Friday, February 27, 2015

လယ်/ဆည်ဝန်ကြီးဇနီး အမည်ပေါက်ယာမြေများ၏ မူလပိုင်ရှင်တောင်သူ များလျော်ကြေးမရရှိသေး

 နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

နေပြည်တော် ဒကိ္ခဏသီရိမြို့နယ်တွင် သရက်ဇုန်စီမံကိန်းအတွက် ၂၀၁၁ ခုနှစ်အတွင်းက လုပ်ကွက်များ သတ်မှတ်ပေးခဲ့ရာတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင် ၏ဇနီးဖြစ်သူ ဒေါ်ခင်သန့်စင် အမည်ပေါက်ဖြင့် ရွှေနံ့သာ ကျေးရွာ၊ရွှေခဲအင်းကျေးရွာ၊ ဂူနှစ် လုံးဆယ်စုကျေးရွာ များမှ တောင်သူ (၁၅)ဦးတို့၏ ယာမြေများပါရှိသွားပြီး နစ်နာကြေးမရရှိဘဲ ယခုအခါ အဆိုပါလုပ်ကွက်နေရာတွင် အုတ်တံတိုင်းကာရံမှုများ ပြုလုပ်နေသည့်အတွက် ဒကိ္ခဏသီရိမြို့နယ် အုပ်ချုပ်ရေးရုံး၊ ဒကိ္ခဏသီရိမြေ စာရင်းရုံးနှင့် လုပ်ကွက်တာဝန်ခံထံသို့ တောင်သူ(၁၅)ဦးတို့က လုပ်ငန်းဆိုင်းငံ့ပေးရန် တရားဝင် စာဖြင့် ဖေဖော်ဝါရီ (၁၉)ရက်က ပေးပို့တောင်းဆိုထားသည်။

သရက်ဇုန်စီမံကိန်းအဖြစ် သိမ်းဆည်းခဲ့ရာတွင် နေပြည်တော် မြို့ပတ်လမ်းဠ၄ လမ်းနဘေး၊ ယခု သီရိ မင်္ဂလာ ကျေးရွာအနီးရှိ ဆက်စပ်ယာမြေများဖြစ်ပြီး အဆိုပါယာ မြေများပေါ်တွင် လွန်ခဲ့သည့်နှစ် ၃၀ ကျော်ခန့်မှစ၍ စီမံကိန်းသီးနှံ အဖြစ်ကြံစိုက်တောင်သူများက လုပ်ကိုင်ခဲ့သည်။ အဆိုပါ စိုက်ပျိုးမြေများကို ၂၀၁၁ ခုနှစ်က သရက်စိုက် ပျိုးရေးဇုန်အဖြစ် သိမ်းယူခဲ့ပြီးသိမ်းဆည်း စဉ်ကာလမှ ယနေ့အချိန်ထိ နစ်နာကြေး မရရှိသေးဘဲ သက် ဆိုင်ရာများသို့ အကြိမ်ကြိမ်စာဖြင့် တင်ပြထားခြင်းကိုလည်း အုပ်ချုပ် ရေးဆိုင်ရာ ဌာနများနှင့် လုပ်ကွက် ပိုင်ရှင် ဒေါ်ခင်သန့်စင်တို့ဘက်မှ တစ်ကြိမ်တစ်ခါမျှ ညှိနှိုင်းဆွေးနွေးခြင်း မရှိသည့်အတွက် တောင် သူတို့က တရားဝင်စာဖြင့် တားဆီးခဲ့ခြင်းဖြစ်သည်။…

ယင်းကိစ္စနှင့် ပတ်သက်၍ လုပ်ကွက်တာဝန်ခံဗိုလ်ကြီး ဌေးနိုင်ဝင်းထံ ဆက်သွယ်မေးမြန်းခဲ့ရာ ““အဲဒါ ကျွန်တော်ပြောလို့မရဘူး။ ကျွန်တော့်ဆီမှာ အဲဒီလိုပြောပိုင်ခွင့် မရှိဘူး။ အမည်ပေါက်ကတော့ ဒေါ်ခင်သန့် စင်ပါ””ဟု အတည်ပြုဖြေဆို ခဲ့သည်။

ယင်းလုပ်ကွက် အမှတ် ၀၇၂ မှာ အခြားလုပ်ကွက်များနည်းတူ ၂၀၁၁ခုနှစ်အတွင်းက သိမ်းဆည်း ခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းခံရသည့် အချိန်မှစ၍ မြေသိမ်းခံတောင်သူများက လွှတ်တော်ရှိ မြေယာ စုံစမ်း ရေးကော်မရှင်နှင့် သက်ဆိုင်ရာ ဌာနများသို့ စာဖြင့် တရားဝင်တင်ပြခဲ့ပြီး၂၀၁၂ခုနှစ်အတွင်းက မန္တလေးတိုင်းဒေသကြီး၊ မြေယာ စုံစမ်းမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းထွန်းဦးနှင့် ဦးနိုင်ငံလင်းတို့ထံသို့ စာရွက်စာတမ်း အစုံအလင် တင်ပြထားခဲ့ သည်။

လုပ်ကွက်အမှတ် ၀၇၂နှင့် ဆက်စပ်နေသည့် သီရိမင်္ဂလာ ကျေးရွာရှိ ယင်းမြေယာများ၏ ရာဇ၀င်အထောက် အထားများအား သိရှိသည့် ရွာခံတစ်ဦးဖြစ်သည့် ဦးတင်မြင့်မှ““ဒီကွင်းကကိုင်း၊ ပုလွေး ၂-၃ကွင်းလို့ခေါ်ပါ တယ်။ ဒီကွင်းထဲမှာပဲ ၀င်းကုမ္ပဏီကဧက (၁၀၀)သိမ်းတာအတွက် တောင်သူတွေ ကျေနပ်အောင် ပေးလျော် သွားပါတယ်။ အဲဒီလိုပဲယုဇန၊ ဒဂုံအင်တာ နေရှင်နယ်ကုမ္ပဏီတွေ လည်း ပေးလျော်သွားပါတယ်။ အခုလယ် ဆည်ဝန်ကြီး ဇနီးမောင်နှံနှစ်ယောက်က တောင်သူတွေနဲ့တွေ့ ဆုံညှိနှိုင်းခြင်းမရှိတဲ့အပြင် အဓမ္မအနိုင်ကျင့် ခံနေရပါ တယ်””ဟုပြောဆိုခဲ့သည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြေသိမ်းခံတောင်သူများဘက်မှ လက်မှတ်ထိုး၍ ပေးပို့ခဲ့သည့်စာ များကိုသက်ဆိုင် ရာ အာဏာပိုင်များ ထံပေးပို့ ကူညီပေးခဲ့သည့် ဂူနှစ်လုံးဆယ်စုရွာမှ ကိုခင်မောင်ချိုကို လည်းဒကိ္ခဏသီရိ ရဲစခန်းမှ““တောင် သူများနဲ့ ပူးပေါင်းလုပ်ဆောင်မှု မပြုရ””ဟုတားမြစ်ခဲ့ပြီး ဖိအားပေး ခြိမ်းခြောက်မှုရှိ ခဲ့ကြောင်း နှင့် မိမိမှ ပြေလည်အောင်အုပ်ချုပ်ရေး၊ လုပ်ကွက်ပိုင်ရှင်၊ တောင်သူတို့ အကြား ပြေလည်မှု ရရှိစေရန် ဆောင် ရွက်ပေးခြင်းဖြစ်သည်ဟု ပြောသည်။

ဒကိ္ခဏသီရိမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း ၂၁-၂-၂၀၁၅ ရက်နေ့တွင် အဆို ပါ တောင်သူများ နှင့်သွား ရောက်တွေ့ဆုံဆွေးနွေး ခဲ့သည်ကို ဆက်သွယ်မေးမြန်းရာ““မနေ့က တောင်သူတွေနဲ့ သွားတွေ့ပါ တယ်။ သိမ်းဆည်းခဲ့တဲ့ ယာမြေတွေအတွက် လျော်ကြေး လုံးဝမရသေးတဲ့ အကြောင်းတင်ပြကြတယ်။ အဲဒီ အတွက်ကျွန်တော်မြေ/စီကိုတင်ပြ ခိုင်းထားတယ်။ မြေ/စီက ဆောင်ရွက်မပေးရင်တော့ ကျွန်တော် လွှတ်တော် ကို တင်ပြဖို့ စီစဉ်ထားပါတယ်””ဟု ပြန်လည်ပြောပြခဲ့ သည်။

ကိုကိုလွင်(နေပြည်တော်)

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:

Post a Comment