Friday, February 27, 2015

ရွှေပြည်သာ စက်ရုံလုပ် သမားများ သမ္မတထံ တိုက်ရိုက် စာတင်တောင်းဆို

တောင်းဆိုမှုရသည်အထိ တရားဝင်စာတင်ကာ ဆက်လက်ဆန္ဒပြဦးမည်
ရန်ကုန် (မဇ္ဈိမ) ။ ။ရွှေပြည်သာမြို့နယ်ရှိ စက်ရုံသုံးရုံမှ လုပ်ခလစာ တိုးမြှင့်ပေးရေး အတွက်သပိတ်မှောက် ဆန္ဒပြသည့် အလုပ်သမား များက၎င်း တို့၏တောင်း ဆိုမှုများ ကို ဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့ ကဖြေရှင်းပေးသော် လည်းပြေ လည်မှု မရရှိ သည့်အတွက် သမ္မတ ထံဖေဖော်ဝါရီ ၂၇ရက်တွင် စာတင် မည်ဟု အလုပ်သမား အရေးဆောင် ရွက်သူ ကိုသူဇော်ကြည်ဝင်းက မဇ္ဈိမ သို့ပြောသည်။

Shwe-Pyi-Thar-Worker-Demonstration
လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုနေသည့် ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာ စက်မှုဇုန်မှ အလုပ်သမများကို ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)



"ဝန်ကြီးကိုယ်တိုင် အလုပ်သမား ကိစ္စကို ရှင်းပေး တယ်ပြေလည် မှုမရဘူး။ ကျွန်တော် တို့ဖြစ်စေ ချင်တာက သမ္မတ ညွှန်ကြားချက်အတိုင်း ဘက်လိုက် မှုကင်း တယ် အလုပ်သမားတွေတောင်း ဆိုမှုကို မှန်မှန် ကန်ကန်ဖြေ ရှင်းပေး တဲ့ဆွေးနွေး မှုမျိုး လိုချင်လို့ သမ္မတကို တိုင်ကြားတာပါ"ဟု ကိုသူဇော်ကြည်ဝင်း ကပြော သည်။

ယင်းအပြင်ရန်ကုန်တိုင်းအစိုးရအဖွဲ့က အလုပ်သမားများအနေဖြင့် လစာ တိုးရန် အတွက် စားပွဲဝိုင်းပေါ် တွင်ဆွေးနွေးတောင်း ဆိုမှုအစား စက်ရုံ များရှေ့ပိတ် ဆို့ ဆန္ဒပြမှုသည် ဥပဒေနှင့် မညီညွတ်ဘဲ ဥပဒေကြောင်းအရ ဆက်လက်ဆောင် ရွက်မည်ဟု ဖေဖော်ဝါရီ ၁၇ရက်က ထုတ်ပြန်ချက် အပေါ်လည်း ဘက်လိုက်မှု ရှိပြီး တရားမမျှတ ဟုဆိုကာ သမ္မတထံ ထည့်သွင်း တိုင်ကြားမည်ဟု ၎င်း ကပြောသည်။

လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ရွှေပြည်သာမြို့နယ်အတွင်း ထပ်မံ စုဝေးလှည့်လည် ဆန္ဒပြရန် ရွှေပြည်သာမြို့နယ် ရဲစခန်း၌ ဖေဖော်ဝါရီ ၂၇ရက်တွင်ပင် တရားဝင်ခွင့်ပြုချက် တင်သွားမည်ကာ ဖေဖော်ဝါရီ ၂၇ရက်မှ မတ်လ၃ရက်အထိ စက်ရုံပေါင်း ၃ရုံပေါင်း လူအင်အား ၁၅၀၀ဖြင့် စုဝေး ဆန္ဒပြမည်ဟု ဆိုသည်။ ဆန္ဒပြ သည့်လေးရက် အတွင်း အစိုးရက ညှိနှိုင်းမှု မရှိပါက စုဝေးခွင့်ကို ထပ်မံတင် သွားမည်ဟု ဆိုသည်။

လက်ရှိတွင် စက်ရုံများရှေ့ ပိတ်ဆို့ဆန္ဒပြခဲ့သဖြင့် ဆန္ဒပြ အလုပ်သမားနှစ်ဦးနှင့် အလုပ်သမားအရေး ဆောင်ရွက်သူ ကိုနေဇော်ကြည်ဝင်း ကိုဖေဖော်ဝါရီ ၂၀ ရက် နှင့် ၂၄ရက်တွင် ရွှေပြည်သာ ရဲစန်းက ဖမ်းဆီးကာ အင်းစိန်ထောင်တွင် အကျဉ်းကျ ခံထားရသည်။ ကိုနေဇော်ကြည်ဝင်း၏ မိသားစုများ ကဖေဖော်ဝါရီ ၂၇ ရက် တွင်ထောင် ဝင်စာ သွားတွေ့ ရာရွှေပြည်သာ မြို့နယ် ရဲတပ် ဖွဲ့မှူး၏ အမိန့်အ ရဟုဆိုကာ အင်းစိန်ထောင် ဒု-ထောင်မှူး ကထောင်ဝင် စာတွေ့ခွင့် မပေးခဲ့ပေ။

စက်ရုံသုံးရုံမှ အလုပ်သမားများသည် ဇန်နဝါရီလမှစတင်၍ လုပ်ခလစာကို ယခုရရှိသည့်နှုန်းထက် ကျပ်သုံးသောင်းတိုးပေးရန်တောင်းဆိုကာ ဆန္ဒပြ ခဲ့ခြင်းဖြစ် ပြီး ဖေဖော်ဝါရီ ၁၇ရက်မှ စတင်ကာ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမားများ ကနှစ်ရက် ကြာဆွေးနွေး ညှိနှိုင်းခဲ့သော် လည်းပြေလည်မှု မရခဲ့ပေ။ဖေဖော်ဝါရီ ၂၀ရက်တွင်မူ စက်ရုံ များရှေ့တွင် ပိတ်ဆို့ ဆန္ဒပြသည့် သပိတ်စခန်းနှစ်ခု ဖယ်ရှား ခံရကာ အလုပ်သမား အချို့လည်း ဖမ်းဆီး ခံခဲ့ရသည်။

Credit - Mizzima News

No comments:

Post a Comment