Friday, April 10, 2015

ရေပက်ခံထွက် ပစ်ကပ်ယာဉ်များ သတ်မှတ် လူဦးရေထက် ပိုမတင်ဆောင်ရ ဟုဆို

ရန်ကုန်၊ ဧပြီ ၁၀။ ။သင်္ကြန်ကာလအတွင်း ရေပတ်ခံထွက်သည့် ပစ်ကပ်ယာဉ်များသည် သတ်မှတ်ဝန်အလေးချိန်ထက် လူဦးရေ ပိုမို တင်ဆောင်မောင်းနှင်ခြင်း မပြုရဟု အမှတ် ၂ ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲရုံးမှ ဒုတိယရဲမှူးကြီး လင်းထွဋ်က  ဧပြီ ၁၀ ရက်တွင်ပြောသည်။

သက်ြန် ကာလ အတွင်းရေ ပက်ခံထွက် ကြသည့် ပစ်ကပ် ယာဉ်များသည်  သတ်မှတ်ဝန်  အလေး ချိန်ထက်  လူဦရေ  တင်ဆောင်မောင်းနှင် ကြသဖြင့်  ယာဉ် တိမ်းမှောက်မှု၊ ယာဉ်မတော် တဆမှု များဖြစ်ပေါ် ခဲ့သဖြင့် လိုက်ထရပ်၊ မီနီ ပစ်ကပ် များ အနေဖြင့် သတ်မှတ် ထားသည့် ၀န်အလေး ချိန်ထက်
ပိုမိုတင်ဆောင် ၍မောင်းနှင်ခြင်း မပြုကြရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်း သိမ်းရေးကြီးကြပ် မှုကော်မတီမှ  ယင်းကဲ့သို့ သတိပေး လိုက်ခြင်းဖြစ်သည်။

ဒုတိယရဲမှူးကြီး လင်းထွဋ်က ''အရေးယူခြင်းကို နောက်မှလုပ်ပြီး ပညာပေးခြင်းကို အဓိကထားမယ်။ တန်ချိန် ပိုနေပြီး ဒီလောက်လူ အင်အားမစီး သင့်ဘူးပြော လို့လိုက်နာမှု မရှိဘူးဆိုရင် ချလန်ဖြတ် အရေးယူမယ်။ တားမြစ်လို့ မရရင် လိုအပ် သလိုပြုလုပ် သွားမယ်'' ဟုပြောသည်။

သင်္ကြန်ကာလအတွင်း အရေးပေါ်ဆက်သွယ်နိုင်သည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဖုန်းများမှာ ၀၁ ၂၉၁၂၈၄၊ ၂၉၁၂၈၅၊  ၂၉၂၂၇၂၊  ၂၉၂၂၈၈၊ ၂၉၆၄၅၄(ယာဉ်မှုစစ် ) ၊ ၅၀၀၀၀၅ တို့ဖြစ်သည်။


Credit - Mizzima News

No comments:

Post a Comment