ရန်ကုန်၊ ဧပြီ ၉။ ။ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ လျင်မြန်စွာ
ပြောင်းလဲနေသော်လည်း မြေယာနှင့် ကလေးအလုပ်သမား ဥပဒေရေးရာ ကိစ္စရပ်များတွင်
ရှင်းလင်းမှု မရှိဘဲ ပြေလည်မှု မရနိုင်သေးဟု မြန်မာ့စီးပွားရေးကဏ္ဍ
တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) နှင့်လူ့အခွင့်အရေးဆိုင်ရာ ဒင်းန်
နစ် ရှ်အင်စတီကျု Danish Institute For Human Rights (DIHR) တို့မှ ဧပြီ ၉
ရက် က ထုတ်ပြန်သည့်မြန်မာ လူ့အခွင့်အရေးနှင့် စီးပွားရေး
လမ်းညွှန်တွင်ဖော်ပြ ထားသည်။

ရန်ကုန်မြို့ ငမိုးရိပ်ချောင်းအနီးရှိ သဲနှင့် ကျောက်စရစ်ဒိုင်တစ်ခု၌ ကလေးများ ဝင်ရောက်လုပ်ကိုင်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-ဟိန်းထက်
အဆိုပါ လမ်းညွှန်အစီရင်ခံစာတွင် မြန်မာ့စီးပွားရေးကဏ္ဍနှင့် ဥပဒေရေးရာကိစ္စရပ်များသည် လျင်မြန်စွာ ပြောင်းလဲနေပြီး အဓိက တိုးတက်လုပ်ဆောင်မှုများ ရှိနေသ်ာလည်း မြေယာနှင့် ကလေးအလုပ်သမား အပါအဝင် များစွာသော ဥပဒေရေးရာကိစ္စများ၌ ရှင်းလင်းမှုမရှိဟု ဖော်ပြထားသည်။
မြေယာသည် လူ့အခွင့်အရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကအကျိုးသက် ရောက်မှုဖြစ်စေပြီး လယ်သမားအများစုသည် မြေအသုံးချမှု အထောက်အထားမရှိခြင်း၊ တိုင်းရင်းသားများ၏ စိုက်ပျိုးခြင်း ပိုင်ဆိုင်မှုကို အသိအမှတ်မပြုမှုများသည် လယ်သမားများကို ထိခိုက်လွယ်စေကာ မြေယာများကို အစိုးရအသိမ်းခံဘဝသို့ ရောက်စေသည်ဟု သုံးသပ်ထားသည်။
ပြောင်းလဲလာသည့် အခြေအနေများကို ထောက်ပံ့ပေးနိုင်ရန် အလုပ်သမားများ၊ အစိုးရအရာရှိများ၏ စွမ်းဆောင်ရည်များကို အလျင်အမြန် တည်ဆောက်ရန် လိုအပ် မည်ဖြစ်ပြီး အလုပ်သမားများ စုပေါင်းတောင်း ဆိုနိုင်မှုနှင့် အလုပ်သမား အဖွဲ့ အစည်း များဖွဲ့ရန် တားမြစ်မှု တို့ကိုကျော် လွှားနိုင်ရေးကို အစိုးရက လုပ်ဆောင်ပေးရန် လိုအပ်နေသည် ဟုထောက်ပြ ထားသည်။
မြန်မာ့လူ့အခွင့်အရေးနှင့် စီးပွားရေး လမ်းညွှန်အစီရင်ခံစာသည် DIHR ၏ The Human Rights and Business Country Guide ကမ္ဘာလုံး ဆိုင်ရာ စီမံကိန်း အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံတစ်ခုစီ၏ လမ်ညွှန်မှုများတွင် ကလေးအလုပ်သမား၊ အဓမခိုင်းစေခံရမှု၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် လုံခြံစိတ်ချရမှု၊ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး၊ မြေယာ၊ အခွန် စသည့် ထိလိုက်လွယ်သည့် ကဏ္ဍများအပေါ် သက်ရောက်မှုများကို သုံးသပ်ဖော်ပြပေး ထားခြင်းဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment