Thursday, February 26, 2015

လောက်ကိုင်တိုက်ပွဲဝင် စစ်သည်များ အားလေးစား ဂုဏ်ယူခြင်းနှင့် လက် နက်ကိုင် အဖွဲ့ အစည်းများကို ရှုတ်ချဟု ရုပ်ရှင် အစည်းအရုံး ကကြေညာ

ရန်ကုန်။     ။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ကလောက်ကိုင် တိုက်ပွဲဝင် စစ်သားများ အားလေးစား ဂုဏ်ယူခြင်းနှင့် လက်နက်ကိုင် အဖွဲ့အစည်း များကိုရှုတ် ချသည့် ထုတ်ပြန်ကြေညာချက် ကိုဖေဖော်ဝါရီ ၂၃ ရက်ကနိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းကြေ ညာခဲ့သည်။

ယင်းကြေညာချက် သည်ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ရှမ်းပြည်နယ် ကိုးကန့်  ကိုယ်ပိုင်အုပ်ချုပ်  ခွင့်ရဒေသလောက် ကိုင်နယ်မြေ တွင်နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် မွန်မြတ်သည့် စိတ်ဓာတ်ဖြင့် မိမိအသက်ကို ပဓာနမထားဘဲ စွန့်လွှတ် စွန့်စားတိုက်ပွဲ ဝင်နေသည့် တပ်မတော် သားများ၊ တိုက်ပွဲဝင် ရင်းနိုင်ငံတော် အတွက် အသက်စွန့် လွှတ်ခဲ့သည့် တပ်မတော်သားများ၊ ထိခိုက်  ဒဏ်ရာရရှိ
ခဲ့သော တပ်မတော် သားများနှင့် အဆိုပါတပ် မတော် သားများ၏ မိသားစုဝင်များ ကိုမြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ကလေးစားဂုဏ် ယူစွာဖြင့် ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည် ဟုကြေညာ ထားသည်။

နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကိုထိပါးနှောက်ယှက် တိုက်ခိုက်နေသည့် ဖုန်ကြား ရှင်ဦးဆောင်သော ကိုးကန့်သောင်း ကျန်းသူအဖွဲ့နှင့် ပူးပေါင်း ပါဝင်တိုက် ခိုက်နေသော လက်နက်ကိုင် အဖွဲ့အစည်း များကိုမြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံး ကပြင်းပြင်း ထန် ထန်ပြစ် တင်ရှုတ်ချ ပြီးပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ၏အချုပ်အခြာ အာဏာ ကို ထိပါးနှောင့် ယှက်သည့်  လုပ်ရပ်များကို ခုခံတွန်းလှန်  တိုက်ခိုက်နေ သည့်မြန်မာ့ တပ်မတော် ၏ဆောင် ရွက်မှုများ ကိုမြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ကထောက်ခံအပ် ပါသည် ဟုဖော်ပြ ထားသည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး သည်လည်းနိုင်ငံတော်နှင့်ပြည်သူ လူထုအတွက် ကျရာ အခန်းကဏ္ဍမှ တတ်စွမ်း သမျှဆောင်ရွက် သွားမည်ဟု ထုတ်ပြန်ကြေ ညာချက် ၌ဖော်ပြ ထားသည်။


Credit - Mizzima News

LoatKine

No comments:

Post a Comment