Monday, November 10, 2014

အမေရိကန်ပိတ်ဆို့အရေးယူမှုများကြောင့် တရုတ်နိုင်ငံ အကျိုးအမြတ်များရခဲ့

အမေရိကန်ပြည်ထောင် စု၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကြောင့် တရုတ်နိုင်ငံသာ အကျိုးအမြတ် ရရှိခဲ့ကြောင်း မြန်မာ့စီးပွားရေး သုတေသနစင်တာ ဒါရိုက်တာ ဒေါက်တာမြင့်ဆန်းက ပြော သည်။နိုင်ငံရေးအကျဉ်းသားဟောင်း များအဖွဲ့ နိုဝင်ဘာလ ၉ ရက်၌ ပြုလုပ်ခဲ့သော အမေရိကန်၏ စီး ပွားရေးပိတ်ဆို့မှု လျှော့ချခြင်း ကြောင့် မြန်မာလူထုအပေါ်သက် ရောက်မှုများ စကားဝိုင်းဆွေးနွေး ပွဲတွင် ဒေါက်တာမြင့်ဆန်းက ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

စစ်အစိုးရလက်ထက်က အ မေရိကန်နှင့် အနောက်နိုင်ငံများ ၏ စီးပွားရေးပိတ်ဆို့အရေးယူမှု များကြောင့် တရုတ်၊ ရုရှား၊  အာဆီယံနိုင်ငံများနှင့် မိတ်ဖက် ဖြစ် သွား ပြီး တရုတ်နိုင်ငံက စီးပွားရေး အကျိုးအမြတ်ပိုရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။


‘‘တရုတ်နိုင်ငံကဆိုရင် လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကို အကာအကွယ်ပေးတဲ့အတွက် မြန်မာရဲ့ စီးပွားရေးအခွင့်အလမ်း အများစုကို တရုတ်က ရသွား တယ်။ တရုတ်က ရသွားတဲ့အ တွက် ကျွန်တော်တို့ နိုင်ငံ ဘယ် လောက်ထိခံရလဲဆိုတာ အခုဖြစ် နေတဲ့ တရုတ်-မြန်မာစီးပွားရေး ပြဿနာတွေက မီးမောင်းထိုးပြ နေပါတယ်’’ဟု၎င်းကပြောသည်။မြန်မာစစ်အစိုးရကို စီးပွား ရေးပိတ်ဆို့အရေးယူမှုများမှာ ဒီ မိုကရေစီနှင့် လူ့အခွင့်အရေးလှုပ် ရှားမှုများအတွက် တွန်းအားပေး ခဲ့ခြင်းသာ ဖြစ်ပြီး စစ်အစိုးရအခြေခံအုတ်မြစ်များကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ကြောင်း ၀ပြည်သွေး စည်းညီညွတ်ရေးပါတီ (UWSP/ UWSA) ဗဟိုကော်မတီဝင်ဟောင်းနှင့် နိုင်ငံရေးဆောင်းပါးရှင် ဦး သန်းစိုးနိုင်က ဆွေးနွေးသည်။

‘‘ဒီအခွင့်အရေးတွေကို အ သုံးချနေတဲ့ နိုင်ငံတွေအများကြီးရှိ တယ်။ အိန္ဒိယကတော့ ပိတ်လိုက် ဖွင့်လိုက်ပေါ့ဗျာ။ သူ့အစိုးရပေါ် လစီနဲ့ ဆိုင်တာပေါ့။ တရုတ်နဲ့ ရုရှားက တောက်လျှောက် စစ်အာဏာရှင်အစိုးရကို ထောက်ခံခဲ့တာ။ အာဆီယံဆိုတာကလည်း နိုင်ငံ ရေးသဘောထားအရ  ညှိနှိုင်းစုစည်းထားတဲ့ အဖွဲ့မဟုတ်ဘူး။ EU လို မဟုတ်ဘူး။ တကယ်တမ်းပြောရရင် စီးပွားရေးအဖွဲ့အစည်းပဲ၊ ဒီတော့ စီးပွားရေးအရ အဆင်ပြေမယ်ဆိုရင် ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့သိပ်ဂရုမစိုက်ပါဘူး’’ဟု ၎င်းကသုံးသပ်ပြောဆိုသည်။

သို့သော် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကြောင့် စစ်အာ ဏာရှင်အစိုးရအသိုင်းအ၀ိုင်းကို အတိုင်းအတာတစ်ခုအထိ ထိ ခိုက်စေခဲ့ကြောင်းလည်း ဒေါက် တာမြင့်ဆန်းက ဆက်လက်ဆွေး နွေးသည်။
အမေရိကန်ပြည်ထောင်စု က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ရန် ပြည် ထောင်စုဥပဒေ ၅ခုနှင့် သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များကို ၁၉၉၀ နှင့် ၂၀၀၈ ခုနှစ်ကြားက ထုတ်ပြန် ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အရပ်သား အစိုးရလက်ထက်ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်ခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်အတွင်းက အမေရိ ကန်ပြည်ထောင်စုမှ ကုန်သွယ် ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ် ပင်ထားမှုအချို့ကို ဖြေလျှော့ပေး ခဲ့သည်။
 
Credit - 7DAY DAILY

No comments:

Post a Comment