ယင်းဆွေးနွေးပွဲသည် ဂျာမနီနိုင်ငံ အခြေစိုက် Hanns Seidel Foundation ၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သည့် ပထမဆုံးဆွေးနွေးပွဲဖြစ်သည်။
အဆိုပါဆွေးနွေးပွဲများ ရရှိလာသည့် ဆွေးနွေးချက်များသည် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်နှင့် ဖယ်ဒရယ် နှင့် ဒီမို ကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက် နိုင်ရန်အတွက် များစွာအထောက်အကူ ဖြစ်လိမ့်မည်ဟု မြန်မာပြည်သူ့ ဖိုရမ်လုပ်ငန်းအဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးကျော်လင်းဦးက ပြောသည်။
မကြာမီကာလတွင် မြန်မာအစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြား တနိုင်ငံလုံး အတိုင်းအတာနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရးစာချုပ်ကို လက်မှတ်ထိုးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိရာ အဆိုပါ စာချုပ်ကို လက်မှတ်ထိုးပြီးနောက် ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဖယ်ဒရယ် ပြည်ထောင်စု စနစ်နှင့် ပတ်သက်သည့် အမြင်နှင့် သဘောထားများကို မလွဲမသွေ ဆွေးနွေးအဖြေရှာ ကြရမည် ဖြစ်သည်။ ထိုသို့ ဆွေးနွေးအဖြေရှာရာတွင် အဆင်သင့်ဖြစ်စေရန်အတွက် ကယားပြည်နယ်အတွင်းရှိ ပြည်နယ်အစိုးရ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ ကယား ပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အင် အားစုများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ ပါဝင်သည့် “ကယားပြည်နယ် ဖယ်ဒရယ် ရေးရာဆွေးနွေးပွဲ” ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည် ဟု မြန်မာပြည်သူ့ ဖိုရမ်လုပ်ငန်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Credit - Mizzima News
No comments:
Post a Comment