Thursday, April 9, 2015

အလုပ်သမား သဘောဆန္ဒမပါဘဲ သင်္ကြန်ရုံးပိတ်ရက်တွင်း စက်ရုံများလည်ပတ်လျှင် အဓမ္မခိုင်းစေမှု သက်ရောက်

 ရန်ကုန်၊ ဧပြီ ၆

သင်္ကြန်ကာလအတွင်း ရုံးပိတ်ရက်များ၌ စက်ရုံအလုပ်ရုံများ မဖြစ်မနေ လုပ်ငန်းလည်ပတ်ရန် လိုအပ်ပါက အလုပ်ရုံနှင့် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနသို့ ခွင့်ပြုမိန့်တင်လည်ပတ်ရန် လိုအပ်ပါက အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေးဦးစီးဌာနသို့ ခွင့်ပြုမိန့်တင်ပြီးမှသာ ဖွင့်လှစ်ရမည်ဖြစ်ပြီး ခွင့်ပြုမိန့်မရဘဲ ဖွင့်လှစ်ပါက အရေးယူသွား မည်ဖြစ်ကြောင်း အလုပ်ရုံ စစ်ဆေးရေးဦးစီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ကျော်ထွန်းက ပြောသည်။

အလုပ်သမားများကို အချိန်ပိုကြေး ၂ ဆပေး၍ အလုပ်ခိုင်းစေခြင်းမှာ လုပ်ခလစာ ဥပဒေနှင့်ညီသော်လည်း အလုပ်သမားများ၏ သဘောဆန္ဒ တူညီချက်မရဘဲ အလုပ်သမားများအား အတင်းအကျပ် ခိုင်းစေခြင်းမှာ အဓမ္မခိုင်းစေမှုသာဖြစ်သည်။

အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ စက်ရုံများ ဖွင့်ခွင့်ပြုမည် မဟုတ်ကြောင်းကို ဦးကျော်ကျော်ထွန်းက ““ပိတ်ရက်တွေမှာ လုပ်ငန်းလိုအပ်ချက်အရ အခက်အခဲရှိတယ်၊ လုပ်ငန်းကုန်ပစ္စည်း အနေအထားအရ အခက်အခဲရှိတယ်ဆိုတာ အလုပ်သမားလည်း သဘောတူမယ် ဆိုရင်တော့ အလုပ်သမား အဖွဲ့အစည်းရဲ့ အသိအမှတ်ပြုကြောင်း လက်မှတ်နဲ့ ဒီဌာနကို လာတင်ပြီးတော့ လိုအပ်ရင် ခွင့်ပြုပေးမှာပါ””ဟုပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံအလုပ်ရုံများဖြစ်သည့် ပို့ကုန်သွင်းကုန်နှင့် စားသောက်ကုန် လုပ်ငန်းများနှင့် မဖြစ်မနေ လည်ပတ်ရမည့် စက်ရုံများမှလွဲ၍ ကျန်စက်ရုံများ ဖွင့်လှစ်၍ အလုပ်သမားများမှလည်း သဘောတူ ခွင့်ပြုချက် မယူဘဲ အလုပ်ခိုင်းစေပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း အလုပ်ရုံ စစ်ဆေးရေး ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ကျော်ထွန်းက ပြောသည်။

မဖြစ်မနေ လုပ်ငန်းလည်ပတ်ရန် လိုအပ်သည့် စက်ရုံများတွင် ၂၄ နာရီ အများပြည်သူနှင့် သက်ဆိုင်သည့် ၀န်ဆောင်မှု လုပ်ငန်းမျိုးဖြစ်ပြီး ထိုလုပ်ငန်းမျိုးပိတ်၍ မရခြင်းမျိုး ဖြစ်သော်လည်း တချို့စက်ရုံများမှာ ပိတ်ရန် လိုကြောင်း အလုပ်သမားများသမဂ္ဂ အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။

““၂၄ နာရီမပျက် ကုန်ထုတ်နေရတဲ့ စက်ရုံတွေက ရပ်လို့မရတဲ့ စက်တွေရှိမယ်။ တချို့စက်ရုံ အလုပ်ရုံတွေက အများပြည်သူ ၀န်ဆောင်မှုလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ စက်ရုံတွေရှိတယ်။ အဲဒီလို နိုင်ငံတော်မှာ တရားဝင် ရုံးပိတ်ရက်တွေရှိတယ်။ သင်္ကြန်ကာလ ရုံးပိတ်ရက်လိုပေါ့ အဲ့ဒီလိုရက်မျိုး ပိတ်ကိုပိတ်ပေးရမယ်။ အလုပ်သမား ကို အလုပ်ခေါ်ခိုင်းခဲ့မယ်ဆိုရင် အရေးယူရမှာပဲ”” ဟု ဦးအောင်လင်းက ပြောသည်။

သင်္ကြန်ကာလအတွင်း ဆက်လက် လည်ပတ်လေ့ရှိသော စက်ရုံအများစုမှာ အအေးခန်းစက်ရုံ၊ အဖျော်ယမကာ၊ စားသောက်ကုန် လုပ်ငန်းနှင့်၊ ရေခဲစက်များ ဖြစ်ကြသည်။

သဇင်လှိုင်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment