ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်းလူသတ်မှု သတင်း အုန်းအုန်းကျွက်ကျွက်ဖြစ်စေတဲ့ အထဲ ထိုင်းနိုင်ငံ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက် နှာက စီအက်စ်အိုင်အယ်လ်အေ CSI LA ဆိုတာ လဲ တစ်ခုအပါအဝင်ဖြစ်ပါတယ် Critical ဝေဖန် ပိုင်းခြားစဉ်းစားခြင်း၊ Skeptics – သံသယဖြစ်ခြင်း၊ Investigation– စုံစမ်းခြင်းလို့အဓိပ္ပာယ်ရှိတဲ့ စီ အက်စ်အိုင်အယ်လ်အေ (CSI LA) ဖေ့စ်ဘွတ်ခ်စာ မျက်နှာကို ၂ဝ၁၄ ဖေဖော်ဝါရီ ၂၅ ရက်မှာ စဖွင့်ခဲ့ ပြီး အစပိုင်းမှာ ကြိုက်သူပေါင်းထောင်ဂဏန်းသာရှိ ပေမယ့် ခိုတောင်ကျွန်းလူသတ်မှုအကြောင်း ပို့စ် တင်ပြီးတဲ့နောက် ပရိသတ်တွေ သိန်းချီရှိလာတာ ဖြစ်ပါတယ်။
မြန်မာလူငယ်နှစ်ယောက်က ဗြိတိန်စုံ တွဲကိုသတ်တဲ့အကြောင်း သရုပ်ပြနေပုံတွေ ထိုင်းတီဗွီတွေမှာ ပေါ်ထွက် လာပြီးတဲ့နောက် စီအက်စ်အိုင်အယ်လ်အေက ဒီလူငယ်နှစ်ယောက်သတ် တာ မဖြစ်နိုင်ဘူးဆိုတာကို ဓာတ်ပုံအထောက်အထား ဗီဒီယိုသက်သေ တွေနဲ့ တစ်ချိန်လုံးထောက်ပြခဲ့တာဖြစ်ပါတယ်။
ထိုင်းရဲက သက်သေအဖြစ်ထုတ်ပြလာတဲ့ စီစီတီဗီပေါ်ကပုံရိပ်တွေ ဟာ မသင်္ကာစရာတွေ အမြောက် အမြားတွေ့ရတဲ့အကြောင်း တချို့ သော စီစီတီဗီပေါ်က ပုံရိပ်တွေ ကို ထိုင်းရဲက ဖျောက်ဖျက်ထား ကြောင်း၊ ကျွန်းပေါ်ရှိတဲ့ စီစီတီဗီ ကင်မရာအလုံး ၇ဝလောက်ကို ထိုင်းရဲက စစ်ဆေးခြင်းမရှိတဲ့အ ကြောင်း၊ ကလပ်ပိုင်ရှင်သားနှစ် ယောက်ကိုလဲ ဒီအင်န်အေခေါ်မျိုး ဗီဇမစစ်ဆေးခဲ့ကြောင်း (နောက် ပိုင်းစစ်ဆေးခဲ့ရပါတယ်)၊ စီစီတီဗီ ပေါ်က အချိန်တွေကိုလဲ ထိုင်းရဲ က တစ်နာရီ နောက်ဆုတ်ထုတ် ပြန်ခဲ့တဲ့အကြောင်း စသဖြင့် စသ ဖြင့် စုံထောက်တစ်ယောက်လို အ ထောက်အထားတွေနဲ့ ဝေဖန်ထောက်ပြခဲ့တာပါ။
စီအက်စ်အိုင်အယ်လ် အေရဲ့ဝေဖန်ထောက်ပြချက်တွေ ဘယ်လောက်ပြောင်မြောက်ခဲ့သလဲဆို နောက်ဆုံး ထိုင်းရဲချုပ်ကိုယ်တိုင် မီဒီယာပေါ်တက်လာပြီး ခိုတောင်ကျွန်း လူသတ်မှုမှာ မြန်မာလူငယ်နှစ်ဦးဟာ တရားခံအစစ်ဖြစ်ကြောင်း၊ လူမှု ကွန်ရက်တွေက သံသယနဲ့ အမျိုးမျိုးပြောဆိုနေကြတာဟာ စိတ်ကူးနဲ့ မှန်းဆပုံဖော်တာတွေသာဖြစ်တဲ့ အတွက် ထိုင်းရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက် ချက်တွေအပေါ် ဝေဖန်တာပဲဖြစ်ဖြစ်၊ ထပ်ပြီး မျှဝေ(Share)တာပဲဖြစ်ဖြစ် အရေးယူခံရမယ်လို့ သတိပေးပါတော့တယ်။
ဒီမှာတင် အင်တာနက် ပေါ်က စုံထောက်ကြီး စီအက်စ်အိုင်အယ်လ်အေကလဲ သူဘယ်သူ ဘယ်ဝါဖြစ်ကြောင်း လူလုံးထွက်ပြလာပါတော့တယ်။
သူက ''ရွှေသားစစ်ရင် မီးလောင်မှာမကြောက်''လို့ကြွေးကြော်ပြီး သူ့ဓာတ်ပုံအစစ်နဲ့ ကိုယ်ရေးရာဇဝင်တွေကို နိုဝင်ဘာလ ၄ ရက်မှာ ထုတ် ဖော်ပြသလိုက်ပါတော့တယ်။
သူ့ရဲ့အမည်အရင်းဟာ ဒေးဗစ် ခေါ် ပရမုခ်အနန္တဆင်လ်ဖြစ်ပြီး အသက် ၃၆ နှစ်ရှိပြီဖြစ်ကြောင်း၊ ဇာတိမွေး ရပ်မြေမှာ ထိုင်းနိုင်ငံအလယ်ပိုင်း ချွန်းပူးရီးခရိုင်က ဖြစ်ပြီး အသက် ၁၈ နှစ် ကစလို့ နိုင်ငံခြားမှာ ပညာသင်ခဲ့တာမှာ အမေရိကန်နိုင်ငံ လော့စ်အိန် ဂျလိစ်တက္ကသိုလ်ကနေ အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဘာသာရပ်နဲ့ ကျောင်းပြီးခဲ့သူဖြစ်ကြောင်း၊ လက်ရှိအလုပ် အကိုင်မှာ ကျောက်မျက်ရတနာဒီဇိုင်နာနဲ့ ရောင်း ဝယ်ရေး လုပ်ငန်းရှင်ဖြစ်ပြီး Rotary Club လူမှုအသင်း ဥက္ကဋ္ဌဖြစ်ကြောင်း၊ သူဟာ လူမှုရေးကူညီမှုလုပ်ငန်းကို စိတ်ဝင်စားပြီး တရားမျှတမှုနဲ့ အမှန်တရားကိုမြတ်နိုး သူဖြစ်ကြောင်း ထိုင်းရုပ်သံတစ်ခုကို အင်တာဗျူးပေး ရင်း လူလုံး ထွက်ပြလိုက်တာဖြစ်ပါတယ်။
သူ့ကို ထိုင်းရဲတပ်ဖွဲ့က ကွန်ပျူတာအီလက်ထရွန် နစ်ဥပဒေ၊ တာဝန်ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ ဖော် ထုတ် အရေးယူသွားမယ်လို့ပြောထားပြီး သူကတော့ အမှားလုပ်ထားတာ မဟုတ်တဲ့အတွက် ကြောက်ရွံ့မှု မရှိကြောင်း၊ အမေရိကန်ရဲ့ သတင်း လွတ်လပ်ခွင့် ဥပဒေကလည်း သူ့ကို ကာကွယ်ပေးထားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က သူ့ကိုဘာမှမလုပ်နိုင်ကြောင်း၊ ထိုင်းရဲချုပ်ရော၊ ခိုတောင်ကျွန်းသူကြီးနဲ့ သူကြီးသားပါ သူနဲ့ မီဒီယာမှာ ရင်ဆိုင်တွေ့ဆုံနိုင်ကြောင်းပြောပြီး ရဲချုပ်ကိုပြန်စိန်ခေါ်လိုက်ပါတယ်။
အခုလတ်တလောမှာ သူ့ရဲ့လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာကို ဝင်ဖတ်သူ၊ နှစ်သက်သူ ဦးရေပေါင်း လေးသိန်းကျော်ရှိသွားပြီဖြစ်ပြီး စီ အက်စ်အိုင် အယ်လ်အေ CSI LA ဆို တဲ့ အကောင့်ပိုင်ရှင်ဟာလဲ ထိုင်းမှာ နာမည်ကြီးနေပါပြီ။
စီအက်စ်အိုင် အယ်လ်အေဟာ ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်းလူသတ်မှုနဲ့ ပတ် သက်တဲ့ သဲလွန်စဓာတ်ပုံ၊ အထောက် အထားတွေ၊ သတင်းအချက်အလက် တွေကို စုစည်းဖော်ပြပြီး ထိုင်းရဲတပ် ဖွဲ့ကို သံသယမေးခွန်းပေါင်း ၅ဝကျော် ပြန်ထုတ်ထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့ ကလည်း စီအက်စ်အိုင် အယ်လ်အေ အပါအဝင် ထိုင်းပြည်သူအများစုမေး တဲ့ မေးခွန်းတွေကို တိတိကျကျ မဖြေ နိုင်လို့ မယုံကြည်မှု၊ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
မြန်မာပြည်မှာ စီအက်စ်အိုင်အယ်လ်အေ CSI LA လို အကောင့် ပိုင်ရှင်တွေ အမြောက်အမြားပေါ်ထွက်လာစေချင်မိပါတယ်။ အင်တာ နက်ပေါ်မှာ လူမျိုးရေး ဘာသာရေး အမုန်းပွားစေမယ့် အကောင့်ပိုင်ရှင် တွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာမယ့်အစား အခုလိုမျိုးမတရားမှုကို ဝေဖန် ဆန်းစစ်ထောက်ပြတတ်တဲ့ အကောင့်ပိုင်ရှင်တွေ တစ်ယောက်ပြီး တစ်ယောက်ပေါ်ထွက်လာရင် ကောင်းလေစွလို့ တောင့်တမိတယ်။
အရေးကိစ္စတစ်ခုပေါ်လာရင် အွန်လိုင်းပေါ်တက်ပြီး အခြေအမြစ်မရှိတာ တွေ တစ်ယောက်တစ်ပေါက် ပြောချင်ရာပြော၊ လိုက်ချင်ရာ လိုက်၊ ရှယ် ချင်ရာရှယ်နေကြမယ့်အစား CSI LA လို အထောက်အထားခိုင်ခိုင်လုံလုံ နဲ့ ဆန်းစစ်ဝေဖန်ထောက် ပြနိုင်ရင် အကျိုးရှိပါတယ်။ မတရားလုပ်ချင် သူ တွေကို ဟန့်တားရာရောက်သလို နောက်ထပ် မတရားမလုပ်နိုင် အောင် ကာကွယ်ပေးရာလဲရောက်မှာပါ။ မြန်မာလူငယ် CSI LA အကောင့်ပိုင်ရှင်တွေ အမြောက်အမြားပေါ်ထွက်လာမယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်ဗျာ။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Credit - Yangon Media Group


No comments:
Post a Comment