၂၀၀၄ ခုနှစ်မှစ၍ ၂၀၀၇ခုနှစ်အထိ ကျင်းပခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခဲ့ရာ အမျိုးသားညီလာခံသို့ ပါဝင် တက်ရောက်ခဲ့ သူတစ်ဦးဖြစ်သည့် ကိုးကန့်ဒေသ ဦးဖုန်ကြား ရှင်၏တူ (ကိုးကန့်/ခရိုင် ပြည်ခိုင်ဖြိုး အတွင်း ရေးမှူး) ဦးမောင်မောင်ထွန်းသည် မြန်မာစကား ကောင်းစွာတတ် ကျွမ်းခြင်းမရှိဘဲ အနည်းငယ်ပြောဆိုတတ် ခြင်းမျှသာ ရှိကြောင်း ၎င်းနှင့်အတူညီလာ ခံတက်ရောက်ခဲ့သည့် ဦးကျော်နီနိုင် (လောက်ကိုင်မြို့ နယ် ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ်)က ဖေဖော်ဝါရီ ၂၃ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောကြားလိုက်သည်။
အမျိုးသားညီလာခံကို ဗိုလ်ချုပ်ကြီးသိန်းစိန် (ယခုသမ္မတ) ဥက္ကဋ္ဌ အဖြစ်ဦးဆောင်၍ ကျင်းပခဲ့စဉ် အတွင်းဖြစ်ပြီး ကိုးကန့်ဖုန်ကြားရှင်တို့၏ အဖွဲ့မှ ဦးမောင်မောင်ထွန်းကို ဆွေမျိုးရင်းချာဖြစ်၍ အမျိုးသား ညီလာခံသို့ညီလာခံ ကိုယ်စားလှယ် တစ်ဦးအနေဖြင့် စေလွှတ်တက် ရောက်ခဲ့ခြင်းဖြစ်ကာမြန်မာစကား တတ်ကျွမ်းမှုနည်းပါးသော ဦးမောင် မောင်ထွန်းက ၎င်း၏ဦးလေးဖြစ်သူ ဦးဖုန်ကြားရှင်အား အမျိုးသားညီလာခံ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာ ဆွေးနွေးချက်များနှင့် နောင်တစ်ချိန် အစိုးရအ ပြောင်းအလဲတွင် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းတိုင်းရင်းသားများ အခွင့်အရေးဆွေးနွေးချက်များကို သေချာရေရာစွာ ရှင်းလင်းဆွေးနွေးနိုင်ခဲ့ခြင်း မရှိကြောင်းလည်း ““ပြောရမယ်ဆို မောင်မောင်ထွန်းရဲ့ အားနည်းချက်က မြန်မာစာမရဘူးလေ။ ဖရီးရိုက် နေတာ များနေတာဆိုတော့ အဲဒါကြောင့်လည်း ဒီနေ့အချိန် အထိပြဿနာတွေ ဖြစ်သွားတာပဲ””ဟု ဦးကျော်နီ နိုင်က ထည့်သွင်း ပြောကြားခဲ့သည်။…
၂၀၀၁ ခုနှစ်တွင် ကိုးကန့်ဒေသမှ ဦးမောင်မောင်ထွန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် သြ၀ါဒပေးသော ပြည်ခိုင်ဖြိုးဗဟို သင်တန်းကျောင်းသို့ အမှုဆောင်များ စီမံခန့်ခွဲရေးသင်တန်း တက်ရောက်ခဲ့စဉ် ကလည်း မြန်မာစာ အရေးအသားမရဘဲ ၄င်း၏မှတ်စု စာအုပ်တွင် တရုတ်ဘာသာဖြင့် သာအနည်းငယ် ရေး သားခြင်းရှိခဲ့ ကြောင်း၊ ဦးမောင်မောင်ထွန်းနှင့် အတူသင်တန်း တက်ရောက်ခဲ့သော ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင် တစ် ဦးထံ မှသိရှိရသည်။
တပ်မတော်အစိုးရကာလ နှောင်းပိုင်းတွင် ကိုးကန့်ဖုန်ကြားရှင်အဖွဲ့ တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်သွားရာတွင် ဦးမောင်မောင်ထွန်းလည်း ပါဝင်သွားခဲ့ပြီး ကိုးကန့်ဒေသတွင် ဦးမောင်မောင်ထွန်း၏ နေရာခရိုင်ပြည်ခိုင်ဖြိုး အတွင်းရေးမှူးအဖြစ် ဦးခင်မောင်လွင် (ဒေသ ဦးစီးဦးပယ်စောက်ချိန်၏ သား)ကို ပြည်ခိုင်ဖြိုးဗဟိုက ချက်ချင်း ခန့်အပ်ခဲ့ကာ ယခုတိုင် တာဝန်ထမ်းဆောင်လျက်ရှိသည်။
MH-0011
ပုံညွှန်းစာ (၁) - တပ်မတော်အစိုးရလက်ထက်ရန်ကုန်မြို့ ညောင်နှစ်ပင် စခန်း၌ကျင်းပခဲ့သော အမျိုးသားညီလာခံသို့တက်ရောက်ခဲ့သည့် ဦးကျော်နီနိုင်နှင့် ဦးမောင်မောင်ထွန်း (ကိုးကန့်ဖုန်ကြားရှင်၏တူ)တို့ အမျိုးသား ညီလာခံအစည်းအဝေး တက်ရောက် ရန် ရောက်ရှိလာသော မှတ်တမ်းဓာတ်ပုံ။
ပုံညွှန်းစာ (၂) - လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် ဖေဖော်ဝါရီ ၂၃ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်နေစဉ်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald


No comments:
Post a Comment