Sunday, December 14, 2014

မျိုးစောင့်ဥပဒေကြမ်း ၂ ခုကို ချင်းအမျိုးသားပါတီ ကန့်ကွက်

လာမယ့် ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးမယ့် မျိုးစောင့်ဥပဒေထဲက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာနဲ့ မြန်မာဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ၂ ခုကို ကန့်ကွက်ကြောင်း ချင်းအမျိုးသားပါတီက ဒီနေ့ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်မှာကျင်းပတဲ့ ချင်းတိုင်းရင်းသားတွေရဲ့ ဆွေးနွေးပွဲမှာ ချင်းအမျိုးသားပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောပါတယ်။


ဒီဆွေးနွေးပွဲကို ချင်းတိုင်းရင်းသား အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ချင်းခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေကလည်း တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်

ဒီနေ့လို ဆွေးနွေးပွဲမျိုးတွေကို နောင်မှာလည်းကျင်းပသွားဖို့ရှိပြီး လက်မှတ်ရေးထိုး ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့ (မ ဘ သ )ရဲ့ တောင်းဆိုချက်အရ အစိုးရကရေးဆွဲပြီး လွှတ်တော်ထံ တင်ပြထားတဲ့ မျိုးစောင့်ဥပဒေကြမ်း ၄ ခုဟာ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်း၊ လူဦးရေတိုးပွားမှု နှုန်းထိန်းညှိခြင်းဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ တစ်လင်တစ်မယားစနစ် ကျင်းသုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ ဖြစ်ပါတယ်။

Credit -  RFA Burmese

 
 

No comments:

Post a Comment