Monday, February 23, 2015

ထန့်စန်းဂူအနီး သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

မန္တလေး (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဟိုပုန်းနှင့် မိုင်းပွန်ကြား မိုင်တိုင်အမှတ် ၁၄၃ အနီး၊ ထန့်စန်းဂူဘုရား အထက်နားတွင် ဖေဖော်ဝါရီလ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် တောင်ကြီးဘက်မှ မောင်းနှင်လာသော အိမ်စီးကား CRV အမျိုးအစား ကားပေါ်မှ အရပ်ဝတ်ဖြင့် သေနတ်ကိုင် နှစ်ဦးမှ အိမ်စီးကား တစ်စီးကို သေနတ်ဖြင့် ငါးချက်ခန့် ပစ်ခတ်၍ တားဆီးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ နမ့်စန်မြို့နယ်မှ ကိုမိုးလွင်က မဇ္ဈိမကို ပြောသည်။

Thansangu
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၀၈ ရက်နေ့တွင် ထန့်စန်းဂူအား အပြင်ဘက်မှ တွ့မြင်ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)



''ကျွန်တော်တို့လည်း ကြောက်တော့ မောင်းပြေးရတယ်။ တောင်ကြီးကလာတဲ့ ကားတွေကလည်း ပြန်လှည့်ပြေးတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ မသိဘူး။ ကားအရောင်က အဖြူရောင်ပါ။ ထိခိုက်ဒဏ်ရာတော့ မရှိဘူး။ ဘယ်အဖွဲ့ကလည်း လို့တော့ပြောဖို့ခက်တယ်။ အရပ်ဝတ်တွေနဲ့ ဆိုတော့လေ။ တစ်ယောက်က သေနတ်အရှည်နဲ့ တစ်ယောက်က ပစ္စတိုလိုဟာမျိုးနဲ့ပဲ'' ဟု ဦးမိုးလွင်က ပြောသည်။

အဆိုပါနေရာသည် ဘုရားဖူးကားများ နေ့စဉ်သွားနေသော နေရာဖြစ်ပြီး ယခုလို ပစ်ခတ်မှုမျိုး ထိုနေရာတွင် ဖြစ်ပွားမှု မရှိခဲ့ဘူးကြောင်းနှင့် ထိုနေရာသည် သာသနာ့နယ်မြေဟု ထန့်စန်းဂူမှ ဈေးရောင်းပြန်လာသူ စိုင်ကျော်စွာက ပြောသည်။

Credit - Mizzima News

No comments:

Post a Comment