Thursday, April 9, 2015

သာသနာရေးမှ တရားဟောခွင့် ပိတ်လိုက်၊ ဖွင့်လိုက်ပြုခြင်းခံခဲ့ရသည့် ဒယ်အိုးဆရာတော် နံရိုးကျိုး၍ တရားပွဲ ၂ လ နား

 ရန်ကုန်၊ ဧပြီ ၈

မင်္ဂလာတိုက် စာသင်ကျောင်း ပဓာနဆရာတော် ဥူးသုမင်္ဂလ (ဒယ်အိုးဆရာတော်)သည် ဘယ်ဘက်နံရိုးကျိုး၍ ကျန်းမာရေး အခြေအနေအရ တရားပွဲ ၂ လ ခေတ္တ အနားယူထားရသည်ဟု ဆရာတော်၏ တပည့်ရင်းဖြစ်သူ ကိုမြတ်နိုးက ဧပြီလ ၈ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

““လွန်ခဲ့တဲ့ ၂ လလောက်က ကျောင်းဝင်းထဲမှာ ရေစင်ကတိုင်ကီကို ဆရာတော်ကြီးက ၀ိုင်းမရင်း ဘယ်ဘက် နံရိုးကျိုးသွားတာ။ အခုတော့ ပြန်ကောင်းတယ် ဆိုပေမယ့် ထိုင်ထတော့ သိပ်မလှုပ်ရှားနိုင်သေးဘူး။ တရားပွဲ တွေက စဖြစ်တဲ့ ၂ လလောက်တည်းက နားထားရတာ။ အခုထိပဲ”” ဟု ကိုမြတ်နိုးက ပြောသည်။

ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလသည် တပ်မတော်အစိုးရ လက်ထက်နှင့် သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက် အစပိုင်း၌ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် တာဝန်ယူစဉ် သာသနာရေးမှ တောင်းဆို မှုကြောင့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ ဆုံးဖြတ်ချက်ဖြင့် တရားဟောခွင့် ပိတ်ပင်ခြင်း ခံခဲ့ရကာ သာသနာရေးဝန်ကြီး သူရဦးမြင့်မောင် ပြန်လည်တောင်းဆိုမှုဖြင့် တရားပွဲဟောခွင့် ပြန်လည်ရရှိ ခဲ့သော နာမည်ကြီး ဆရာတော် တစ်ပါး ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းက ရွှေည၀ါဆရာတော်ကို သာသနာရေးမှ တရားဟောခွင့် ပြန်လည်ပိတ်ပင်ခဲ့ပြီး ဒယ်အိုးဆရာတော်ကို တရားဟောခွင့်ပိတ်ပင်ခြင်း မရှိကြောင်းသိရှိရသည်။

ဝတ်ရည်နွေးနွေး


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment