Sunday, December 14, 2014

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် ဗဟိုညီလာခံကျင်းပ

ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးကို ဒီဇင်ဘာ ၁၃ ရက်မှ ၁၄ ရက်အထိ တော်ဝင်နှင်းဆီခန်းမတွင် နှစ်ရက်တိုင် ကျင်းပလျက်ရှိသည်။

631-NLD-Baho-Committee-Meeting-01-s
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ စတုတ္တအကြိမ် အစည်းအဝေးကို ဒီဇင်ဘာလ ၁၃ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပစဉ်။ (ဓာတ်ပုံ-သက်ကို၊ မဇ္ဈိမ)



ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အပါအဝင် NLD က ဖွဲ့စည်းထား သည့် ကော်မတီများနှင့် တိုင်းနှင့်ပြည်နယ်အလိုက် ဗဟိုကော်မတီအဖွဲ့ဝင်များက အစီရင်ခံစာများကို တင်သွင်းဖတ်ကြားမည်ဖြစ်သည်။

အစည်းအဝေးကို တက်ရောက်လာသည့် NLDဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “အခုတင်ပြလာမယ့် အစီရင်ခံစာတွေထဲမှာဆိုလို့ရှိရင် တိုင်းအလိုက် တိုင်းအလိုက် ပြည်နယ်အလိုက် ပြည်နယ်အလိုက် ကျွန်မတို့ အဖွဲ့ချုပ်က ဘယ်လောက်တိုးတက်မှုတွေ ရှိလဲဆိုတာကို မြင်တွေ့ ရမှာပါ။ ဒီတိုးတက်မှုတွေ ရှိသလားမရှိဘူးလာပေါ့နော်။ မရှိလို့ရှိရင်လည်း ဘာဖြစ်လို့မရှိဘူးလဲ။ ရှိရင်လည်း ဘယ်နှယ့်ကြောင့် ဒီလိုတိုးတက်မှုတွေ ရှိလာလဲဆိုတာကို ကျွန်မတို့က သင်ခန်းစာ ယူရမှာဖြစ်ပါတယ်”ဟုပြောသည်။

NLD အဖွဲ့ဝင်များအနေဖြင့် နေ့စဉ် ပြည်သူလူထုနှင့် ထိတွေ့ကာ လိုအပ်ချက်နှင့် မျှော်မှန်းမှုများကို အကောင်အထည် ဖော်ပေးနိုင်မှသာလျှင် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို ပြည်သူလူထုနှင့်အတူ လက်တွဲကာ ထူထောင်နိုင်မည်ဟု ၎င်းကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် လွှတ်တော်ရေးရာ လုပ်ငန်းကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ ပညာရေး ကွန်ယက်၊ ကျန်းမာရေး ကွန်ယက်၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ အလုပ်သမားရေးရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ၊ လူငယ်ရေးရာ လုပ်ငန်းအဖွဲ့နှင့် သတင်းနှင့် ပြန်ကြားရေး ကော်မတီများကို ဖွဲ့စည်းထားသည်။

Credit - Mizzima News

No comments:

Post a Comment