ရန်ကုန် (မဇ္ဈိမ)။ ။ ကျောက်ဆည် တက္ကသိုလ်နှင့်
ကျောက်ဆည်နည်းပညာတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများက ပညာရေး ကျောင်းသား
သပိတ်ကို ထောက်ခံသည့် ဆန္ဒဖေါ်ထုတ်ပွဲအား ဖေဖေါ်ဝါရီလ ၂၅ ရက် နံနက် ၁၀
နာရီတွင် ပြုလုပ်ခဲ့ကြသည်။

(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
အဆိုပါေ ထာက်ခံဆန္ဒဖေါ်ထုတ်မှုကို ကျောက်ဆည်တက္ကသိုလ်(တောမ)နှင့် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တို့မှ ကျောင်းသူ၊ကျောင်းသား ၅၀ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ဆန္ဒထုတ်ဖော်သူများမှာ နည်းပညာတက္ကသိုလ်(ကျောက်ဆည်) ကျောင်းအတွင်းမှ ကျောက်ဆည်မြို့ကို ပတ်ကာ ဗိုလ်ချုပ်ပန်းခြံသို့ လမ်းလျှောက် ချီတက် အလေးပြုကြပြီး ထိုမှ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)သို့ ပြန်လည် ချီတက်ခဲ့ခြင်းဖြစ်ကာ မွန်းလွဲ ၁ နာရီတွင် ပြီးဆုံးခဲ့သည်။
နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ကျောင်းသားများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကိုအောင်မင်းခန့် က "ကျွန်တော်တို့ ထောက်ခံတယ်။ ဒါကို သိအောင် ဆန္ဒဖေါ်ထုတ်တာပဲ။ အခုလိုပညာရေးတိုက်ပွဲဝင်နေတာဟာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်အတွက် ကောင်းဖို့မဟုတ်ဘူး။ မျိုးဆက်အသစ်တွေ အတွက်ပဲ"ဟု မဇ္ဈိမကို ပြောသည်။
ပညာရေးသပိတ်မှောက်စစ်ကြောင်း ထောက်ခံသည့် ဆန္ဒဖေါ်ထုတ်မှုအား မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင်လည်း ဖေဖေါ်ဝါရီလ ၂၃ ရက် က ပြုလုပ်ထားသည်။
Credit - Mizzima News
No comments:
Post a Comment