Thursday, April 9, 2015

တပ်နှင့်နည်းပညာတက္ကသိုလ် သိမ်းထားသည့် လယ်မြေအား မူလပိုင်ရှင် အဖိနှိပ်ခံတောင်သူတို့က ပြန်လည် လုပ်ကိုင်ခွင့်ပြုရန် တောင်းဆို – ပေးစာ

 စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၇၈၅/၁၃၅၃)နှင့် ကွင်းအမှတ် (၇၉၄)တို့ရှိ ယာမြေ ဧကစုစုပေါင်း (၈၅ဒသမ၇၅)ဧကကို စစ်တပ်နှင့် နည်းပညာတက္ကသိုလ်တို့က အသီးသီး သိမ်းယူထားခဲ့ပြီး အခြား ရပ်ဝေးတောင်သူများကို သီးစားချထား လုပ်ကိုင်ခွင့်ပြုနေခြင်းအပေါ် မူလပိုင်ရှင်တောင်သူ ၁၄ ဦးတို့က အဆိုပါ ယာမြေကွက် အား ပြန်လည်ပေးအပ် လုပ်ကိုင်ခွင့် ပြုပါရန်နှင့် ယာကွက်မဟုတ်သော အသုံးပြုပြီး ယာမြေများအတွက် နစ်နာကြေးနှင့် လျော်ကြေးပေးပါရန် (၂-၁၁-၂၀၁၁)မှ စတင်၍ အသနားခံတင်ပြခဲ့မှု အပေါ် အဆင့်ဆင့် တင်ပြကြားနာ စစ်ဆေး ဆောင်ရွက်ခဲ့ရာယခု (၂၀-၃-၂၀၁၅)တွင် ကျွန်တော်တို့ တောင်သူ ၁၄ ဦးအား မြို့နယ် ထွေ/အုပ်ရုံးသို့ ဆင့်ခေါ်၍ တင်ပြခဲ့သည့် မြေယာများကို စွန့်လွတ်ပေးအပ်မှာ မဟုတ် ကြောင်း၊ မည်သည့်
နစ်နာကြေးမျှ ပေးလျော်မည် မဟုတ်ကြောင်း တောင်သူများအနေဖြင့် မိမိယာမြေနှင့် ပတ်သက်၍ ဆက်လက် မျှော်လင့်နေကြမှာ စိုးသည့်အတွက် ခေါ်ယူ အသိပေးခြင်းဖြစ်ကြောင်း မြို့နယ် မြေစာရင်း ဦးစီးမှူးကပြောပါသည်။

၂။ လက်တွေ့ မြေပြင်အခြေအနေမှာ ယာမြေကွက်အလွတ်များ များစွာကျန်ရှိနေကြောင်းကို ကောင်းကင် ဂြိုဟ်တု မြေပုံအထောက် အထားအရ ထပ်မံတင်ပြအပ်ပါသည်။ ထို့ပြင် အမှန်တကယ် နိုင်ငံတော် အကျိုးငှာ အသုံးချရန် စီမံကိန်းရှိပါကလည်း မည်သည့် စီမံကိန်း ရှိကြောင်း တောင်သူများ ကျေနပ်အောင် သိသာ ထင်သာမြင်သာ ရှင်းလင်း ပြောပြခြင်းမရှိဘဲ နစ်နာကြေး လျော်ကြေးများလည်း ပေးအပ်မှာ မဟုတ်ေ ကြာင်း ပြောပြသည်မှာ တောင်သူများအပေါ် ဥပဒေမဲ့ အနိုင်ကျင့် ဖိနှိပ်သည့်သဘော ဖြစ်ပါသည်။

၃။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေ ဥပဒေပုဒ်မ ၂၆ နှင့် လယ်ယာမြေ နည်းဥပဒေပုဒ်မ ၆၆ တို့အရ နစ်နာေ ကြးနှင့် လျော်ကြေးများ ရခွင့်ရှိပါလျက် ဥပဒေနှင့် ညီညွတ်စွာ ဖြေရှင်းမပေးဘဲ မသိနားမလည် သည့် ကျေးရွာ သူ ကျေးရွာသား တောင်သူလယ်သမားများအပေါ် တစ်ဖက်သတ် အနိုင်ကျင့် ဖိနှိပ်သည့် ဆုံးဖြတ်ချက်များ အပေါ် ကျေနပ်မှု မရှိသဖြင့် တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်ပါရန် အဖိနှိပ်ခံ တောင်သူ ၁၄ ဦးက ထပ်မံ အသနားခံ တင်ပြအပ်ပါသည်။

အဖိနှိပ်ခံတောင်သူ ၁၄ ဦး

စစ်ကိုင်း၊ တင်းတိပ်ကျေးရွာအုပ်စု


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment