Friday, February 27, 2015

သမ္မတဦးသိန်းစိန်နှင့် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ကို ယုံကြည်သော် လည်း ရွေးကောက်ပွဲ မ၀င်တော့ကြောင်း ကြံ့ခိုင်ရေး ဗဟိုအကြံပေး ဗိုလ်မှူးကြီးမောင်ပါပြော

 နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

၂၀၁၅ နှစ်ကုန်ပိုင်းတွင် အစိုးရက ပြုလုပ်ပေးမည့် ရွေးကောက်ပွဲမှာ ပျက်ပြားစရာ အကြောင်းမရှိဘဲ ပေးထားသော ကတိ အတိုင်း ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟု အစိုးရနှင့် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်တို့အပေါ်ယုံကြည်ကြောင်း အာဏာ ရ ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ပါတီ ဗဟိုအကြံပေး ဦးမောင်ပါ (ဗိုလ်မှူးကြီး)က ဖော်ဖော်ဝါရီ ၂၃ ရက် တွင် မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်ပေးရန် ကတိပေးထား သူများဖြစ်ေ သာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် သမ္မတ ဦးသိန်းစိန်တို့သည် စစ်သား များဖြစ်၍ ပေးထားသော ကတိအတိုင်းရွေးကောက် ပွဲ ပြုလုပ်ပေးမည်ဟု ယုံကြည်ကြောင်း ဗိုလ်မှူးကြီးမောင်ပါက ထုတ်ဖော် ပြောကြားသော်လည်း ၎င်းကိုယ်တိုင် ကမူ ၂၀၁၅ ရွေးကောက်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ခြင်း ပြုတော့မည် မဟုတ်ဘဲ ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီး ခနောင်တိုမြို့နယ် ဒေသတွင် ဘာသာရေးနှင့် လူမှုရေး၊ သာရေးနာရေး လုပ်ငန်းများကို မြို့ခံများနှင့် ပူးပေါင်း လုပ်ဆောင်နေသည်မှာ အရှိန်ရနေပြီ ဖြစ်သည့်အတိုင်း ဆက်လက်လုပ်ဆောင် ပေးသွား မည်ဖြစ်ကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။…

ယခုအခါ အသက် ၇၆ နှစ်ရှိပြီဖြစ်သော ရန်ကုန် ဒုမြို့တော်ဝန်ဟောင်း ဗိုလ်မှူးကြီးမောင်ပါက ““ကျွန်တော် ကတော့ ယုံကြည်တယ်။ ပြောနေကြ တာလည်း သူ့ဘာသာသူ ဘယ်လိုပြောနေနေ စစ်သားတွေပြော တာပဲလေ။ ဦးတင်အေးတို့၊ ဦးသိန်းစိန်တို့၊ ကျွန်တော်ကတော့ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ထင်တယ်။ ကျွန်တော်ထင်တာ ပြောတာပါ။ ကျွန်တော်ကတော့ မရွေးတော့ဘူးလေ။ ကျွန်တော် ၇၆၊ ၇၇ လောက်ဆိုရင်။ ကျွန်တော်မညာချင်ဘူး။ ကျွန်တော် အောက်ပဲသွားတော့မယ်။ ဆိပ်ကြီးခနောင်တို ပိုချစ်တယ်။ ကျွန်တော် အဲဒါလုပ်ရတာလည်း ဂုဏ်ယူတယ်။ အဲဒါကို သံသရာအထိ ယူသွားမှာလေ””ဟု မြန်မာ သံတော်ဆင့် သို့ ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီးမောင်ပါသည် တပ်မတော်အစိုးရ စတင်ဖွဲ့စည်းသည့် ကာလများမှပင် မကွေးတိုင်းဒေသကြီးဥက္ကဋ္ဌ၊ ရန်ကုန် ဒုတိယမြို့တော်ဝန်၊ ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းတာဝန်ခံ တာဝန်များကို ထမ်းဆောင်ခဲ့ကာ တပ်မတော်အစိုးရ သက်တမ်းတစ်လျှောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ယုံကြည် စိတ်ချရသူ တပ်မှူးကြီး တစ်ဦးအဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်သည်။ တပ်မတော်အစိုးရ ကာလတစ်လျှောက်တွင် ဗိုလ်မှူးကြီးမောင်ပါ နေထိုင်ခဲ့သော အစိုးရနေအိမ်မှာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဒေါ်အောင်ဆန်း စုကြည် အမှတ် (၅၄) နေအိမ်ခြံနှင့် ကပ်လျက်တွင် နေထိုင်ခဲ့ပြီး ယခုအခါ နေပြည်တော်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အာဏာရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအကြံပေး အဖွဲ့ဝင်အဖြစ် နိုင်ငံရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

ဗိုလ်မှူးကြီးမောင်ပါ၏ ဇာတိဖြစ်သော ကျောက်ပန်းတောင်းမြို့တွင် လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ၄င်းအကျိုးပြု လှူဒါန်းခဲ့ခြင်းများရှိပြီး အဆိုပါဒေသတွင်မူ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း (ဗိုလ်ချုပ်ဟောင်း)မှ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီတွင် အသက်အရွယ်နှင့် ကျန်းမာရေးတို့အရ အနားယူ လိုကြသော်လည်း ပါတီထိပ်တန်း ခေါင်းဆောင်တာဝန်ဖြစ်သော ဗဟိုအကြံပေး အဖွဲ့တွင် ပါဝင်နေကြသူများမှာ ဦးသောင်း (ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် DSA အပတ်စဉ်(၁)ဆင်း၊ ဗိုလ်မှူးကြီး)၊ ဦးမောင်ပါ(ဗိုလ်မှူးကြီး)၊ ဦးလွန်းသီ (ဗိုလ်မှူးချုပ်)၊ ဒေါက်တာမြဦး (ကျန်းမာရေးဒုဝန်ကြီးဟောင်း)တို့ ပါဝင်သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီတွင် ပါတီထိပ်တန်း ဗဟိုကော်မတီဝင်များမှ အသက် ၇၀ ကျော် အရွယ်များ ဖြစ်ကြသည့် ပါတီဗဟို အတိုင်ပင်ခံ ဦးအောင်သောင်း၊ ဦးတင်ထွတ် တို့သည်လည်း လာမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ခြင်း မပြုတော့ကြောင်း မြန်မာသံတော်ဆင့်သို့ ပြောကြားမှုများ ရှိခဲ့သော်လည်း ပါတီဌာနချုပ်မှ တရားဝင် ထုတ်ပြန် ကြေညာမှု မရှိသေးပေ။

MH-0011


မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 
 

No comments:

Post a Comment