Friday, February 27, 2015

ထောင်ကျနေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အားလုံးလွှတ်ပေးရန် MDCF အဖွဲ့ဆန္ဒထုတ်ဖော် လက်ရှိအစိုးရအား အယုံအကြည်မရှိ၍ ခွင့်ပြုမိန့်မယူခဲ့

 ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံရှိ အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျခံနေရ သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အကျဉ်းသား များအားလုံး လွတ်မြောက်ရန်အတွက် ဒီမိုကရေစီစဉ် ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF)က ဖေဖော်ဝါရီ လ ၂၆ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့၌ လူအင်အား ၅၀ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး လက်ရှိအစိုးရ အား အယုံအကြည် မရှိသောကြောင့်ခွင့် ပြုမိန့်မယူခဲ့ကြောင်း MDCFမှ ဦးဆောင်ဆန္ဒဖော်ထုတ်သူ ကိုကျော် ဇင်လတ်က ပြောသည်။

ဆန္ဒထုတ်ဖော်ရာတွင်““အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး””၊ ““အရပ်သားအစိုးရပေါ်ပေါက်ရေး””၊ ““အာဏာရှင်စနစ်ကျဆုံးရေး”” စသည်တို့ ကြွေးကြော်ခဲ့ပြီး လက်ရှိအကျဉ်းကျခံနေရသော တက်ကြွ လှုပ်ရှား သူများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ကြသည်။…

““၁၉၈၈ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့်လွတ်ခဲ့သော နိုင်ငံရေးအကျဉ်း သားရှိခဲ့ပြီး ပြစ်မှုပြစ်ဒဏ် ခံနေရသော ထောင်ကျအကျဉ်းသား မရှိပါ။ ထောင်လွတ်ရက်မရှိသော တိုင်းရင်းသား များကိုယခင် ဗိုလ်ချုပ်ကြီး ဟောင်းဦးခင်ညွန့်ရဲ့ အိတ်ပိတ် ထောင်ချအမိန့်တွေနဲ့ မတရားခံနေ ရသော၊ ပြစ်မှုပြစ် ဒဏ် မမျှ သော ထောင်ကျသမားတွေ ဟောဒီအင်း စိန်ဗဟိုအကျဉ်း ထောင် ထဲမှာရှိပါ တယ်။ ပုဒ်မ ၁၈ခွင့်ပြုချက် တင်ရ မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သိပြီးသားလည်းဖြစ်တယ်။ တင်လိုက်ပြီဆိုရင် ကျွန်တော်တို့ လုပ်ချင်တဲ့ နေရာကို မပေးဘူးဖြစ်တယ်။ ဒီအစိုးရကို အယုံအကြည် မရှိတဲ့အတွက်ကြောင့်လည်း ခွင့်ပြု ချက်ကိုမတင်ပါ ဘူး””ဟု ဦးဆောင် ဆန္ဒဖော်ထုတ်သူ MDCF အဖွဲ့မှ ကိုကျော်ဇင်လတ်က ပြောသည်။

အဆိုပါ ဆန္ဒပြမှုအား အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးမင်းက နှစ်ကြိမ်တိုင်တိုင်လာရောက် တားမြစ်ခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲ မတိုင်မီကလည်း အင်းစိန် ထောင်ရှေ့၌ သွပ်ဆူးကြိုးများ ချထားကာ လုံခြုံရေး အင်အားများစွာဖြင့် စောင့်ကြပ်ထားသည်။

““ဥပဒေကြောင်းအရ လွဲနေတဲ့အကြောင်းကို လာပြီး အသိပေးခြင်းဖြစ် တယ်။ ဥပဒေမှာ ဥပဒေနဲ့ အညီလုပ် ဖို့၊ နိုင်ငံသားတိုင်းသည် ဥပဒေနဲ့အညီလုပ်ဖို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂိ္ဂုလ်တွေက ဆောင် ရွက်ပေးလိမ့်မယ်။ တင်ဖို့ကအစ်ကို့ ညီတို့ရဲ့တာဝန်၊ ခွင့်ပြုချက်မရှိဘဲ ဒီလိုမျိုးစုစည်းတဲ့စုဝေးတဲ့ ကိစ္စတွေသည် ဥပဒေနဲ့မညီဘူး”” ဟုအင်းစိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအေးမင်းက ပြောကြားသည်။

လက်ရှိအချိန်တွင် MDCF အဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုထင်ကျော်မှာ နိုင်ငံရေး တက်ကြွလှုပ် ရှားမှုများကြောင့် အင်းစိန် အကျဉ်းထောင်၌ ပြစ်ဒဏ် ၁၃ နှစ် ၄ လ ကျခံနေရသည်။

““ခွင့်ပြုချက်တင်ရင် ဘယ်လို လဲဆိုတာလဲတင်ခဲ့ဖူးပါတယ်။တင် တဲ့အခါ သူတို့မှာကင်းလွတ်ချက်တွေ အများ ကြီးထည့်ထားတယ်။ ၄၅ချက်လောက်ရှိတယ်။ပုဒ်မ ၁၈ နဲ့ မညှိရင်တောင် ကင်းလွတ်ချက်နဲ့ ညှိစွန်းနေရင် ပုဒ်မ ၁၉နဲ့ ပြန်စွဲတာပါ။ ဒီနေရာမှာ အကျဉ်းသားတွေ တကယ်ရှိတယ်။ အကျဉ်းသားတွေ ရှိတဲ့နေရာကိုကျွန်မတို့ လာတောင်းတယ်””ဟု အကျဉ်းကျခံ ကိုထင်ကျော်၏ ဇနီးဖြစ်သူ မသန်းသန်းမော်က ပြောကြားခဲ့သည်။

ဝိုင်းမော်


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

  

 

No comments:

Post a Comment