ရန်ကုန်၊ ဧပြီ (၇)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော် ဆောင်ေ ရး လုပ်ငန်းကော်မတီ (UPWC)တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ ညီစာချုပ် မူကြမ်းပါ အချက်အလက်များကို ဆက်လက်ဆွေးနွေး ပြီးနောက် လိုအပ်သည်များအား အကောင် အထည် ဖော်မှုရှိမှသာ အပြီးသတ် လက်မှတ်ရေးထိုး နိုင်မည်ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) က ဧပြီလ(၇)ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။
NCCT နှင့် UPWC တို့၏ မတ်လ(၃၁)ရက်က ရန်ကုန်မြို့ MPC တွင် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းကို လက်မှတ်ရေးထိုးနိုင်သော်လည်း သက်ဆိုင်ရာ ထိပ်သီးခေါင်းဆောင်များ
ထံ ပြန်လည်အစီ ရင်ခံတင်ပြရမည်ဖြစ်ပြီး ထိပ်သီးညီလာခံပြုလုပ်ကာ အတည်ပြုရဦးမည် ဖြစ်သော ကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။…
““အဲဒါကို အပြီးသတ်လို့တော့ ဘယ်ပြောလို့ရမလဲ။ မူကြမ်းက မူကြမ်းပဲလေ။ ဒါပေမဲ့ သူတို့အပြီး သတ်ဆိုတာ ကတော့ NCCT နဲ့ UPWC ဒီကြားထဲမှာ ညှိနှိုင်းဆောင်ရွက်နေတဲ့ အဆင့်ထိ သဘောတူထားတဲ့ အဆင့်ထိပါပဲ။ ဒါပေမဲ့ နှစ်ဖက်စလုံး သဘောတူထားတာကတော့ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်တွေက တစ် ဆင့် နောက် ထပ်တင်ပြရမယ့် တာဝန်ရှိတယ်။ ဒီမူကြမ်းကို နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ အခြေအနေရှိပြီလား ဆိုတာ စဉ်းစားပြီး ဆုံးဖြတ်ရမှာပါ။ အဓိက လက်မှတ်ထိုးနိုင်ဖို့၊ အတည်ပြုနိုင်ဖို့က တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေး သဘောတူညီချက်ကို ရယူရေး၊ နှစ်ဖက်စလုံး ယုံယုံကြည်ကြည် လက်မှတ်ရေးထိုးနိုင်ရေးအတွက် အဆင့်သင့် ဖြစ်ပြီဆိုရင် ဆောင်ရွက်ဖို့ သဘောတူ လက်ခံရေးထိုးတာ မဟုတ်ဘဲနဲ့ လိုအပ်တဲ့ အခြေအနေတစ်ခုကို ဖော် ဆောင်ဖို့လို အပ်တာပေါ့။ ဒေသအားလုံး တည်ငြိမ်ဖို့လိုတယ်။ စိုးရိမ်ကြောင့်ကြမှုတွေ ကင်းဖို့လိုတယ်။ ယုံကြည် စိတ်ချတဲ့ ပတ်ဝန်းကျင်ရှိဖို့ လိုတယ်””ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအထွေ ထွေအတွင်းရေးမှူး ဦးခူဦးရယ်က မြန်မာသံတော်ဆင့်သို့ပြောသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးစာချုပ်ကို အတည်ပြုမည့် တိုင်းရင်းသားခေါင်းဆောင်များ၏ ထိပ်သီး ညီလာခံကို ရှမ်းပြည်နယ် ပန်ဆန်း၌ ပြုလုပ်ရန်လျာထားသည်။ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ပတ်သက်၍ ဧပြီ (၇)ရက်က မူဆယ်မြို့၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း)မိုင်းတုံမြို့နှင့်ထား ၀ယ်မြို့တို့တွင် တစ်နိုင်ငံ လုံးပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အတည်ပြုလက်မှတ်ရေးထိုးနိုင်ခြင်းအား ထောက်ခံ သည့် လူထုဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသည်။
ဝိုင်းမော်
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment