Tuesday, April 7, 2015

လာမည့်ရွေးကောက်ပွဲတွင် လုံခြုံရေးယူရန် မန်းတွင် လုံလောက်သော ရဲအင်အား မရှိဟုစောင့် ကြည့်လေ့လာ သူများဆို

မန္တလေး၊ ဧပြီ ၆။     ။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် လုံခြုံရေးယူရန်  မန္တလေး တိုင်းဒေသကြီးတွင် လုံလောက်သော ရဲတပ်ဖွဲ့ဝင် အင်အား မရှိကြောင်းနှင့် ကြိုတင်ပြင် ဆင်မှုများ အားနေသည် ဟုရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများအဖွဲ့မှ ဦးအောင်သန်းဦး ကပြောဆို လိုက်သည်။

man



"ရွေးကောက်ပွဲ ကာလကရောက်တော့မယ်။ ဘာမှကြိုတင်ပြင်ဆင်ထားတာ မတွေ့ရဘူး။ သူတို့ပြင်ဆင်နေတယ်ဆိုတာ စာရွက်ပေါ်မှာရှိနေ တယ်။ရွေးကောက် ပွဲမှာ လုံခြုံရေးယူမယ့် ရဲတပ်ဖွဲ့ဆိုပြီး ပြင်ဆင်နေတာမရှိဘူး။"ဟု ဦးအောင်သန်းဦး ကပြောသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သက်နိုင်က "ရဲတပ်ဖွဲ့ဝင် အင်အား နည်းတာတော့အမှန်ပဲ။ မဲရုံတစ်ရုံကို ရဲတစ်ယောက်နှုန်း နဲ့စောင့်မယ် ဆိုရင်တောင် မလောက်ဘူး။ ဒါကြောင့်မဲရုံတွေကို ကင်းလှည့်တဲ့ ပုံစံမျိုးနဲ့ လုံခြုံရေး ယူသွားမယ်။ အရာရှိ တစ်ယောက်နဲ့ရဲ တပ်သားနှစ် ဦးပါမယ်။ မီးသတ်တို့ ကြက်ခြေနီတို့နဲ့ ပူးပေါင်းပြီး လုံခြုံရေး ယူသွားမယ်။" ဟုပြောသည်။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးများအတွက် ရွေးကောက်ပွဲ မတိုင်ခင် ကာလ၊ မဲဆွယ်စည်းရုံးစဉ် ကာလ၊ရွေးကောက် ပွဲပြုလုပ်နေ စဉ်ကာလနှင့်ရွေးကောက် ပွဲပြီးနောက်ကာလ ဟူ၍ လုပ်ငန်းစဉ်လေး ရပ်ချမှတ်ကာ ဆောင်ရွက်သွားမည်ဟု ရဲမှူးကြီး သက်နိုင် ကဆိုသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောက်တိုဘာလကုန် (သို့မဟုတ်)နိုဝင်ဘာလတို့တွင် ကျင်းပ သွားနိုင်ရန် အတွက်ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ကပြင်ဆင်လျှက် ရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ မဲရုံပေါင်း ၅၇၀၀ ကျော်ရှိပြီး ထိုစဉ်က မန္တလေးတိုင်းအတွင်းတွင် ရဲတပ်ဖွဲ့ဝင် အင်အားမှာ ၄၃၀၀ ခန့် ရှိသည်။

Credit - Mizzima News

No comments:

Post a Comment