ရန်ကုန် (မဇ္ဈိမ)။ ။ စစ်အုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်နေသော
ကိုးကန့်ဒေသအတွင်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ရက်
(ဖေဖော်ဝါရီ ၂၅၊ ၂၆) အတွင်း အရာရှိ/စစ်သည် ၄ ဦး ကျဆုံးပြီး ၃ ဦး
ဒဏ်ရာရရှိခဲ့သည်ဟု ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် အစိုးရစစ်တပ်က
သတင်းထုတ်ပြန်လိုက်သည်။

(ဓာတ်ပုံ - အီးပီအေ)
နှစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကိုးကန့်တပ်ဖွဲ့က အလစ်ချောင်းပစ်ခတ်သည်ဟု အစိုးရစစ်တပ်က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ထံမှ သေဆုံးသူ ၁ဦး၊ အမ် (၂၂) ၁ လက်၊ တရုတ်လက်ပစ်ဗုံး ၅ လုံး၊ ကျည်မျိုးစုံ ၂၈၆ တောင့်၊ MNDAA ဝတ်စုံ ၁၃ စုံတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အစိုးရစစ်တပ်နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား ယခုလ ၉ ရက်က စပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment