နေပြည်တော်(မဇ္ဈိမ)။ ။ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ ကိုရောက်ရှိနေ သည့်ကျောင်းသား ပင်မသပိတ် စစ်ကြောင်း အန္တရာယ် ကင်းစွာဆက် လက်ချီ တက်နိုင်ရေး အတွက် ဗကသကျောင်းသား ကိုးဦး ပါဝင်သည့် ပင်မကျောင်းသား သပိတ်ခေါင်းဆောင်များ လွှတ်တော် ဥပဒေကြမ်းကော် မတီနှင့်တွေ့ ခဲ့သည်ဟု ဗမာနိုင်ငံလုံး ဆိုင် ရာကျောင်းသား သမဂ္ဂများ ဥက္ကဋ္ဌ ကိုကျော်ကိုကို က ယနေ့ နံနက်ပိုင်းက မီဒီယာ ကိုပြောသည်။
ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌနှင့်ကော်မ တီဝင်များနှင့် သပိတ် စစ်ကြောင်းကျောင်း သားခေါင်းဆောင် များနှင့် ဗမာနိုင်ငံ လုံးဆိုင် ရာကျောင်းသား သမဂ္ဂ များအဖွဲ့
မှကျောင်းသားခေါင်းဆောင် များလွှတ်တော် အဆောက် အအုံ -၂ တွင် လာရောက်တွေ့ ဆုံဆွေးနွေးစဉ် သတင်းထောက်များ ကိုပြော သည်။
''သပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို အန္တရာယ် ကင်းကင်းနဲ့ ချီတက်နိုင်ရေး၊ရောက် ရှိရေးအတွက် အစိုးရ ကိုရောလွှတ်တော် ကိုရောဆွေးနွေး ရမယ့် အချက်တွေရှိ ပါတယ် ဘာလို့ ဆိုတာက ကျွန်တော် တို့ပြောထား ပြီး သားလည်းဖြစ် တယ်အစော တည်းကရည်မှန်းချက်ချပြီးသားလည်းဖြစ်တယ်။ ကျွန်တော်တို့ကဒီဥပဒေ အတည်မပြုမ ချင်း ကျွန်တော် တို့အနေနဲ့ သပိတ် လှန်တာ မရှိဘူး။ ဒါကြောင့် ကျွန်တော် တို့ ရှေ့ဆက် သွားရမယ် ဆိုတဲ့ လုပ်ငန်း စဉ်တွေကို အစိုးရ အဖွဲ့ နဲ့ လွှတ်တော်နဲ့ အကျေ အ လည်ဆွေးနွေးဖို့ အရေးကြီး တယ်''ဟု ၄င်း ကပြော ခဲ့သည်။
အမျိုးသား ပညာရေး ဥပဒေပြင် ဆင်နိုင်ရန် ဆန္ဒပြကျောင်း သားများ အဖွဲ့များ မှကျောင်း သားခေါင်းဆောင် များဖြစ်သည့် ကိုကျော်ကိုကို ၊ ကိုမိုးထက်နေ ၊မဖြိုးဖြိုးအောင် ၊ ကိုမင်းသွေးသစ် ၊ မဟန်နီဦး ၊ ကိုအောင်မှိုင်းဆန်း ၊ ကိုနန္ဒစစ်အောင် ၊ ကိုအောင်နေပိုင်၊ ကိုရဲရင့်ကျော်တို့နှင့်ပြည်သူ့ လွှတ်တော်၊ လွှတ်တော် ဥပဒေ ကြမ်းကော်မတီ ဥက္က ဋ္ဌ ဦးတီခွန်မြတ်၊အတွင်းရေး မှူး ဦးစောလှထွန်း အပါအဝင် ကော်မတီဝင်များနှင့် ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက လွှတ်တော် အဆောက် အအုံ I-2 တွင်တွေ့ ဆုံခဲ့ကြ သည်။
ထိုသို့တွေ့ဆုံနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်ခဲ့သည့်အလုံမြို့နယ်အမတ် ဦးခိုင်မောင်ရည် က''ဒီနေ့ ကပြည် သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ နဲ့တွေ့ တာပါ၊တွေ့ပြီးတော့ ဥပဒေရေးရာနဲ့ ပတ် သက်တဲ့ လုပ်ငန်း စဉ်တွေ ကိုဥပဒေ ကြမ်းကော် မတီက ရှင်းပြတာ၊ အဲဒီ အပေါ် မူတည် ပြီးတော့ သူတို့ဘက် ကဆွေးနွေး သင့် တာတွေဆွေးနွေး ဖို့မေးချင် တာတွေမေးဖို့။ ဒါပေမယ့် အချိန်ကတော့ အတော် လေးနည်းနေတဲ့အတွက် ဒုတိယ ပိုင်းထပ်တွေ့ဖို့ ဥပဒေကြမ်းကော်မတီ ကို ထပ်တောင်း ထားတဲ့ အတွက် အခု ထမင်းစားပြီးရင် ဒုတိယပိုင်း ဆက်ဆွေးနွေးမှာပါ'' ဟုကျောင်းသား များနှင့်နေ့လယ် ထပ်မတွေ့မီ မီဒီယာ သို့ဖြေကြားသည်။
ထို့အပြင် ၄င်းက ''နာယကကြီးနဲ့ လည်းတွေ့နိုင်အောင် ခွင့်တောင်းထား ပါတယ်။ အဓိက ကတော့တွေ့ဖို့ လာ တဲ့ကျောင်း သားတွေဟာ အခုလက်ပံ တန်းရောက်နေတဲ့ ပင်မသပိတ် စစ်ကြောင်း ကကျောင်း သားတွေပါ။ လက်ရှိ အခြေ အနေ ကိုကျော် လွှားလွန်မြောက် ဖို့အတွက် တစ်ခုခု ဒါနဲ့ ပတ်သက်ပြီး အခြေအနေ တစ်ခုပျော့ပျောင်း သွားနိုင်အောင်ဆောင် ရွက်ဖို့သူတို့ ရည်ရွယ်ကြ ပါတယ်''ဟုလည်းဖြေ ကြားခဲ့သည်။
ကိုကျော်ကိုကိုက ''ကျွန်တော်တို့ကျောင်းသားတွေ ဘက်ကတော့ မိမိတို့ရဲ့မူ လရည်မှန်းချက်အတိုင်း ဆက်ပြီးဆောင်ရွက်သွားမယ်။ နည်းပရိယာယ်အားဖြင့် ပုံသဏ္ဍာန်ြေ ပာင်း ချင်ပြောင်း ခိုင်းမယ်၊ သပိတ်စစ်ကြောင်း ရန်ကုန်ရောက် ရှိရေးဆိုတဲ့ မူသဘောထားကိုတော့ ဆက်ပြီးဆုပ်ကိုင်ထားမယ်''ဟုသတင်းထောက်များ ကိုပြောသည်။ ထိုတွေ့ဆုံပွဲ၏ရလဒ်ကို သိရှိနိုင် ရန် ညနေ ၄း၁၅ နာရီအထိ ဖုန်းများ ဆက် သွယ်၍ မရခဲ့ပါ။
Credit - Mizzima News
No comments:
Post a Comment