စစ်ကိုင်း၊ ဧပြီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ဧပြီလဆန်းပိုင်းမှ စတင်ကာ ဆိုင်ကယ်ဖြင့် အလစ်သုတ်လုယက် သည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပေါ် လျက်ရှိသည့်အတွက် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေရကြောင်း စစ်ကိုင်းမြို့ခံ များက ဧပြီလ(၆)ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောဆိုကြသည်။
ဆိုင်ကယ်ဖြင့် အလစ်သုတ် လုယက်မှုများ ဖြစ်ပေါ်နေသည့် နေရာ များမှာ ကျေးလက်တောရွာ များ တွင် ဖြစ်ပွား ခြင်း မဟုတ်ဘဲ စစ်ကိုင်းမြို့လယ်ကောင် အနီးတစ်ဝိုက်ရှိ ရပ်ကွက်များ တွင် ဖြစ်ပွားနေခြင်းဖြစ်ကာ ရက်ခြားကာ ဆက်တိုက်နီး ပါးဖြစ်ပွားနေသည့်အတွက် မြို့နေလူထုအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ေ နပြီး နေ့ခင်းပိုင်း သာမက ညပိုင်းသွားလာရေးအတွက်ပါ ထိတ်လန့်နေကြရသဖြင့် ယခုကဲ့သို့ ပြောဆိုကြခြင်းဖြစ် သည်။
““ကျွန်မသမီးပြောပြတာက သူအလုပ်ကနေ ပြန်လာတော့ လမ်းလေးခွ မီးပွိုင့်လောက်ကနေပြီး သူ့နောက် ကနေ ကပ်လိုက်လာတာကို သတိထားမိတယ်တဲ့။ အဲဒါ အိမ်နားရောက်ခါနီး အကွေ့ ရောက်တော့ အဲဒီနောက် က ကပ်လိုက်လာတဲ့သူက သူ့ပခုံးမှာလွယ်ထားတဲ့ အိတ်ကိုဆွဲယူပြီး မောင်းပြေးသွားတာ။ အဲဒါကို သမီးက သူခိုး သူခိုးလို့ အော်လို့ ရပ်ကွက်ထဲကလူတွေ ထွက်လိုက်တော့ မမီတော့ဘူး၊ လွတ်သွားတယ်။ လူမြင်ရင် မှတ် မိတယ်တဲ့။ လူငယ်ပဲ။ ဆိုင်ကယ်က အနီရောင်လို့ ပြောတယ်။ ဖြစ်တာကလည်း အိမ်နားရောက်ခါနီးမှာ ဖြစ်သွား တာလေ။ အိတ်ထဲမှာတော့ ပိုက်ဆံက သိပ်မပါဘူး။ မှတ်ပုံတင်ရယ်၊ ၀န်ထမ်းကတ်ရယ်၊ ဖုန်းရယ် ပါသွား တယ်””ဟု စစ်ကိုင်းမြို့ မြို့လယ်ကောင်ရပ်ကွက်ဖြစ်သည့် နန်းတော်ရပ်ကွက်တွင် နေထိုင်သည့် အိတ်အလုခံရ သူ မအိအိငြိမ်းဇော်၏ မိခင်ဒေါ်မေသန်းထိုက် က မြန်မာသံတော်ဆင့်သို့ ပြောသည်။…
အလားတူ ဧပြီ(၁)ရက်နှင့် (၃)ရက်နေ့များက လည်း နေ့ခင်း(၁၂)နာရီဝန်းကျင်တွင် စစ်ကိုင်းကမ္ဘောဇဘဏ် မှ ငွေထုတ်ပြန်လာသည့် အမျိုးသမီးတစ်ဦးမှာ ချင်းစုကျောင်းအနီး၊ တာရိုးကြီးလမ်းပေါ်တွင်လည်း ဆိုင်ကယ် သမား၏ လုယူခြင်းခံခဲ့ရပြီး ယင်းနေ့တွင်ပင် မြို့တော်ခန်းမအနီးရှိ ဘီယာဆိုင်ရှေ့တွင်လည်း ဆိုင်ကယ်သမား ၏ လုယက်မှုဖြစ်ပွားခဲ့ကြောင်း၊ ဆိုင်ကယ်ဖြင့် လုယက်သူများမှာ လူငယ်များဖြစ်ပြီး နံပါတ်ပြားတပ်ထားခြင်း မရှိသည့် မြန်နှုန်းမြင့် ဆိုင်ကယ်များကို အသုံးပြုလေ့ရှိကြောင်း၊ လုယက်သည့် နေ့များမှာလည်း ရက်ခြား လောက် သာကွာကြောင်း မြို့ခံများက ပြောဆိုကြသည်။
““ဒီလုတဲ့ကလေးတွေက လူငယ်တွေပဲ ရှိသေးတယ်။ အခု ပေါ်နေတဲ့ အက်ဘ်ဇက်လို ဆိုင်ကယ် မျိုးတွေနဲ့လု တာ။ ပြီးရင် ပြေးတော့တာပဲ။ တော်ရုံဆိုင်ကယ်ဆို ဘယ်လိုက်နိုင်မလဲ။ ဟိုတစ်နေ့က လည်း မြင်လိုက်တယ်၊ အမျိုးသမီး တစ်ယောက်၊ ဆိုင်ကယ်မှာ ချိတ်လာတာ၊ ပိုက်ဆံအိတ်က။ အဲဒါ လုပြေးတာကို မအော်ဘူးလေ။ ဘာဖြစ်လို့ မအော်တာလဲလို့ မေးတော့ မသိဘူး။ ကြောင်သွား လို့လို့ ပြောတယ်။ ဟုတ်လည်း ဟုတ်တာပဲလေ။ ကျွန်တော်တို့ စစ်ကိုင်းမှာက ဒါမျိုးဆိုတာ အခုရက်ပိုင်းမှ ဖြစ်နေတာ။ ဒါမျိုးဆိုတာက မန္တလေး မှာသာကြားဖူး တာကိုး။ ကျွန်တော့် အသက် (၅၀)ကျော်ပြီ။ စစ်ကိုင်းမှာ အခုမှ ကြားဖူး၊မြင်ဖူးတာ၊ အရင်က ရှိကို မရှိဘူး””ဟု ဆိုင်ကယ်ဖြင့် လုယက်မှုကိုတွေ့မြင်ခဲ့သည့် စစ်ကိုင်းမြို့ခံတစ်ဦးဖြစ်သူ ဦးကျော်ကြီးက မြန်မာသံတော်ဆင့် သို့ ပြောသည်။
ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းခရိုင်၊ ဒုစရိုက်နှိမ်နင်းရေးဌာန(ဒန)မှ အမှုနှိမ်နင်းရေး အဖွဲ့ ခေါင်း ဆောင်ဖြစ်သူ ရဲအုပ်ဇော်ဝင်းက မိမိတို့တပ်ဖွဲ့အနေနှင့် ခိုးဆိုးလုယက်သည့် သတင်းများကို ကြားသိပြီးဖြစ် သည့်အပြင် ပြစ်မှုကျူးလွန်သည့် တရားခံများအားအချိန် မီဖမ်းမိနိုင်ရေးအတွက် အပူတပြင်း ကြိုးစားလုပ် ကိုင်လျက်ရှိကြောင်း မြန်မာသံတော်ဆင့် သို့ပြောသည်။
““ကျွန်တော်တို့လည်း ကြားပါတယ်။ ကြားကြားချင်းပဲ ဖြစ်တဲ့နေရာကို အမြဲတမ်း ရောက်ပါတယ်ဗျ။ လက်မတင် လေးပဲလွတ်နေလို့ မိအောင်လို့ ကျွန်တော်တို့လည်း ကြိုးစားနေပါတယ်။ ကျွန်တော်တို့အနေနဲ့တော့ လမ်းဆုံ၊ လမ်းခွတွေမှာ အရပ်ဝတ်တွေနဲ့ရော၊ ယူနီဖောင်း ၀တ်တွေနဲ့ရောပေါ့။ လမ်းကြောင်းတွေ တစ်လျှောက် လုံးမှာလည်း နယ်ထိန်းအဖွဲ့တွေ၊ နယ်စခန်းကတပ်ဖွဲ့မှူးတွေ ခေါ်ပြီးတော့ အပူတပြင်းနဲ့ ခရိုင်မှူးရဲ့ညွှန်ကြား ချက် အတိုင်း လုပ်ဆောင်နေပါတယ်”” စစ်ကိုင်းခရိုင် မှုခင်းနှိမ်နင်းရေး အကူတပ်ဖွဲ့(မှုကူ)ဌာနမှမှုကူနှိမ် နင်းရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရဲအုပ်ဇော်ဝင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
မကြာသေးမီ ကာလဖြစ်သော ဇန်န၀ါရီလ အတွင်းပိုင်းကလည်း စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်၊ ကျေးရွာ၌ ခိုးဆိုး လုယက်သည့် သတင်းများနှင့်ပတ်သက်ပြီး လုံခြုံရေးအပိုင်းများ လုပ်ဆောင်ထားရှိသော်လည်း စစ်ကိုင်းမြို့ရှိ ရဲတပ်ဖွဲ့ဝင် အင်အားအရေအတွက်မှာလည်း ဖွဲ့စည်းပုံအရေအတွက်အတိုင်း ပြည့်မီခြင်း မရှိသေးကြောင်းကို စစ်ကိုင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment