ရန်ကုန်၊ ဧပြီ ၈
Sky Net In house channel နှင့် Myanmar National TV (mntv) ရုပ်သံလိုင်းတို့တွင် မတ်လ ၅ ရက်က အဝေးပြေး လမ်းမကြီးပေါ် တွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကို ထုတ်လွှင့်ဖော်ပြခဲ့ ရာ ရွှေစင်စင်္ကြာနှ င့် ရွှေစင်္ကြာ မှားယွင်းဖော်ပြခဲ့သဖြင့် နို့တစ်စာပို့၍ အထွေထွေ လျော်ကြေးငွေတောင်းခံမှုကို ညှိနှိုင်းဖြေရှင်းခြင်း မရှိပါက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဧပြီလ ၈ရက်တွင် မှားယွင်းဖော်ပြ ခံရသည့် ရွှေစင်စင်္ကြာကုမ္ပဏီလီမိ တက်၏ အကျိုးတော်ဆောင်တရား လွှတ်တော်ရှေ့နေ ဦးနေလက မြန်မာသံတော်ဆင့်သို့ပြောသည်။
““ဆရာတို့က အဲဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမှားနေပါတယ်လို့ ဆက်သွယ်ခဲ့တယ်။ ဒီဌာနနဲ့ မဆိုင်ဘူး။ နောက် ဌာနပြောင်းနဲ့ ဌာနတွေ ဆင့်ကဲဆင့်ကဲ လွှဲပေးတယ်။ ဆရာတို့က ဘယ်သူ့ကိုသွားပြီး ဆက်သွယ်ရမှန်း မသိတဲ့ ဘ၀ရောက်လာတယ်။ ဒီလိုမှားပြီး ထုတ်လွှင့်တော့ ကြိုတင်ဝယ်ထားတဲ့ သူတွေက ဒီကားကို မစီးတော့ဘူးက အစ ဖြစ်လာ တယ်။ အခုနိုင်ငံပိုင်သတင်းစာက တစ်ဆင့် လျော်ကြေးငွေ တောင်း ခံခြင်း နို့တစ်စာကို ကြေညာ လိုက်တယ်။ ဒီကြားထဲတာဝန် ရှိသူအဆင့်ရှိတဲ့သူတွေက ကြေညာထားတဲ့ ၇ရက်အတွင်း လာရောက် ညှိနှိုင်း ခြင်းမရှိရင် တရားစွဲဆိုဖို့ ပြင်ဆင်သွားမှာပါ””ဟူ၍ ရွှေစင်စင်္ကြာ ကုမ္ပဏီလီမိတက်ကိုယ်စား အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။…
ဧပြီလ ၈ရက်ထုတ် နိုင်ငံပိုင် အစိုးရအာဘော် သတင်းစာများတွင် အဆိုပါ သတင်းမှားယွင်းဖော်ပြမှုကို (နို့တစ် စာ) Sky net in house channels, Myanmar National TV ၏ မမှန်သတင်းထုတ်လွှင့်ခြင်းအတွက် Shwe Than Lwin Media Co.Ltd သို့ လျော်ကြေးငွေ တောင်းခံခြင်းခေါင်းစဉ်ဖြင့် အထွေထွေလျော်ကြေးငွေ ကျပ် သိန်းပေါင်း တစ်သောင်းတိတိ ပေးအပ် ရန်နှင့် ကြေညာသည့်နေ့မှစ၍ ၇ ရက်အတွင်း လျော်ကြေးငွေပေး အပ် ခြင်းမရှိခြင်း၊ လာရောက်ညှိ နှိုင်းခြင်းမရှိပါက တရားစွဲတောင်းခံ မည်ဟု ဖော်ပြပါရှိသည်။
အဆိုပါ သတင်းမှားယွင်း ဖော်ပြမှုနှင့် စပ်လျဉ်း၍ ရွှေသံလွင်ကုမ္ပဏီရုံးချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန် ရှိလူကြီးများ ခရီးသွားနေသဖြင့် သက်ဆိုင်ရာ Sky Net ရုပ်သံသတင်းဌာန တာဝန်ခံကို ဆက်သွယ်မေးမြန်း ရန် ပြန်လည် ဖြေကြားသည်။
ထို့နောက် Sky Net ရုပ်သံသတင်းဌာန၏ သတင်းတာဝန်ခံ ဦးရဲမင်းဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ ““ကျွန်တော် ဘာမှ comment (မှတ်ချက်) ပေးလို့ မရသေးပါဘူး။ ဒီဘက်က On Going ပြန်လည် စိစစ်မှုတွေ လုပ်နေပါ တယ်”” ဟု ဖြေကြားသည်။
ဝတ်ရည်နွေးနွေး
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment