) ။။နိုင်ငံတော် အကြည်ညိုပျက်စေ
မှု၊နိုင်ငံတော်ငွေအလွဲသုံးမှု ပုဒ်မများဖြင့်ထောင်ဒဏ် အပြစ်ပေးခံထားရသော
သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့် အမှုအယူခံ အတွက် ဧပြီလကုန်
တွင်နှစ်ဖက်လျှောက်လဲချက်များ ကိုနောက်ဆုံးကြား နာမည်ဖြစ်ပြီး
ယင်းအတွက်ပြင်ဆင်မှု များပြုလုပ်ထားသည် ဟုတရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်း
ကပြောသည်။

ဝန်ကြီးဟောင်း ဦးဆန်းဆင့် အမှု ကိုပြင်ဆင်မှု အယူခံ အဆင့်ဆင့် တင်ပြလျှောက်လဲခဲ့ရ ပြီးဖေဖော်ဝါရီ ၂၄ ရက် ကပြည်ထောင်စု တရား လွှတ်တော်ချုပ်က လက်ခံလိုက်ခြင်းဖြစ်ကာ ဧပြီလကုန် တွင်နှစ်ဖက်လျှောက် လဲချက်ကိုကြား နာမည်ဖြစ်သည်။
"နှစ်ဖက်လျှောက်လဲချက် final (နောက်ဆုံး) ပေါ့၊ အများကြီးပြင်ဆင်ထားတယ်၊ ဆိုလိုတာ ပုဒ်မ ၄၀၉ မမြောက်ကြောင်းရယ် အကြည်ညို ပျက်စေမှုကို မကျူး လွန်းခဲ့ကြောင်းကို ပြောမယ် အဲဒီ နှစ်ချက်ကအဓိ က လျှောက်လဲချက် ပြောမယ်"ဟု ၎င်းက ပြောသည်။
ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၉ (ယုံကြည်အပ်နှံအလွဲသုံးမှု) အတွက် ထောင်ဒဏ် သုံးနှစ်နှင့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၂၄(က) (နိုင်ငံတော်အကြည်ညိုပျက်စေမှု)အတွက် ထောင်ဒဏ် ဆယ်နှစ်၊ ဒဏ်ငွေ တစ်သိန်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏခရိုင်တရားရုံးက အမိန့် ချမှတ် ခဲ့သည်။
ယင်းနောက် အမှုအတွက် မန္တလေးတိုင်းတရား လွှတ်တော်သို့ အယူခံဝင်လျှောက်လဲချက် တင်သွင်းရာ အကျဉ်းနည်းဖြင့် အမှု ပလပ်ခံခဲ့ရသည်။
မန္တလေးတိုင်း တရားလွှတ်တော်က နှစ်မှုစလုံး အကျဉ်းနည်းဖြင့် ပလပ်လိုက်ခြင်းကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကိုပြင်ဆင် မှုတင်သွင်းခဲ့ ရာဖေဖေါ်ဝါ ရီ ၂၄ရက်က လက်ခံခဲ့ခြင်းဖြစ်သည်။
တပ်မတော် အစိုးရ လက်ထက်တွင် စစ်ရာထူး ခန့်ချုပ် ရာထူးအထိ တာဝန် ထမ်းဆောင်ခဲ့သူ (ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးဆန်းဆင့်သည် ဧရာဝတီ တိုင်း လွှတ်တော် ဥက္ကဋ္ဌအဖြစ် နှစ်နှစ်ခန့်ဆောင်ရွက်ခဲ့ပြီး သာသနာရေး ဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး အဖြစ်နိုင်ငံတော် သမ္မတကိုယ်တိုင်ရွေးချယ် တာဝန်ပေး အပ်ခံခဲ့ရ သူဖြစ်သည်။
သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ရှစ်လခန့်သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး နိုင်ငံတော် အကြည်ညိုပျက်စေ မှု၊နိုင်ငံတော်ငွေ အလွဲသုံးမှု တို့ဖြင့် အောက်တိုဘာ ၁၇၇က် ၂၀၁၄ခုနှစ်တွင်ဒက္ခိဏခရိုင် တရားရုံးက ထောင်ဒဏ် ၁၃ နှစ် ဒဏ်ငွေ တစ်သိန်း အပြစ်ပေးခဲ့ သည့်အတွက် ရမည်းသင်း အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည်။
Credit - Mizzima News
No comments:
Post a Comment