မှုခင်းဖြစ်စဉ်များတွင် အစိုးရ၀န်ထမ်းများဖြစ်သည့် ရဲဝန်ထမ်း၊ ဥပဒေအကြံပေး၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး ၊တရားသူကြီး များ၏ အကျင့်ပျက် ချစားမှုဖြစ်စဉ် များကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော် ဥက္ကဌ များထံ ပေးပို့မည်ဟု မကွေး ကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ က မိန့်သည်။
အစိုးရ ၀န်ထမ်း များသည် မသက်ဆိုင် သည့် ပုဒ်မ နံပါတ် များဖြင့် အမှုဖွင့်ခြင်း ၊ငွေကြေး လာဘ်လာဘ မရ၍ အမှု မဖွင့်ပေးခြင်း၊ တရားမမှု များစီရင် ရာတွင် တရားမျှတမှု မရှိခြင်း အစ ရှိသည့် အမှုတွဲ ၁၀ တွဲကျော်ကို သက်သေ အပြည့် အစုံဖြင့် ဧပြီလ စတုတ္ထ ပတ်တွင်နိုင်ငံတော် သမ္မထံ တင်ပြမည်ဖြစ် သည်ဟု ဦးပါမောက္ခက မိန့်သည်။
ဦးပါမောက္ခက “ ဘုန်းကြီးတို့က ဥပဒေကို ၀င်ရောက်စွက်ဖက်တာ မျိုးမရှိဘူး။ တရား မှုကနေ မတရား မှုတွေဖြစ်နေလို့ ၀င်ရောက် တည့်မတ်ပေးတာ။ တရား ဥပဒေနဲ့အညီ အစိုးရ ၀န်ထမ်းတွေက ဆောင်ရွက်ရင် အကျင့်ပျက်ချစားမှု၊ လာဘ်စားမှုတွေ မရှိတော့ရင် ဘုန်းကြီးတို့ ကလည်းအေးအေး ချမ်းချမ်းနဲ့ စာသင် စာချ တရားထိုင် အလုပ်ကိုပဲ လုပ်မှာပါ။” ဟုပြောသည်။
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဧပြီ ၉ ရက်တွင် ရန်ကုန်မြို့ City Star ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲပြု လုပ်ခဲ့သည်။
ဦးပါမောက္ခ အပါအ၀င် သံဃာတော်များက တရားဥပဒေ စိုးမိုးရေးကို ထိခိုက်လာနိုင်သည့် မှုခင်းကိစ္စများတွင်ဝင်ရောက် စွက်ဖက်နေ သည်ဟု ဆိုကာ ရန်ကုန် တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဂိုဏ်ပေါင်းစုံ တိုင်းသဲဃ နာယကအဖွဲ့သို့ ဧပြီ ၂ရက်က တိုင်ကြားစာပေးပို့ခဲ့သည့် အတွက် ယင်းသို့ ၀င်ရောက် စွက်ဖက်ခြင်း မဟုတ်ဘဲ ကူညီပေးခြင်းသာ ဖြစ်သည်ဟု ဆရာတော်က သတင်းစာ ရှင်းလင်းပွဲ တွင်ပြော ကြားခဲ့သည်။
အဆိုပါ တိုင်ကြားခံရ မှုနှင့် ပတ်သက်၍ သံဃာ့ နာယက ဆရာတော် ကြီးများက တစ်စုံ တစ်ရာ ခေါ်ယူ စစ်ဆေးခြင်း၊ သတိပေးခြင်းများ မပြု လုပ်သော်လည်း အသိပေး အကြောင်း ကြားစာပေး ပို့ထားသည် ဟု ဦးပေါမောက္ခက ဆိုသည်။
ဆရာတော် ဦးပါမောက္ခက '' မြန်မာတစ်နိုင်ငံလုံးရှိရဲတွေ တရားဥပဒေစိုးမိုးမှုရှိအောင် တရားဥပဒေနှင့်အညီ လုပ်ဆောင်ပေးမယ်ဆိုရင် ဘုန်းကြီး တို့မည်သည် တရားရုံးစခန်းမှ မသွားဘူးဟု ဘုန်းကြီးက ကတိက၀တ်ပြုပါတယ်။ နိုင်ငံတော်သမ္မတက အပြစ်ရှိတဲ့ပုဂ္ဂိုလ်ကို အပြစ်ရှိတဲ့အလျှောက် အမြန်ဆုံးအရေး ယူပေးပါ လို့ သတ်ဆိုင် ရာဌာန ကိုမေတ္တာရပ် ခံပါတယ်'' ဟု မိန့်ကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားစာပေးပို့ရာတွင် အမှုတွဲတွင် ပါဝင်သူများ၏ သက်သေခံ လက်မှတ်များကိုပါ တစ်ပါတည်း ပူးတွဲ တင်ပြသွား မည်ဖြစ် ပြီး ယင်းအမှုတွဲတွင် ပါဝင်သူများက ဦးပေါမောက္ခထံ လာရောက် အကူအညီတောင်းခံ ကြသူများဖြစ် သည်ဟုသည်။
Credit - Mizzima News
No comments:
Post a Comment