Monday, May 18, 2015

ဖုန်းပြောခ၏ ငါးရာခိုင်နှုန်း အခွန်ဆောင် ရတော့မည်

နေပြည်တော်၊ မေ ၁၈။  ။ ဖုန်းဆင်းမ်ကတ်နှင့် ဖုန်းငွေဖြည့်ကတ်များအတွက် ကုန်သွယ်လုပ်ငန်းခွန် ငါး ရာခိုင်နှုန်း ကို ဇွန်လ ၁ ရက်မှ စ၍ ကောက်ခံသွားမည် ဟု ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်က မေ ၁၈ ရက်တွင် မီဒီယာသို့  ရှင်းလင်း ပြောကြားခဲ့သည်။
tax-for-phone



“ဒီအခွန်ကိစ္စကို ဧပြီ ၃၀ ရက်နေ့မှာ Ooredoo ၊ Telenor တို့နဲ့  ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်၊ အခွန် ကောက်ခံရာမှာ သုံးစွဲသူပြည်သူများ အလွယ်တကူ နားလည် ပြီး အဆင်ပြေချောမွေ့စေဖို့ ဖုန်းငွေဖြည့်ကတ် တန်ဖိုးနဲ့  ကတ်မှာဖော်ပြတဲ့ တန်ဖိုး မပြောင်းလဲဘဲ ကောက်ခံသွားမှာပါ၊ ဆင်းမ်ကတ်တန်ဖိုးရဲ့ ငါးရာခိုင်နှုန်း ကိုတော့ အော်ပရေတာကပဲ နိုင်ငံတော်ကို ပေးသွင်းရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့ ကောက်ခံရခြင်းမှာ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်တွင် ပြဌာန်းခဲ့ပြီး အသက်ဝင်ခဲ့သည့် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၅ (ဆ) အရ ဖြစ်သော်လည်း Ooredoo နှင့် Telenor တို့သည် ၂၀၁၄ သြဂုတ်လနှင့် စက်တင်ဘာလ တို့ တွင်မှ လုပ်ငန်းများအသီးသီး စတင်ခဲ့ကြသဖြင့် အစိုးရ အဖွဲ့ နှင့် လွှတ်တော်သို့  တင်ပြပြီး တစ်နှစ် ဆိုင်းငံ့ခဲ့ကာ လာမည့် ဇွန်လ ၁ ရက်နေ့ တွင်မှ အခွန်ဆောင်စေခြင်းဖြစ်ကြောင်း၊ ရရှိလာမည့် အခွန်ငွေကို ပြည်သူတို့ ၏ ကျန်းမာရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် အသုံးပြု သွားမည်ဖြစ်ကြောင်းလည်း အမြဲတမ်းအတွင်းဝန်က ဆိုသည်။


ထို ဖုန်းငွေဖြည့်ကတ်အခွန်ကို ဇွန် ၁ ရက်နေ့ မှစ၍ နိုင်ငံတော်သို့ ပေးဆောင်ရမည် ဖြစ်ပြီး အော်ပရေတာ သုံးဦး( MPT, Ooredoo and Telenor) တို့ ကမူ ဆင်းမ်ကတ်များအတွက်ပါ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။

ထိုသို့ ဖုန်းပြောခများအတွက် အခွန်ဆောင်ရာတွင် ၀၉၃၀xxxxxxx နှင့် ၀၉၃၁xxxxxxxxx နံပါတ်တို့ ဖြင့် စသည့် MEC ဖုန်းများလည်း ပါ၀၀်ပါသလားဟု သတင်းထောက်တစ်ဦး၏ အမေးကိုမူ အမြဲတမ်းအတွင်းဝန်က ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ကုန်သွယ်လုပ်ငန်းခွန် ဥပဒေသည် ဧပြီ ၁ ရက်နေ့ ကတည်းက အသက်ဝင်ခဲ့သော်လည်း Ooredoo Co နှင့် Telenor Co. တို့ က မေ ၃၁ ရက်နောက်ပိုင်းမှ သာ ဆင်းမ်ကတ်တန်ဖိုးများအတွက် ပေးသွင်းရမည်ဖြစ်ရာ ထိုအော်ပရေတာ နှစ်ဦးတို့ ၏ နှစ်လတာ ဆင်းမ်ကတ်ရောင်းအား ပမာဏအတွက် နိုင်ငံတော်က ကုန်သွယ်ခွန်မရတော့ခြင်းနှင့် MEC ဖုန်းများအတွက် ကုန်သွယ်ခွန် ဥပဒေ သက်ရောက်မှု ရှိ မရှိအပေါ် တိကျသည့်အဖြေ မရခြင်းတို့ အပေါ် ဝေဖန်ပြောကြား မှုများ ရှိနေသည်။

Credit - Mizzima News

No comments:

Post a Comment