ပုသိမ်၊ ဧပြီ ၇
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသ ကြီးတိုင်းရင်းသား ရေးရာဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရား သူကြီးချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများ အားလုံး ၀င်ငွေခွန် ပေးဆောင် ရတော့မည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက ဧပြီလ(၃)ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။
““တိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင်အားလုံးဟာ မိမိတို့ရရှိတဲ့ ၀င် ငွေအပေါ်မှာ နိုင်ငံတော်ကိုအခွန်ပေးဆောင်ဖို့ ပြည်ထောင်စုဝန်ကြီးဌာနကနေ ကျွန်တော့်ဆီကို ဧပြီလ (၂) ရက် နေ့မှာ စာရောက်လာပါတယ်။ ကျွန်တော်တို့နဂိုတုန်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်
ပုဂ်္ဂိုလ်များရဲ့ စရိတ် ချီးမြှင့်ငွေ အဆောင်အယောင် ဥပဒေပုဒ်မ(၂၂)မှာ ခံစားခွင့်ဝင်ငွေ အပေါ်မှာ အခွန်ကောက်ခံစေရမည် လို့ပါပါ တယ်။ ပြည်ထောင်စုဝန်ကြီး ဌာနက ပို့တဲ့စာထဲမှာတော့ ပြည်ထောင်စု လွှတ်တော်ဥပဒေ (၅၄၊ ၅၅၊ ၅၆၊ ၅၇) အရ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်နေ့ကစပြီး ကင်းလွတ်စေရမည်ဆိုတဲ့ အစားအခွန်ကောက်ခံရမည် လို့ပါ တယ်။ ဒီဇင်ဘာလ(၉)ရက်နေ့ နောက်ပိုင်းကစပြီး တိုင်းဒေသကြီးအဆင့်အဖွဲ့ အစည်းဝင်ငွေခွန်တွေကို ၀င်ငွေ ခွန် ဥပဒေပုဒ်မ (၁၆) အပိုဒ်ခွဲ (က)ပုဒ်မခွဲ(၁၈)တို့အရ ၀င်ငွေခွန်တွက်ချက်ပြီး ကောက်ခံသွားမှာပါ”” ဟု ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက မြန်မာသံတော်ဆင့်သို့ပြောသည်။…
အဆိုပါ ၀င်ငွေခွန်များအား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်မှစ၍ မတ်လ(၃၁)ရက် အထိ ကျသင့် အခွန် ငွေများတွက်ချက်၍ ဧပြီလတွင် ပြန်လည်ထမ်းဆောင်စေမည်ဖြစ်ပြီး ဧပြီလမှစ၍ နောက်ပိုင်း လများတွင် တစ် လချင်း၊ တစ်ဦးချင်းရရှိသည့် စရိတ်ချီးမြှင့်ငွေ ပေါ် တွင် ဖြတ်တောက်ခု နှိမ်ပေးချေ သွားရမည်ဖြစ်ပြီး ယခုကဲ့သို့ စရိတ် ချီးမြှင့်ငွေအပေါ် ၀င်ငွေခွန်ကောက်ခံရာတွင် ၀င်ငွေခွန်ဥပဒေအရ တွက်ချက်ရာ၌ သက်သာ ခွင့်ရာခိုင် နှုန်းများနုတ်ခြင်း၊ အိမ်ထောင်ရှိသူအား (၅)သိန်းနုတ်ခြင်း၊ ကလေးရှိသူအား (၃)သိန်းနုတ်ခြင်းစသည့် အချက် များ ပါဝင်သည့်အတွက် အခွန်ပေးဆောင်ရာတွင် တစ်ဦးနှင့် တစ်ဦး ကွာခြားမှုများရှိနိုင်သည်။
အဆိုပါ ၀င်ငွေခွန် တွက်ချက်ရာတွင် သက်သာခွင့် နှုန်းထားများနုတ်ပြီး တစ်ဦးလျှင် တစ်နှစ်ပတ်လုံး ၀င်ငွေ ကျပ်သိန်း(၂၀)နှင့် အထက် ရှိသူများ အခွန်ပေးဆောင်ရမည်ဖြစ်ပြီး ယခုကဲ့သို့ ၀င်ငွေခွန်ပေး ဆောင်ရေ သာ ကြောင့် မည်သည့် အခွင့်အရေးမျှ နိုင်ငံတော်ထံမှ ပြန်လည်ရရှိမည် မဟုတ်ကြောင်း ဦးဝင်းကိုကိုက ဆက် လက် ပြောကြားသည်။ လတ်တလောတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် တစ်လလျှင် စရိတ်ချီးမြှင့်ငွေ အဖြစ် ကျပ်သိန်း (၃၀)ရရှိ သည်။
ရဲရင့်ထွန်း(ပုသိမ်)
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment