Monday, May 18, 2015

ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် အတွက် အယူခံဝင်မည် မဟုတ်ဟုဆို

ရန်ကုန် မေ ၁၈။       ။ ကျောင်းသားသပိတ်လှုပ်ရှားမှုအတွက်  သာယာဝတီထောင်တွင် ထိန်းသိမ်းခံနေရသည့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင် အတွက်  အယူခံဝင်မည်မဟုတ်ဟု ၄င်း၏ မိဘများက မေ ၁၈ရက်က မဇ္ဈိမကို ပြောသည်။

ppa4



မဖြိုးဖြိုးအောင်၏မိခင် ဒေါ်သန္တာက”  ဖြိုးဖြိုးက အမှန်တရားအတွက်တိုက်ပွဲဝင်ခဲ့တာပါ၊ သူကအမှန်တရား လမ်းကြောင်းပေါ် လျှောက်တာဖြစ်တဲ့အတွက် အသနားခံစာ တင်မှာမဟုတ်ပါဘူး၊ဒါ့အပြင် အယူခံဝင်မှာလည်းမဟုတ်သလို အာမခံလျှောက်တာမျိုးလည်းလုပ်မှာ မဟုတ်ပါဘူး” ဟုဆိုသည်။

မဖြိုးဖြိုးအောင် သည် နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတွင်ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက်ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂  စသည့် ပုဒ်မများဖြင့်  တရားစွဲဆိုခံနေရခြင်းဖြစ်သည်။ 

မဖြိုးဖြိုးအောင်  ဖခင် ဦးနေ၀င်းက ‘သူတို့ကို မတရားဖမ်းဆီးထောင်ချ တရားစွဲတဲ့ အစိုးရကိုပြန်လည် တရားစွဲဖို့လုပ်မယ်လို့ပဲ ဖြိုးဖြိုးကပြောတယ်။ သူပြောတဲ့ အတိုင်းပဲ လုပ်ပေးသွားမယ်” ဟုဆိုသည်။

မဖြိုးဖြိုးအောင်သည်၂၀၀၇ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ) ပြန်လည်ဖွဲ့ စည်းရာတွင်ခေါင်းဆောင်တစ်ဦး အနေဖြင့်ပါဝင်ခဲ့ ပြီးမှော်ဘီ နည်းပညာတက္ကသိုလ်မှ တတိယနှစ် ကျောင်းသူ တစ်ဦးဖြစ်ပြီး ကျောင်းဆက်မတက်တော့ပေ။ ၂၀၀၇ရွှေဝါရောင်တော်လှန်ရေး ကာလမှာပင် ဗကသ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

အမျိုးသား ပညာရေး ဥပဒေကို ဆန္ဒပြသည့် ဒီမိုကရေစီ ပညာရေးသပိတ် ပင်မစစ်ကြောင်းမှ ကျောင်းသားနှင့် ထောက်ခံသူများသည် မတ်လ ၁၀ ရက်က လက်ပံတန်းမြို့မှ ရန်ကုန်သို့ချီတက်ရန် ကြိုးပမ်းစဉ်  အကြမ်းဖက် ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။

Credit - Mizzima News

No comments:

Post a Comment