Tuesday, April 7, 2015

ခြောက်ပွင့်ဆိုင်တွေ့ ရန် ဧပြီ ၁၀ ရက် အသင့်ပြင်ထားကြဟု သူရဦးရွှေမန်း ပြော

နေပြည်တော်၊ ဧပြီ ၆

သမ္မတ၊ လွှတ်တော်ဥက္ကဌ နှစ်ပါး၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တိုင်းရင်းသားခေါင်းဆောင် - ခြောက်ပွင့်ဆိုင် တွေ့ ဆုံနိုင်မည့် အဆင်ပြေဆုံးရက်မှာ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ခေတ္တနားမည့် ဧပြီ ၁၀ ရက်နေ့ လယ်ပိုင်းဖြစ်ပြီး အသင့်ပြင်ဆင်ထားကြဖို့  ပြည်ထောင်စုလွှတ်တော်နာယက က ပြောသည်ဟု တိုင်းရင်းသားပါတီများ ခေါင်းဆောင် အမျိုးသားလွှတ်တော်အမတ်၊ ရခိုင်ပါတီအမတ် ဒေါက်တာအေးမောင်က ပြောသည်။

 “ခြောက်ပွင့်ဆိုင်ကိစ္စကို အစိုးရဘက်က မီးစိမ်းပြတယ်။ လာမယ့် ၁၀ ရက်နေ့ (သောကြာ)နေ့ နေ့လယ်ပိုင်း အဲဒီနေ့မှာပဲ ပါလီမန် က ခဏရပ်မယ်လေ။ အဲဒီနေ့မှာပဲ တွေ့ဖို့ အဆင်ပြေမယ်လို့ ညှိနှိုင်းထားတယ်။ ဒီနေ့ တွေ့ ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ပါတယ်။ တိုင်းရင်းသားပါတီများကို လူနည်းစု ကိုယ်စားပြုတဲ့ ကျွန်တော့်ကိုလည်း ပြင်ဆင်ထားဖို့ (နာယကက) ထပ်ပြီး ပါတီခေါင်းဆောင်များရဲ့ရှေ့မှာ အမှာစကား ပြောသွားတယ်” ဟု ၎င်းက ယနေ့  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး ၂း၄၅ နာရီ၌ လွှတ်တော် နာယက သူရဦးရွှေမန်းနှင့် တိုင်းရင်းသား ပါတီခေါင်းဆောင်များ တွေ့ ဆုံကြစဉ် နာယကက ပြောခဲ့သည်ကို ပြန်လည်ပြောကြားခြင်း ဖြစ်သည်။

ထိုတွေ့ ဆုံပွဲသို့ NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပုသိမ် အမတ် ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့ကြပြီး အခြားနိုင်ငံရေးပါတီ ၁၈ ခုတို့ မှလည်း ကိုယ်စားလှယ် နှစ်ဦးစီတက်ရောက်ခဲ့ကာ တအာင်းပလောင်ပါတီ လူမျိုးများဖွဲ့ ဖြိုးတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီတို့ မတက်ရောက်နိုင်ခဲ့ပေ။

“ဧပြီ ၁၀ ရက်နေ့ နေ့ လယ် ၂း၀၀ နာရီလောက်တွေ့ ဖြစ်လိမ့်မယ်” ဟု တွေ့ ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကျားဖြူပါတီ (SNDP)မှ လဲချားအမတ် ဦးစိုင်းမောင်တင်က မဇ္ဈိမကို ပြောသည်။ NDF ပါတီ ဒုတိယဥက္ကဌ၊ ကမာရွတ်မြို့ နယ်အမတ် ဦးစိုးဝင်းကမူ “၁၀ ရက်နေ့ မှာ အရေးကြီးအဆိုတစ်ခု တင်ဖို့ လည်း နာယကက ပြောတယ်၊ ခြောက်ပွင့်ဆိုင်တွေ့ မယ်လို့ အတိအကျ ပြောတာမျိုးမဟုတ်ပေမယ့် ခြောက်ပွင့်ဆိုင်အတွက် အသင့်ပြင်ထားကြဖို့ တော့ ပြောတယ်” ဟု ပြောသည်။

ယနေ့ နေ့ လယ် လွှတ်တော်နာယကနှင့်တွေ့ ဆုံပွဲတွင် တက်ရောက်ခဲ့သည့် ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ ဖြိုးတိုးတက်ရေးပါတီမှ မန်းအောင်တင်မြင့်က “ဒီနေ့ဆွေးနွေးတဲ့ကိစ္စက ကျွန်တော်တို့ လွှတ်တော်အစည်း အဝေးကို ၁၀ ရက်ထိလုပ်မယ့်ကိစ္စ၊ စည်ပင်မှာတည်းခိုနေကြတဲ့ပါတီအဖွဲ့အစည်းကိစ္စတစ်ရယ်၊ လစာ ချီးမြှင့်ငွေ ၁၀ သိန်း ဧပြီမှာ ပေးဖို့ကိစ္စရယ်၊ ၀န်ထမ်းလစာကိစ္စ နည်းတယ် များတယ် ပြောနေကြတဲ့ အကြောင်းရယ် ၊ ပညာရေးဥပဒေကြမ်းကို ၁၂ ကြိမ်မှာ အပြီးလုပ်ဖို့ ကိစ္စ၊ ခြောက်ပွင့်ဆိုင်ကိစ္စ ဒီလွှတ်တော် ခန နားချိန်မှာ လုပ်ဖြစ်မယ်ဆိုရင် ပြင်ဆင်ထားဖို့ အဲဒီကိစ္စတွေ ဆွေးနွေးဖြစ်ပါတယ်။ တွေ့ ဆုံပွဲကို ပါတီ ၁၈ ပါတီ လာတယ်။ မလာတာက တအာင်းပလောင်ပါတီနဲ့  ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ တို့ဖြစ်ပါတယ်” ဟု ပြန်လည် ပြောပြသည်။

ထိုသို့ ခြောက်ပွင့်ဆိုင်တွေ့ ဆုံပြီးပါက သင်္ကြန်အပြီး ဧပြီလကုန်ရက် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေး ပြန်အစတွင် ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ထားသည့် အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ထိရောက်စွာ ဆောင်ရွက်လာနိုင်မည်ဟု နိုင်ငံရေး လေ့လာသူတို့ က သုံးသပ်ပြောဆိုနေကြသည်။ ထိုအစည်းအဝေးတွင် ၂၀၁၆ နှစ်ဆန်း၌ အသစ်တိုးလာမည့် လွှတ်တော်အမတ်သစ်များနှင့် အမတ်ဟောင်းများတို့ နေရေးထိုင်ရေးအခက်အခဲကို ဖြေရှင်းရန်လည်း ပါဝင်ခဲ့သည်။


Credit - Mizzima News

 
 

No comments:

Post a Comment