စစ်ကိုင်းမြို့တွင် ကုန်းဘောင် ခေတ်လက်ထက်ကတည်း က ဆောက်လုပ်ထားသည့် သမိုင်းဝင် အစေခံခံ တပ်ကြီးအနီး၌ သဲနုံးများ အလွန်အကျွံထုတ်ယူမှုများ ရှိနေသောကြောင့် ခံတပ်ကြီးပြိုကျပျက် စီးသွားမည်ကို ခံတပ်ကြီးအနီး နေထိုင်သူများနှင့် လာရောက်လည် ပတ်ကြည့်ရှုကြသည့် ခရီးသွားပြည် သူများကပါ စိုးရိမ် ပူပန်မှုများ ရှိနေကြသည်။
အဆိုပါခံတပ်ကြီးမှာ စစ်ကိုင်းမြို့၊ ဧမြ၀တီရပ်ကွက်၊ ဧရာဝတီမြစ် ကမ်းနံဘေးတွင်ရှိပြီး သဲနုန်းတူးဖော် ရောင်း ချသူများ၏ တူးဖော်မှုများမှာ ခံတပ်ကြီးအုတ်ရိုး အနီးသို့ရောက်
ရှိနေပြီဖြစ်သည့်အတွက် ရေတိုက် စားမှု များ ကြောင့်လည်းကောင်း၊ အခြားသဘာဝဘေး အန္တရာယ်များ ကြောင့် လည်းကောင်း ပြိုကျပျက် စီးနိုင်သည့်အနေ အထားသို့ရောက် ရှိနေသည်။…
““သဲတွေ၊ နုန်းတွေကိုထုတ် ယူနေတာကတော့ လွန်တယ်ဗျာ၊ ခံတပ်ကြီးအနီးအနားထိကိုရောက် လာပြီ၊ သိပ်မလိုတော့ဘူး၊ ရေကြီး လို့ပဲဖြစ်ဖြစ်၊ တခြားကြောင့်ပဲဖြစ် ဖြစ် ပြိုကျသွားရင်ဘယ်လိုလုပ်မလဲ။ ဒီခံတပ်ကြီး ဆိုတာကလည်းအင်္ဂလိပ် လက်ထက်ကတည်းက ခံတပ်ကြီး ဗျ။ သမိုင်းဝင်လို့ ပြောလို့ရတယ်။ နှစ်ပေါင်းက လည်း မနည်းတော့ဘူးလေ။ ဒီခံတပ်ကြီးကို သက်ဆိုင်ရာတွေအနေနဲ့ သေသေချာချာလေး ထိန်းသိမ်း သင့်ပါ တယ်”” ဟု မြို့ခံ ပြည်သူတစ်ဦးဖြစ်သူ ဦးမောင်တင်က မြန်မာ သံတော်ဆင့်သို့ပြောသည်။
အဆိုပါ ခံတပ်ကြီးအနီး သဲနုန်း တူးဖော်သူများရောင်းချသူများမှာ ၎င်းတို့တူးဖော်ခွင့်ရရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို ရန်ပုံငွေပြန်လည်ပေးဆောင်ရမှုများလည်း ရှိသည်။
““ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြောပြီး တူးတာပါ။ အဲဒီအတွက် ကျွန်တော်တို့က သူ့ကို ရန်ပုံငွေ သဘောမျိုး အနေနဲ့ တစ်ခေါက်ကို ၁၅၀၀ ကျပ်ပေးရတယ်၊ တစ်နေ့ကို ပျမ်းမျှ ၁၅ ခေါက်လောက်တူးတယ်။ ဒါကလည်း ကျွန်တော်တို့တင် မဟုတ်ဘူး၊ တခြားရပ်ကွက်က လာတူးတဲ့ သူတွေလည်းရှိတယ်။ တူးတဲ့သူတွေက ကျွန် တော်တို့ အပါအ၀င် ၄-၅ဦး လောက်တော့ရှိတယ်။ သဲတူးတာလည်း အဲဒီအတိုင်းပဲ သိပ် မကွာဘူး””ဟု ဧမြ၀တီရပ်ကွက်တွင် နေထိုင်ပြီး သဲနုန်းများ တူးဖော်ရောင်းချသူ ကိုအောင်နိုင်လင်းက မြန်မာသံတော်ဆင့် သို့ပြောသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ““တစ်ထောင်ကောက်တယ်၊ တစ်နေ့ကို အကြိမ်ရေကတော့ ခန့်မှန်းလို့မရဘူး၊ တချို့ကျတော့ တစ်ခေါက်လောက် တူးတာ၊ တချို့ကျတော့ ၂ ခေါက် ၃ ခေါက်လောက် ပဲတူးတာ၊ တူးလို့ရတဲ့ ရန်ပုံငွေတွေကို အရင်လက်ထက်ကတည်းက ရပ်ကွက်ဖွံ့ဖြိုးရေးဖြစ်တဲ့လမ်း၊ ကွန်ကရစ်တိုင်၊ မီးကြိုး စတဲ့နေရာ တွေမှာသုံးတယ်။ အခုခေတ်အခါ ကလည်း အရင်တုန်းကလို ကောက်ခံ လို့မှမရတော့တဲ့ ဟာလေ။ နောက် လည်း တူးတာကို ခွင့်မပြုတော့ပါဘူး””ဟု ဧမြ၀တီ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းဦး က မြန်မာသံတော်ဆင့် သို့ ပြောသည်။
အဆိုပါ အစေခံ ခံတပ်ကြီးကို မင်းတုန်းမင်းတရားကြီးလက်ထက် ခရစ်နှစ် ၁၈၇၉ ခုနှစ်တွင် ကင်းဝန် မင်းကြီး၏ တိုက်တွန်းစီမံချက်ဖြင့် ပြည်တွင်း ရန်သာမက ပြည်ပရန် များကိုပါ ကာကွယ်ရန်အတွက် တည်ဆောက် ထားခြင်း ဖြစ်ကာ အီတလီရေကြောင်း စစ်ဘက်ဌာနမှ ကွန်မိုတိုပယ်ရီနှင့် မိုလီနာရီတို့က ကြီးကြပ်၍ မြန်မာအင်ဂျင်နီယာ များနှင့်အတူ တည်ဆောက်ထားသည့် ရှေးဟောင်းခံတပ်ကြီးတစ်ခု ဖြစ်သည်။ ခံတပ်ကြီးမှာ စက်ဝိုင်းခြမ်း ပုံသဏ္ဌာန်ရှိပြီး မြို့ဘက်သို့ လှည့်၍ တည်ဆောက်ထားလျက် အကျယ်အ၀န်းအားဖြင့် တောင် မြောက်အရှည် (၂၄၀)ပေ၊ အရှေ့ အနောက်ပေ(၃၂၀)ရှိကာ အမြင့်၉ ပေရှိသည်။ ၁၈၈၅ခုနှစ်၊အင်္ဂလိပ်- မြန်မာတတိယစစ်ပွဲ တွင် ကနောင်မင်းသားကြီး၏ သားတော်ကျွန်း ညွန့်မင်းသား ဦးစီးတိုက်ပွဲဝင်ခဲ့ သောခံတပ်ကြီး လည်း ဖြစ်သည်။
အောင်ကိုဝင်း
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

No comments:
Post a Comment