ကျောက်တံတားမြို့နယ် NLD ဥက္ကဌ ဦးကျော်မိုးက ဗိုလ်ချုပ်အတွက် “လမ်း”အမည်ရှိ ကဗျာကို ရွတ်ဆိုပြီး ကဗျာဆရာ သော်ဇင်အုန်း၊ ကဗျာဆရာ ပိုင်သစ်နွယ် တို့ကလည်း အသီးသီး ကဗျာများ ရွတ်ဆိုခဲ့ကြပြီး ဗိုလ်ချုပ်၏ ဂုဏ်ပုဒ်များကို ထုတ်ဖော်ဂုဏ်ပြုခဲ့ကြသည်။
အဆိုပါ ရံပုံငွေဈေးရောင်းပွဲတွင် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် စာအုပ်များ၊ ဒီမိုကရေစီနှင့်ပတ်သက်သည့် စာအုပ်များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများ ရောင်းချခဲ့ကြ
သည်။
“ကျွန်တော်တို့ ဗိုလ်ချုပ်နှစ်တရာပြည့် မွေးနေ့အတွက် အကြိုရံပုံငွေ ရရှိအောင်ပြုလုပ်တာပါ၊ ဒါကလည်း အမျိုးသားခေါင်းဆောင်ကြီးရဲ့ နှစ်တရာမွေးနေ့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် တဖက်တလမ်းက ကူညီတဲ့ သဘောပါ၊ ဗိုလ်ချုပ်ကို ချစ်တဲ့သူတွေအတွက် ရည်ရွယ်ရောင်းချတာပါ”ဟု NLD အဖွဲ့ဝင်တဦးက ပြောသည်။
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)


No comments:
Post a Comment