Wednesday, February 25, 2015

မန္တလေးခရိုင်တွင် အမှုကြီး (၁၀) မျိုးအနက် လူသတ်မှုနှင့် မုဒိမ်းမှု အများဆုံး ဖြစ်ပွားနေဟုဆို

မန္တလေး (မဇ္ဈိမ)။ ။ ၂ဝ၁၄ ခုနှစ်တွင် မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း အမှုကြီး ၁ဝ မျိုးအနက် လူသတ်မှုနှင့် မုဒိမ်းမှုများ အများဆုံးဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမှုကြီး ၁ဝ မျိုးတွင် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ ဖောက်ထွင်းမှု၊ တိရိစ္ဆာန်ခိုးမှု၊ မုဒိမ်းမှု၊ နိုင်ငံ တော်ပုန်ကန်မှု၊ လက်နက်မှုနှင့် မတရာသင်းအမှုတို့ ပါဝင်သည်။

''ပြီးရင်လောင်းကစားပေါ့။ လောင်းကစားလုပ်ရင် ငွေရေးကြေးရေး လိုအပ်လာ လို့ရှိရင် သူရဲ့အကျင့်စရိုက်တွေ ပျက်ပြားလာနိုင်တဲ့အတွက် လောင်းကစားတွေကို ဖမ်းဆီးရတယ်'' ဟု ၎င်းက ပြောသည်။

အမှုကြီး ၁ဝ မျိုးဖြစ်ပွားရသည့် အဓိကအကြောင်းရင်းဖြစ်သော ကြိုတင်ကာကွယ် မှု ၁ဝ မှုတွင် ၂ဝ၁၄ ခုနှစ် အတွင်း လက်နက်မှု ၁၄၁ မှု၊ လောင်းကစားမှု ၁၆၆မှု၊ ပြည့်တန်ဆာမှု ၄၆ မှု၊ ကျင့် ၅၄ မှု ၈၃ဝမှု၊ ယစ် မျိုးမှု ၆၃၇ မှု၊ ရဲအက် ၃,၈၅၈ မှု၊ ခြေချုပ်မှု ၂ဝ၊ မူးယစ်ဆေးဝါးမှု ၂၅၈ မှု၊ အရေးပေါ်စီမံမှု ငါးမှုနှင့် ဆင်ဆာမဲ့မှု ၃၇ မှုတို့ ဖြစ်ပွားခဲ့သည်။

ထို့ပြင် ပြည့်တန်ဆာများအား ဖမ်းဆီး ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိပြီး မန္တလေးမြို့ပေါ်မှာ မလိုလား အပ်သော ပြဿနာများ ဖြစ်ပေါ်လာခြင်းများအတွက် အဓိကဖမ်းဆီးမှုများကို လုပ်ဆောင်နေရကြောင်း၊ ယစ်မျိုး ပစ္စည်းအတွင်း ပါဝင်သော အရက်သေစာ လိုင်စင်မရှိဘဲရောင်းချနေသည့် နေရာများကိုလည်း ဖမ်းဆီးမှု များကို လုပ်ဆောင်နေကြောင်း၊ သို့မှသာ မှုခင်းဖြစ်ပွားမှု လျော့ကျသွားမည်ဖြစ်ကာ အမှုကြီးများလည်း လျော့ကျသွားမည် ဖြစ်သည်ဟု ဆိုသည်။

''အရက်တွေသောက်ပြီးရင် အရှိန်ရလာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားတွေများ၊ ရန်တွေ ဖြစ်ကြ၊ ရိုက်ကြ၊ နှက်ကြနဲ့ ဖြစ်ကြတယ်။ အဲဒီကနေ စိတ်ကို မထိန်းချုပ်နိုင်ဘဲနဲ့ လူကိုသတ်တဲ့အထိ အမှု အခင်းတွေဖြစ်ကြတယ်။ ဒါကြောင့်မို့ အရက်ကိုလည်းဖမ်းရတယ်''ဟု ၎င်းက ဆက်ပြောသည်။

မန္တလေးခရိုင်တွင် အမှုကြီး (၁၀)မျိုးအနက် လူသတ်မှုနှင့် မုဒိမ်းမှု အများဆုံး ဖြစ်ပွားနေဟုဆို
မျိုးသန့်

မန္တလေး၊ ဖေဖော်ဝါရီ ၂၄
၂ဝ၁၄ ခုနှစ်တွင် မန္တလေးခရိုင် ခုနစ်မြို့နယ်အတွင်း အမှုကြီး ၁ဝ မျိုးအနက် လူသတ်မှုနှင့် မုဒိမ်းမှုများ အများ ဆုံးဖြစ်ပွားခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှုကြီး ၁ဝ မျိုးတွင် လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ ဖောက်ထွင်းမှု၊ တိရိစ္ဆာန်ခိုးမှု၊ မုဒိမ်းမှု၊ နိုင်ငံ တော်ပုန်ကန်မှု၊ လက်နက်မှုနှင့် မတရာသင်းအမှုတို့ ပါဝင်သည်။

''ပြီးရင်လောင်းကစားပေါ့။ လောင်းကစားလုပ်ရင် ငွေရေးကြေးရေး လိုအပ်လာ လို့ရှိရင် သူရဲ့အကျင့်စရိုက် တွေ ပျက်ပြားလာနိုင်တဲ့အတွက် လောင်းကစားတွေကို ဖမ်းဆီးရတယ်''ဟု ၄င်းကပြောသည်။

အမှုကြီး ၁ဝ မျိုးဖြစ်ပွားရသည့် အဓိကအကြောင်းရင်းဖြစ်သော ကြိုတင်ကာကွယ် မှု ၁ဝ မှုတွင် ၂ဝ၁၄ ခုနှစ် အတွင်း လက်နက်မှု ၁၄၁ မှု၊ လောင်းကစားမှု ၁၆၆မှု၊ ပြည့်တန်ဆာမှု ၄၆ မှု၊ ကျင့် ၅၄ မှု ၈၃ဝမှု၊ ယစ် မျိုးမှု ၆၃၇ မှု၊ ရဲအက် ၃,၈၅၈ မှု၊ ခြေချုပ်မှု ၂ဝ၊ မူးယစ်ဆေးဝါးမှု ၂၅၈ မှု၊ အရေးပေါ်စီမံမှု ငါးမှုနှင့် ဆင်ဆာမဲ့မှု ၃၇ မှုတို့ ဖြစ်ပွားခဲ့သည်။

ထို့ပြင် ပြည့်တန်ဆာများအား ဖမ်းဆီး ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိပြီး မန္တလေးမြို့ပေါ်မှာ မလိုလား အပ်သော ပြဿနာများ ဖြစ်ပေါ်လာခြင်းများအတွက် အဓိကဖမ်းဆီးမှုများကို လုပ်ဆောင်နေရကြောင်း၊ ယစ်မျိုး ပစ္စည်းအတွင်း ပါဝင်သော အရက်သေစာ လိုင်စင်မရှိဘဲရောင်းချနေသည့် နေရာများကိုလည်း ဖမ်းဆီးမှု များကို လုပ်ဆောင်နေကြောင်း၊ သို့မှသာ မှုခင်းဖြစ်ပွားမှု လျော့ကျသွားမည်ဖြစ်ကာ အမှုကြီးများလည်း လျော့ကျသွားမည် ဖြစ်သည်ဟု ဆိုသည်။

''အရက်တွေသောက်ပြီးရင် အရှိန်ရလာကြတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားတွေများ၊ ရန်တွေ ဖြစ်ကြ၊ ရိုက်ကြ၊ နှက်ကြနဲ့ ဖြစ်ကြတယ်။ အဲဒီကနေ စိတ်ကို မထိန်းချုပ်နိုင်ဘဲနဲ့ လူကိုသတ်တဲ့အထိ အမှု အခင်းတွေဖြစ်ကြတယ်။ ဒါကြောင့်မို့ အရက်ကိုလည်းဖမ်းရတယ်''ဟု ၄င်းက ဆက်ပြောသည်။

ထိုကဲ့သို့ ပြုလုပ်ခြင်းများအတွက် ပြစ်ချက်ဟောင်းရှိသူများ မှုခင်းများထပ်မံ မကျူးလွန်စေရန် ထိန်းသိမ်း ကြပ်မတ်ခြင်း၊ ပညာပေးခြင်းတို့ကိုလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။


Credit - Mizzima News

No comments:

Post a Comment