၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်မှုပမာဏသည် ယခင်နှစ်ထက်
ရာခိုင်နှုန်း ၅၀ ကျော် တိုးတက်လာပြီး ကန်ဒေါ်လာ သန်း ၆,၆၀၀ကျော် ရရှိခဲ့
သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ ထုတ်ပြန်သော
စာရင်းများ ၌ဖော်ပြ ထားသည်။မြန်မာနိုင်ငံ နယ်စပ် ကုန်သွယ်ရေး ၁၅ ခုမှ ပို့
ကုန် ကန်ဒေါ်လာ ၄,၂၆၅ ဒသမ ၅၈၂ သန်းဖိုး တင်ပို့ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ
၂,၃၉၄ ဒသမ ၇၀၆ သန်းဖိုး တင်သွင်း ခဲ့ခြင်းဖြစ်သည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ-မဇ္ဈိမ
ယခင်ဘဏ္ဍာနှစ်ထက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ၂,၀၇၂ ဒသမ ၁၉၄ သန်းဖိုး ပိုမိုခဲ့ပြီး ပို့ကုန် ပမာဏ ကန်ဒေါ်လာ ၁,၅၀၄ ဒသမ ၃၉၂ သန်း၊ သွင်းကုန် ပမာဏ ကန်ဒေါ်လာ ၅၆၇ ဒသမ ၈၀၂ သန်းဖိုး ပိုမို ကုန်သွယ်နိုင် ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ နယ်စပ် ကုန်သွယ်ရေး စခန်းများ အနက် တရုတ်-မြန်မာ နယ်စပ်ရှိ မူဆယ် ကုန်သွယ်ရေးဇုန်က ကုန်သွယ် မှုပမာဏ အများ ဆုံးဖြစ်ပြီး စုစုပေါင်း နယ်စပ်ကုန်သွယ်မှု ပမာဏ၏ ၇၈ ရာခိုင်နှုန်းကျော် ရှိခြင်းဖြစ်သည်။
၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ ပို့ကုန် ကန်ဒေါ်လာ ၃,၅၉၃ ဒသမ ၃၈၀ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး သွင်းကုန် ၁,၆၁၆ ဒသမ ၅၇၆ သန်းဖိုး တင်သွင်းခဲ့ရာ ယခင်နှစ်ကုန်သွယ်မှု ပမာဏထက် ကန်ဒေါ်လာ ၁,၆၉၂ ဒသမ ၂၇၂ သန်းဖိုး ပိုမိုခဲ့သည်။
အခြား တရုတ်နိုင်ငံနှင့် ထိစပ်နေသော နယ်စပ် ကုန်သွယ်ရေး စခန်း များဖြစ်သည့် လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက် တီးနယ်စပ် စခန်းများအနက် လွယ်ဂျယ် ကုန်သွယ်ရေးစခန်းကသာ ယခင်နှစ်ထက် ကုန်သွယ်မှု အနည်းငယ် ကျဆင်း ခဲ့ခြင်းဖြစ်သည်။
မူဆယ်ကဲ့သို့ မြန်မာနိုင်ငံ၏ အဓိက နယ်စပ် ကုန်သွယ်ရေး စခန်း တစ်ခုဖြစ်သော ထိုင်းနိုင်ငံနှင့် ထိစပ်နေ သည့်မြဝတီ နယ်စပ် ကုန်သွယ်ရေးဇုန် တွင်လည်း ယခင်နှစ်ထက် ကုန်သွယ်မှု ကန်ဒေါ်လာ ၁၇၆ သန်းကျော်ဖိုး ပိုမိုကုန်သွယ်နိုင်ခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၄၄၇ ဒသမ ၉၉ သန်းဖိုးရှိခဲ့သည်။
Credit - Mizzima News
No comments:
Post a Comment