Wednesday, February 25, 2015

တရားမဝင် မြန်မာရွေ့ ပြောင်းအလုပ်သမား ၅၄ ဦးကို ထိုင်းရဲက ဖမ်းဆီး

 ဘန်ကောက်ပို့စ် (ဘန်ကောက်)

ထိုင်းနိုင်ငံ ဘန်းပါဟန်ခရိုင်တွင် ကားရှစ်စီးပါ ယာဉ်တန်းဖြင့် လိုက်ပါလာကြသည့် တရားမဝင် မြန်မာရွေ့ပြောင်းလုပ်သား ၅၄ ဦးကို ထိုင်းရဲနှင့် စစ်သားတို့က ဖမ်းဆီးရခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ဖေဖော်ဝါရီ ၂၄ ရက်ကဖော်ပြသည်။

အာရှအဝေးပြေးလမ်းတစ်လျှောက် ဘန်ကောက်သို့ မြန်မာရွေ့ ပြောင်းလုပ်သားများကို တင်ဆောင်လာသည့်ဆိုသည့် သတင်းအရ ယာဉ်တန်းကို တာဝန်ရှိသူများက တားဆီးကာ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း လုံခြုံရေးကွပ်ကဲမှု အယုတ္တရရုံးမှ လက်ထောက်ဥက္ကဌဖြစ်သူ ဗိုလ်မှူးကြီး ရွန်နာရွတ်ရန်းဆာဝတ်က ပြောသည်။

မှတ်ပုံတင်ထားသည့် တက္ကစီမီတာတပ်ဆင်ကားသုံးစီးအပါအဝင် ယာဉ်တန်းက ကားရှစ်ကားကို တာဝန်ရှိသူများက ရပ်တန့်ခိုင်းကာ စစ်ဆေးရာတွင် အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၂၃ ဦးနှင့် ကလေးငယ် သုံးဦးတို့ကို အပြည့်အကျပ်တင်ဆောင်ပါရှိလာသည်ကို တွေ့ရှိသည်။ ၎င်းတို့ အားလုံးကို နိုင်ငံခိုးဝင်ခြင်းဖြင့် စစ်ဆေးအရေးယူမည်ဖြစ်ပြီး ပြည်နှင်ဒဏ် ပေးသွားမည်ဖြစ်သည်။

ကားရှစ်စီးမှ ထိုင်းယာဉ်မောင်းများကိုလည်း ဖမ်းဆီးထားသည်။ မြန်မာရွေ့ ပြောင်းသူများကို ချင်းရိုင်ပြည်နယ်ရှိ မာအီဆိုင်းမြောက်ပိုင်း နယ်စပ်မြို့မှ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး ဘန်ကောက်ရှိ အလုပ်ရှင်များထံသို့ ပို့ဆောင်လာခြင်းဖြစ်ကြောင်း ကားသမားများက ပြောသည်။

၎င်းတို့ ကိုလည်း တရားမဝင်ရွေ့ ပြောင်းသူများကို ပို့ဆောင်ပေးခြင်းနှင့် တရားစွဲဆိုပြီး လူကုန်ကူးမှုဖြင့်လည်း ထပ်ဆင့် စစ်ဆေးသွားနိုင်သည်။ စစ်ဆေးမေးမြန်မှုများ တိုး၍လုပ်ဆောင်လျက်ရှိရာ ၎င်းကားသမားများသည် လူမှောင်ခိုဂိုဏ်းများတွင် ပါဝင်သူများဖြစ်နိုင်ကြောင်း အာဏာပိုင်များက ယူဆထားသည်ဟု ဗိုလ်မှူးကြီး ရွန်နာရွတ်က ပြောခဲ့သည်။


Credit - Mizzima News

No comments:

Post a Comment