Monday, February 23, 2015

ကိုးကန့်ဒေသ တိုက်ပွဲများတွင် ကြက်ခြေနီများ တိုက်ခိုက်ခံရမှု လက်ခံနိုင်စရာ မရှိဟု ထုတ်ပြန်

ကိုးကန့်ဒေသ လောက်ကိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကြက်ခြေနီများ တိုက်ခိုက်ခံရမှုသည် လက်ခံနိုင်စရာမရှိသည့် လုပ်ဆောင်ချက်ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကန့်ကွက်ရှုံ့ချလိုက်သည်။

Kokang-Battle-02
(ဓာတ်ပုံ - အီးပီအေ)



ဖေဖေါ်ဝါရီ ၂၂ ရက် တွင်ထုတ်ပြန်သည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ထုတ်ပြန်ချက်တွင် ကြက်ခြေနီများ တိုက်ခိုက်ခံရမှုအတွက် တုန်လှုပ်မိပြီး ကြက်ခြေနီများ၊ သတင်းထောက်များနှင့် အရပ်သားများ တိုက်ခိုက်ခံရသည်ကို “ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့လုပ်ရပ်ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ သာလှရွှေကို ကိုးကားလျက် ဖေါ်ပြထားသည်။

ကယ်ဆယ်ရေးလုပ်ငန်များ ဆက်လက်လုပ်ဆောင်နိုင်ရန် အရေးကြီးပြီး အန္တရာယ်ကင်းရှင်းစွာ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကြက်ခြေနီများ၊ အရပ်သားများကို မတိုက်ခိုက်ကြရန်လည်း ဒေါက်တာ သာလှရွှေ က တိုက်တွန်းထားသည်။

ဖေါ်ဖေါ်ဝါရီလ ၂၁ ရက် နေ့လည်ပိုင်းတွင် ကြက်ခြေနီ အလံလွှင့်ထူထားသည့် လူ ၁၃ ဦးပါကား လုံးထန်းနှင့် ချင်းရွှေဟော်ကြား ရာခူကိုင်ဈေးအနီးတွင် တိုက်ခိုင်ခံခဲ့ရသည်ဟုလည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ တိုက်ခိုက်ခံရမှုတွင် ကြက်ခြေနီလုပ်သား ဦးကျော်ဇော်ထူး၊ သတင်းထောက်တစ်ဦးနှင့် အရပ်သား သုံးဦးတို့ ဒဏ်ရာရရှိခဲ့သည်။ ကြက်ခြေနီ လုပ်သားနှင့် သတင်းထောက်တို့မှာ လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ပြီး အရပ်သားတစ်ဦးမှာ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Credit - Mizzima News

No comments:

Post a Comment