အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးရန် ပြည်ထောင်စုလွှတ်တော်ရုံးက ပေးပို့သည့်စာအား ဖေဖော်ဝါရီ ၂၀ရက်တွင် ရရှိကြောင်း အမျိုးသားလွှတ်တော်က ထုတ်ပြန်ထားသည်။
ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေပြင်ကြမ်းကို လွှတ်တော်တွင် အတည်ပြုရေးအတွက် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်များ (သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်များ)၊ တက်ရောက်ဆွေးနွေးလိုသည့် နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၊
အမျိုးသားပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER)မှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ကာ ကြားနာသွားမည်ဟု ဆိုသည်။
ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ၂၀ဦးနှင့် ဦးစွာ မတ်လ ၅ရက်တွင် ကြားနာမည်ဖြစ်ပြီး မတ်လ ၆ရက်၌ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ သို့မဟုတ် အတွင်းရေးမှူး (သို့မဟုတ်) ပါတီမူဝါဒဆိုင်ရာ ဆွေးနွေးနိုင်သူ ၂၀ဦး တွေ့ဆုံကြားနာကာ မတ်လ ၇ရက်တွင် NNER မှ ကိုယ်စားလှယ် ၂၀ဦးတို့ကို ဖိတ်ကြား ကြားနာမည်ဖြစ်သည်။
အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက သက်ဆိုင်ရာ ပုဂ္ဂိုလ်များနှင့် ကြားနာမှုကို သတ်မှတ်ရက်များတွင် နံနက် ၁၀နာရီမှ စတင်၍ အမျိုးသားလွှတ်တော် ဆွေးနွေးပွဲ ခန်းမတွင် ကျင်းပမည်ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment