Tuesday, April 7, 2015

ကချင်ပြည်နယ် နမ္မတီး တွင်ကေအိုင်အေနှင့် တပ်မတော် တိုက်ပွဲပြန်ဖြစ်

ချင်းမိုင်၊ ဧပြီ ၆။       ။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းသဘော တူညီမှု လက်မှတ်ရေး ထိုးပြီးနောက် ကချင်ပြည်နယ် နမ္မတီးဒေသ ကချင် လွတ် လပ်ရေး တပ်မတော် (KIA) တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၁၁ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု ဖားကန့် တပ်ရင်း ၆ တပ်ရှင်းမှူး ဗိုလ်မှူး တန်ဆိုင်း ကပြောသည်။

ဧပြီလ ၅ ရက်က နံနက် ၈ နာရီမှ ညနေ ၅ နာရီချိန်ထိ မိုးညှင်းမြို့နယ် KIA တပ်ရင်း ၁၁ တပ်နယ်မြေ မိုးကောင်းချောင်း တလှောက်သို့ အစိုးရ စစ်တပ်တို့ ထိုး စစ်ဆင်လာသဖြင့် ရင်ဆိုင် တိုက်ပွဲဖြစ် ပွားခဲ့ခြင်းဖြစ်သည်ဟု သူက မဇ္ဈိမ ကိုပြောသည်။

“မနေ့က မနက်  ၈ နာရီကနေ  ညနေထိ ရင်ဆိုင် တိုက်ပွဲ ငါးကြိမ်ဖြစ်တယ်။ မလိခချောင်းဘေး မိုးကောင်းချောင်း တလျှောက်မှာ ဖြစ်တယ်။ ကျနော် တို့နေနေ တဲ့နေရာဘက်ကို ထိုးစစ်ဆင် လာလို့ တိုက်ပွဲဖြစ်တာ။ ဒီဘက်မှာက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းသဘောတူပြီးနောက် ပထမဆုံး အကြိမ် တိုက် ပွဲဖြစ်တာဘဲ”ဟု သူ ကပြောသည်။

ထိုတိုက်ပွဲတွင် အစိုးရဘက်မှ သေဆုံးသူ တစ်ဦးနှင့် ဒဏ်ရာရသူ လူနာ ၈ ဦးတိုမှာ ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဆေးရုံသို့ရောက် ရှိသည် ဟုသတင်း ရရှိသည်ဟု သူကပြောသည်။ KIA ဘက်ကမူ ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ကျဆုံးမှု မရှိကြောင်း သူက ဆိုသည်။

လက်နက်ဖြတ်သိမ်းသိမ်းရေး အပါအဝင် တပ်မတော်၏ မူ ၆ ချက် ပါဝင်နေသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်နှင့် ကိုက်ညီမှု မရှိကြောင်း ဗိုလ်မှူး တန်ဆိုင်း ကပြောသည်။

“အစိုးရ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် မြင့်စိုးပြောတာက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းက တပ်မတော် မူ ၆ ချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဘောင်အတွင်း ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက မကိုက်ဘူး”ဟု သူက ပြောသည်။

အလားတူ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သော ဖားကန့်မြို့နယ် KIA ၏ တပ်ရင်း ၆ နယ်မြေအနီး လက်ရှိအောင်ဘာလေ ၊ ကင်စီ စသည့်ကျေးရွာ များတွင် အစိုးရ စစ်တပ်၏ တပ်ရင်း ၂၆၀ နှင့် ၄၂၆ တပ်ရင်းများ လှုပ်ရှားလာ သဖြင့်နှစ်ဖက် သတိနှင့်စောင့်ကြည့်နေ ရသည်ဟု ဗိုလ် မှူး တန်ဆိုင်း ကပြောသည်။

“ဒီဖားကန့်ဘက် မှာလည်း လှုပ်ရှားနေ တာပဲ။ တပတ်လောက်ရှိပြီ ကျွန်တော် တို့နေနေတဲ့ အနီးအောင် ဘာလေ။ ကင်စီတွေမှာရှိတယ်။ လှုပ်ရှားနေတယ်။ ဝင် လာရင်တော့ တိုက်ပွဲပြန်ဖြစ်မှာပဲ”ဟု သူ ကပြောသည်။

မတ်လ ၃၁ ရက်က အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး  ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး  အပစ်အခတ်  ရပ်စဲရေး မူကြမ်းပါ အချက်များ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရက်ပိုင်းတွင် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်တိုင်း KIA ၊ ကိုးကန့်၊ တအာင်းတပ်တို့ အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားမှု တည်ငြိမ်ခဲ့ရာမှ ဧပြီ ၅ရက်က က KIA တပ်နှင့် ပထမဆုံး အကြိမ်ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment