ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရလက်ထက်တွင် နိုင်ငံရေး၊ ဥပဒေရေးရာနှင့် စီးပွားရေးကဏ္ဍ များတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖြစ်ပေါ်နေသော်လည်း လူ့အခွင့်အရေး အခြေအနေများမှာ တိုးတက်မှု ရပ်တန့်လျက်ရှိကြောင်း ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန် သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International – AI) အဖွဲ့၏ ၂၀၁၄ ခုနှစ်အတွက် နှစ်စဉ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများအနေဖြင့် ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွင် တိုက်ပွဲများ ၄ နှစ် ကြာလာသည်အထိ ဆက်လက် ဖြစ်ပွားလျက်ရှိပြီး ဥပဒေမဲ့ သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနှင့် အခြား နှိပ်စက်မှုများ၊ အဓမ္မပြုကျင့်ခြင်း အပါအ၀င် လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများ ကျူးလွန်ခြင်းစသည့် အပြည်ပြည် ဆိုင်ရာ လူသားချင်း စာနာမှုနှင့် လူ့အခွင့်အရေး ဥပဒေကို အစိုးရ စစ်တပ်နှင့်ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့ကြကြောင်း တိုင်ကြားချက်များရှိသည်ဟု AI ၏ ၂၀၁၄ ခုနှစ် အတွက် နှစ်စဉ် အစီရင်ခံစာတွင် ပါရှိသည်။…
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူပေါင်း ၉၈၀၀၀ ခန့်ရှိပြီး ၎င်းတို့အား လူသားချင်း စာနာသူများက အကူအညီများ သွားရောက် ပေးကမ်း ရာတွင်လည်း အပြည့်အ၀ သွားရောက်နိုင်ရေးကို အစိုးရက ခွင့်မပြုဘဲ ထားခဲ့ကြောင်းနှင့် အထူးသဖြင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများရှိ ဒုက္ခသည် များထံသွားရောက်ခွင့် မရခဲ့ကြကြောင်းလည်း ထုတ်ဖော် ရေးသားထားသည်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International – AI) အဖွဲ့မှာ နိုင်ငံတကာ အစိုးရများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကို ဖော်ထုတ်နေသည့် အဖွဲ့တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍လည်း မကြာခဏဆိုသလို ထုတ်ပြန်ချက်များ ထုတ်ပြန်ကာ သတိပေးနေသည့် အဖွဲ့တစ်ခုလည်း ဖြစ်သည်။
လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်အတွက် လူ့အခွင့်အရေး ကာကွယ်သူများ၊ သတင်းသမားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် လယ်သမား အများအပြား ဖမ်းဆီးအကျဉ်းကျ ခံနေရမှုနှင့် ပတ်သက်၍လည်း AI ၏အစီရင်ခံစာတွင် ““လူထုအခြေပြု လှုပ်ရှားမှု အဖွဲ့အစည်း တစ်ခု ဖြစ်သည့် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု MDCF အဖွဲ့မှ ခေါင်းဆောင်ဖြစ်သူ ကိုထင်ကျော်ကို ဥပဒေပုဒ်မ ၁၈ ချိုးဖောက်သည်ဆိုသော စွဲချက် ၃ ခုဖြင့် ထောင်ဒဏ် ၁၃ နှစ် ၄ လ ချမှတ်ခဲ့ပြီး အခြားသောြီင်္ဃ အဖွဲ့ဝင် ၃ ဦးကိုလည်း ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း၊ အာဏာပိုင်များက ငြိမ်းစုစီဥပဒေကို ပြင်ဆင်ချက် အချို့ ပြုလုပ်ခဲ့သော်လည်း လွတ်လပ်စွာ စုဝေးခွင့်ကို ကန့်သတ်ထားသည့် အချက်များစွာ ဥပဒေတွင် ပါဝင် နေဆဲဖြစ်သည်ဟု ပါရှိသည်။
မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍လည်း တိုင်ကြားစာပေါင်း ၆၀၀၀ ကျော် မြေယာအငြင်းပွားမှု ကော်မတီ ထံသို့ ရောက်ရှိ ခဲ့သော်လည်း ဖြေရှင်းမှု အားနည်းခဲ့ခြင်းကြောင့် ဒေသခံများက ဆန္ဒထုတ်ဖော်မှုများ၊ ၀င်ရောက် ထွန်ယက်ခြင်းများကို အစိုးရ အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ကြောင်း၊ ယင်းသို့ အကြမ်းဖက် ဖြိုခွင်း မှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ ပါဝင်သူများနှင့် ထောက်ခံ အားပေးသူ များကို ဖမ်းဆီးထောင်ချခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း AI ၏ အစီရင်ခံစာ၌ ရေးသားထားသည်။
နှိပ်စက်ညှဉ်းပန်းမှုနှင့် အခြားဆိုးဝါးစွာ ဆက်ဆံမှုအနေဖြင့် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ အလွတ်တန်း သတင်းထောက် ကိုပါကြီးကိစ္စအား အစီရင်ခံစာ၌ ထည့်သွင်း ဖော်ပြထားပြီး ““တပ်မတော်က ကိုပါကြီးသည် သူပုန်တပ်ဖွဲ့တစ်ခု၏ ဆက်သွယ်ရေး ဗိုလ်ကြီးဖြစ်ပြီး ၎င်းအား ဖမ်းဆီးထားစဉ် ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ် သည်ဟုဆိုသည်။ ပြည်တွင်းနှင့်ပြည်ပမှ ဖိအားပေးမှုများကြောင့် နိုဝင်ဘာလ တွင် ရဲတပ်ဖွဲ့နှင့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နှစ်ကုန်သည် အထိ ယင်းကိစ္စနှင့် ပတ်သက်၍ တစ်ဦးတစ်ယောက်မျှ တာဝန်ခံခိုင်းခြင်း မရှိခဲ့ပေ””ဟု AI က ဆိုထားသည်။
MH-0025
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment