Monday, February 23, 2015

အလုပ်သမားများ ဆန္ဒပြမှု ဆူပူအကြမ်းဖက်မှုဟုဆို သွေးထိုးလှုံ့ဆော်သူများ အရေးယူမည်ဟု ထုတ်ပြန်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ စက်မှုဇုန်များတွင် မကြာခဏ ဖြစ်ပေါ်လေ့ရှိသည့် လုပ်ခလစာ တိုးပေးရန် အလုပ်သမားဆန္ဒပြမှုများကို အရေးယူတော့မည်ဟု အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

Shwe-Pyi-Thar-Worker-Demonstration
လုပ်ခလစာတိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုနေသည့် ရွှေပြည်သာမြို့နယ်ရှိ ရွှေပြည်သာ စက်မှုဇုန်မှ အလုပ်သမများကို ဖေဖော်ဝါရီ ၂၀ ရက် ညပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ)



သတင်းထုတ်ပြန်ချက်တွင် “ဆူပူအကြမ်းဖက်ဆန္ဒပြ အလုပ်သမားများ သိနိုင်ရန်” ဟု သုံးနှုန်းထားသည်ကို တွေ့ရှိရသည်။

အလားတူပင် ဥပဒေနှင့်မညီသော အကြမ်းဖက် တောင်းဆိုမှုများ၊ ပိတ်ဆို့ဆန္ဒပြမှုများ အပါအဝင် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက် ပျက်ပြားစေမည့် လုပ်ရပ်များနှင့် ပါဝင် ပါသက်သူများ၊ သွေးထိုးသူများ၊ အားပေး အားမြောက်ပြုလုပ်သူများကို အရေးယူသွားမည်ဟု သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဇန်ဝါရီ ၂၈ ရက်မှစတင်သည့် ရွှေပြည်သာစက်မှုဇုန်နှင့် လှိုင်သာယာ စက်မှုဇုန်များရှိ အထည်ချုပ်စက်ရုံများတွင် လုပ်ခလစာတိုးပေးရန် တောင်းဆိုကြသည့် အလုပ်သမားများသည် စက်ရုံများကို ဝင်ထွက်မရအောင် ပိတ်ထားခြင်း၊ အလုပ်လုပ်လိုသူများကို ဟန့်တားခြင်း၊ စက်ရုံပိုင်ရှင်နှင့် အုပ်ချုပ်ရေး ဝန်ထမ်းများကို  ပိတ်ဆို့ခြင်း စသည့် ဥပဒေမဲ့လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ၏ စက်ရုံအလုပ်ရုံများသည် တိုးတက်လျက်ရှိနေပြီး ဆန္ဒပြမှုများကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်မလာဘဲ လက်ရှိအခြေအနေထက် လျော့ကျသွားနိုင်သည်ဟုလည်း ပါရှိသည်။

Credit - Mizzima News

No comments:

Post a Comment