ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်တွင် ကြားနာမည့် ရက်ရှည်ကြာပါက ပြဿနာများ ပိုမိုကြီးထွားလာနိုင်ကြောင်းနှင့် ယုံကြည်မှုတည်ဆောက်ရေးကိုပါ ထိခိုက် စေနိုင်ေ ကြာင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် ပညာရေး စနစ်ပြုပြင် ပြောင်း လဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် (NNER)တို့က ဖေဖော်ဝါရီ၂၅ ရက်ကထုတ်ပြန်ခဲ့ သည့် မေတ္တာ ရပ်ခံ ကြေညာ ချက်တွင် ထည့်သွင်း ဖော်ပြလိုက်သည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒကြမ်းအား ကြားနာမည့်အစီအစဉ်ကို ဖေဖော် ၀ါရီ၂၅ရက် ထုတ် နိုင်ငံပိုင် သတင်းစာများတွင် အမျိုးသားလွှတ်တော်က ထည့်သွင်းကြေညာခြင်းနှင့် ပတ်သက်၍ ဒီမိုက ရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနှင့် (NNER) တို့က အချက် ၇ချက်ပါ မေတ္တာရပ်ခံချက် တစ်စောင် ကို ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။…
လွှတ်တော်တွင်ကြားနာမည့် အစီအစဉ်မှာ လွှတ်တော်သမိုင်းတွင် ပုံမှန်မဟုတ်ဘဲ ထူးခြားသည့် အစီ အစဉ် အဖြစ် ထုတ်ပြန်ချက် တွင် ဖော်ပြထားကာ ကျောင်းသား သပိတ်စစ်ကြောင်းများကလည်း အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် သပိတ်စစ်ကြောင်း များ ခေတ္တရပ်နားကာ စောင့်ကြည့်လျက်ရှိသည်။
ယင်းထုတ်ပြန်ချက်တွင် အစိုးရက ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန်သို့ဝင် ရောက်လာလျှင် အရေး ယူမည်ဆိုသည့်အတွက် ယခုကြားနာမည့် အစီအစဉ်မှာ အစိုးရသဘောထားကို အကောင်အထည် ဖော်သ လို ဖြစ်နေကြောင်း၊ လွှတ်တော်တွင် ကြားနာမည့် အစီအစဉ်ကြောင့် ကျောင်းသားသပိတ်စစ်ကြောင်းများ ရန်ကုန် ၀င်ရေး၊ မ၀င်ရေးအကျပ်အတည်း အဖြစ်ရှိနေပြီး ကြားနာမည့်ရက် ရှည်ကြာလာပါက ပြဿနာများ ပိုမိုကြီး ထွားလာနိုင်ကြောင်း၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက အလေးအနက်ထားသည့် ကျောင်း သားများ ငြိမ်းချမ်းစွာပညာသင် ကြားရေးနှင့် စာမေးပွဲဖြေဆိုနိုင်ရေးကို ပျက်ပြားစေမည့် အစီအစဉ်များ ဖြစ်မည် ကို စိုးရိမ်ကြောင်းနှင့် ပြဿနာများကြီးထွားကာ ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေ နိုင်သည့်အတွက် အမျိုးသားလွှတ် တော်အနေဖြင့် ကြားနာမည့် အစီအစဉ်များကို ၄ ပွင့်ဆိုင်ကိုယ်စားလှယ် များနှင့် ပြန်လည် ညှိ နှိုင်းစေလိုကြောင်းတို့ ပါရှိသည်။
““လွှတ်တော် လုပ်ငန်းစဉ်မှာလည်း တစ်ခါမှမကြားဖူးတဲ့ လုပ်ငန်းစဉ်ပဲ။ အမျိုးသား ပညာရေးတစ်ခုမှာမှ ကြားနာတယ်ဆိုတဲ့ဟာက နည်းနည်း ဆန်းကြယ်နေတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ နောက်ပြီးတော့ အရပ်ဘက် အဖွဲ့အစည်း ဆိုတာကလည်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးတို့၊ အမျိုးသမီးရေးရာတို့ သူတို့က မှတ်ပုံတင် ထားတဲ့အဖွဲ့ အစည်းတွေဖြစ်နေ တယ်။ ဒါက လက်ဝါးချင်းရိုက်တဲ့ ကိစ္စတွေ ဖြစ်နေတယ်။ အစိုးရက ကစား ကွက်အဖြစ် မကစားသင့်ဘူး။ အမျိုးသားပညာရေးသည် ပွင့်လင်း ရမယ်၊ မြင်သာရမယ်””ဟု (NNER) အဖွဲ့ဝင် ဒေါက်တာအာကာ မိုးသူက မြန်မာသံတော်ဆင့်သို့ပြောသည်။
လတ်တလောတွင် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင် ဆွေးနွေးမှုများပြု လုပ်နေသည့် ကာလအတွင်း အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးကို ဝေဖန်ပြောဆိုမှုများတွင် ဘာသာရေးနှင့် အမျိုးသား ရေးတို့နှင့် သက်ဆိုင်သည့်ဝေဖန်မှုများမှာ အများဆုံးဖြစ်နေသည်။
MH-0030
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment