ရန်ကုန် (မဇ္ဈိမ)။ ။ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရောင်းချနိုင်ရေးအတွက်
ကုမ္ပဏီများ၏ ဆန်စပါးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ်သို့ ပေးပို့ပေးပါရန် ဖေဖော်ဝါရီ ၂၄ ရက်တွင်
ထုတ်ပြန်ခဲ့သည်။

ဘုရင့်နောင်
ကုန်စည်ဒိုင်ရှိ ပွဲရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
တရုတ်သို့ ဆန်တင်ပို့ရန် ကုမ္ဗဏီကိုးခုကို ရွေးချယ်ပြီးဖြစ်ပြီး
နောက်တိုးကုမ္ဗဏီများကို ထပ်မံရွေးချယ်မည် ဖြစ်သည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့မည့် ကုမ္ပဏီများ၏ ဆန်စပါးဆိုင်ရာ ကူးသန်းရောင်းဝယ်မှု၊ ကြိတ်ခွဲရေးနှင့် စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းများအတွက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများကို လျှောက်လွှာ(နမူနာ)ပုံစံများ တွင် ဖြည့်စွက်ကာ ဖေဖော်ဝါရီ ၂၇ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ပေးပို့ရ မည်ဖြစ်သည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ ပေးပို့ရာတွင် ကုမ္ပဏီအမည်၊ မှတ်ပုံတင် အမှတ်၊ လုပ်ငန်းလိုင်စင်တို့ကို ဖြည့်စွက်ရမည်ဖြစ်ပြီး ကုမ္ပဏီ၏ နှစ်အလိုက် ဆန်စပါးတင်ပို့မှု အခြေအနေ၊ ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ် မှ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်အထိ ဆန်တင်ပို့သည့်နိုင်ငံ၊ တင်ပို့ခဲ့သည့် တန်ချိန်များကို တင်ပြရမည် ဖြစ်သည်။
ထို့အပြင် ကုမ္ပဏီ၏ ပြည်တွင်းရောင်း ဝယ်မှုအခြေအနေကိုလည်း တင်ပြရမည် ဖြစ်ပြီး ၂ဝ၁၂-၁၃ ဘဏ္ဍာ နှစ်မှ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်အထိ ဆန်အရောင်းအဝယ်ပြုလုပ် ခဲ့သည့်ဒေသ၊ ဆန်အရောင်းအဝယ်ပြုလုပ်ခဲ့သည့် ဆန်အိတ် အရေအတွက်တို့ကို ဖြည့်စွက် တင်ပြရမည် ဖြစ်သည်။
ကုမ္ပဏီများ သိုလှောင်ရုံများ ရင်းနှီးမြှုပ်နှံတည်ဆောက်မှု အခြေအနေကို တင်ပြရမည်ဖြစ်ပြီး သိုလှောင်ရုံ အမျိုးအစားနှင့် သိုလှောင်ရုံအတွင်း ဝင်ဆန့်သည့် ဆန်တန် ချိန်အရေအတွက်တို့ကိုပါ တင်ပြရမည် ဖြစ်သည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ တင်ပြရမည့် အချက်များနှင့် ပတ်သက်၍ အသေးစားနှင့် အလတ်စား ဆန်ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များသည် နယ်စပ်ဆန်အရောင်း အဝယ်သာရှိရာ အသင်းချုပ်က သတ်မှတ်ထားသော ပြည်ပနိုင်ငံများသို့ တင်ပို့မှု၊ ဆန် သိုလှောင်ရုံတည် ဆောက်ထားမှုအခြေအနေများကို တင်ပြရမည့်အချက်အလက်များအပေါ် ဆန်ကုန်သည် အသိုင်းအဝိုင်းက ဝေဖန်လျက်ရှိနေသည်။
လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့ရမည့် ကုမ္ပဏီကိုးခုကို သတ်မှတ်ရွေးချယ်ထားပြီး ဖြစ်ကာ ကုမ္ပဏီ ၁ဝ ခုခန့်ကို တရားဝင်ဆန်တင်ပို့ခွင့်ရရှိရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တရုတ်ဘက်သို့ တောင်းဆိုထားသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် ရွေးချယ်ခံထားရသည့် ကုမ္ပဏီကိုးခုမှာ မြန်မာ့လယ် ယာစီးပွားအများပိုင် ကုမ္ပဏီ၊ Myanmar Rice Mall၊ FRA၊ Golden Land East Asia၊ MRDC၊ ဘုရင့်နောင်ကုန်စည်ဒိုင် လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားသည့် ကုမ္ပဏီတစ်ခု၊ ဧရာပုသိမ်၊ SPRDC နှင့် ရခိုင်အခြေစိုက် ကုမ္ပဏီ တစ်ခုတို့ ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment