Monday, November 10, 2014

လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကို အခမဲ့ပညာရေးအဖြစ်အကောင်အထည်ဖော်သွားမည်ဟုဆိုလာမည့်

လာမည့်ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကို
အခမဲ့ပညာရေးအဖြစ်အကောင်အထည်ဖော်သွားမည်ဟုဆိုလာမည့် ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကို
အခမဲ့ပညာရေးအဖြစ် အကောင်အထည်ဖော်သွားမည်ဟုဆို
===============================================

ရန်ကုန်၊ နိုဝင်ဘာ ၉

လာမည့်ပညာ သင်နှစ်တွင် အခြေခံပညာအထက် တန်းအဆင့်ကို အခမဲ့ပညာရေးအ ဖြစ် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါအထက်တန်းအခမဲ့ ပညာရေးကိုအကောင်အထည်ဖော် ရန် ဘက်ဂျက်ခွဲဝေသုံးစွဲမှုနှင့်ပတ် သက်ပြီးအစီအစဉ်များရေးဆွဲလျက် ရှိကြောင်း၊ အထက်တန်းအခမဲ့ ပညာရေးအတွက်ပြဋ္ဌာန်းစာအုပ်၊ ဗ လာစာအုပ်တို့ကို အခမဲ့ဖြန့်ဝေပေး သွားမည်ဖြစ်ကာ ကျောင်းလခ၊ မိဘ ဆရာအသင်းကြေး၊ ASL ကြေးများ ကိုကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ဆင်းရဲနွမ်းပါးကျောင်းသားကျောင်း သူများအတွက် ပညာသင်ထောက်ပံ့ ကြေးနှင့် ပညာရည်ထူးချွန်ကျောင်း သား ကျောင်းသူများအတွက် ပညာ သင်ဆုများကိုလည်း တိုးမြှင့်ထောက် ပံ့ပေးသွားမည်ဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီးအမှတ် (၁)အခြေခံပညာဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက''ဝန်ကြီးဌာနအနေနဲ့ အခြေခံပညာရေးကို အခမဲ့ပညာ ရေးအဖြစ် အကောင်အထည်ဖော် နိုင်ဖို့ ကြိုးစားနေတယ်။ အခမဲ့မူလ တန်းပညာရေးကနေစပြီး တဖြည်း ဖြည်းနဲ့ အခမဲ့ အထက်တန်းပညာ ရေးအထိ အကောင်အထည်ဖော် သွားမယ်။ အဲဒါကြောင့် လာမယ့် ပညာသင်နှစ်မှာ သေချာပေါက် အခမဲ့ အထက်တန်းပညာရေးကို အကောင် အထည်ဖော်ဖို့ အစီအစဉ်တွေ ရေး ဆွဲနေပါတယ်''ဟု ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ကျောင်း နေရွယ်ကလေးတိုင်း ကျောင်းနေ နိုင်ရေးအတွက် အခမဲ့အခြေခံပညာ ရေးများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့်အတွက် အခမဲ့မူလတန်းပညာရေးကို ၂ဝ၁၁ -၂ဝ၁၂ ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ရာ ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ်၌ ပြဋ္ဌာန်းစာ အုပ်၊ ကျောင်းသုံးဗလာစာအုပ် အခမဲ့အပြင် စာရေးကိရိယာလိုအပ် ချက်များ ဖြည့်ဆည်းရန် ကျောင်း သားတစ်ဦးလျှင် ငွေကျပ်တစ်ထောင် နှုန်းကိုလည်း ထောက်ပံ့ပေးခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''မိဘတွေအတွက်ကတော့ နည်းနည်း ဝန်ပေါ့သွားတာပေါ့။ က လေးတိုင်း စာသင်ကြားခွင့်ရအောင်၊ တချို့ဆို ကျောင်းအပ်ရမှာ ဝန်လေး နေတဲ့ သူတွေရှိတယ်။ အဲဒီလိုလူတွေ အတွက် သူတို့လုပ်ပေးနိုင်သလောက် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနေ တယ်ဆိုတာ မှန်တယ်။ နောက်ပြီး နိုင်ငံတော်က အလုံးအရင်းနဲ့ ကုန်ကျ သွားတယ်။ အဲဒီလိုကုန်ကျတာနဲ့ တကယ် အောက်ခြေမှာ အကျိုး ခံစားရဖို့ လိုတယ်။ တစ်ဖက်မှာလဲ ကျောင်းသားတွေ စာသင်ကြားခွင့် ရသွားပြီး တကယ်စာတတ်မြောက် ဖို့ကတော့ အားလုံး ဝိုင်းဝန်းကြိုး စားမှရမှာ''ဟု အထက်တန်း ကျောင်း အုပ်ဆရာကြီး ဦးတင်ခိုင်က ပြော သည်။

လာမည့်ပညာသင်နှစ်တွင် အ ခမဲ့အထက်တန်းပညာရေးကိုအ ကောင်အထည်ဖော်ဆောင်ရွက်ခြင်း နှင့်အတူ အလယ်တန်းအခမဲ့ပညာ ရေးကိုလည်း ယခင်နှစ်များအတိုင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အခမဲ့မူလတန်းပညာရေးတွင် ကျောင်းသားများကို ငွေကျပ် တစ် ထောင်အစားကျောင်းဝတ်စုံထောက် ပံ့ပေးနိုင်ရန်ဘက်ဂျက်သုံးစွဲမှုတွင်ထည့်သွင်းရေးဆွဲထားကြောင်း သိရ သည်။

CCT

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Credit -  Yangon Media Group

 
 

No comments:

Post a Comment